ဆိုင်မှအပြန် Taeအား တိုက်ခန်းဆီသို့ ပြန်လိုက်ပို့ရင်း Jiminကို နှစ်ယောက်အတူ ဝင်နှုတ်ဆက်ကြသည်....ဘာလို့လည်းဆိုတော့ နောက် တစ်ပတ်လောက် ပြီးရင်း ကိုရီးယားသို့ ပြန်တော့မည့်အကြောင်းပြောရင်း Taeကို ကျွန်တော့်အိမ်သို့ ရွှေ့ ရန် လိုက်ခေါ်ခြင်း .....
Jiminအား နှုတ်ဆက်ပြီး မျက်နှာချင်းဆိုင် Taeအခန်းထဲသို့သွားကာ အင်္ကျီအဝတ်အစားများနှင့် လိုအပ်သည်များကို ထည့်ကာ အိမ်သို့ ထွက်လာခဲ့လိုက်သည် ....
Jungkook အိမ်သို့အရောက် ကြိုဆိုနေသည်က မီးမထွန်းထားသောကြောင့် မှောင်မည်းနေသော အိမ်ကြီး...
သူ တစ်ယောက်တည်းနေသည်ကို....."အထဲဝင်ကြမယ်လေTae" ဟု ပြောကာ အထုတ်များက်ု ဆွဲလျက် ဝင်သွားသောJeon.....
*အရင်ကအတိုင်း လုံးဝ မပြောင်းလဲသေးဘူးနော် Jeon*
Taehyungလည်း Jungkookအနောက်မှ နေ၍ သူ့အင်္ကျီအစလေး ဆွဲကာ လိုက်၍ဝင်ခဲ့သည် ....
မီးဖွင့်လိုက်တော့ မြင်ရသော အနေအထားလေးက မခမ်းနားသော်လည်း သပ်သပ်ရပ်ရပ် ရှိနေသော ဧည့်ခန်းလေး....
"Tae...ကိုယ့်အခန်းမှာ အိပ်မယ်မလား" အတည်ပေါက်ကြီးနဲ့ မေးနေသော Jungkookကြောင့် Taehyung လန့်သွားပြီး "ဟင်...Je..Jeon နဲ့ အတူတူလား" ဆို၍ ပြန်မေးတော့ ရယ်နေသော Jungkook.....
"Taeက ကိုယ့်ကို မယုံသေးဘူးပဲ...စိတ်ချပါ ကိုယ် ဘာမှ မလုပ်ပါဘူး "
Jungkook ပြောသော စကားများကြောင့် Taehyung စိတ်တော့ မကောင်းပေ....သူ့ကို မယုံတာ မဟုတ်ပါ ...သူ ထိုကဲ့သို့ လူမျိုး မဟုတ်မှန်းလည်း သိပါသည်....အခုက သူ ငေးကာ စဉ်းစားနေစဉ် ရုတ်တရက်
မေးလိုက်သောကြောင့်သာ ထိုကဲ့သို့ ဖြစ်သွားခြင်း ဖြစ်သည်....Taehyungလည်း Jungkook ပြသော အခန်းထဲသို့ ဝင်ပြီး တစ်နေကုန် ပင်ပန်းထားသောကြောင့် ခဏ အိပ်နေလိုက်သည်...
******
"Tae...ထတော့နော်...မိုးချုပ်ကြီး မအိပ်ရတော့ဘူး ခေါင်းမူးမယ်...ထတော့နော်"
အိပ်နေစဉ် ညင်ညင်သာသာ နိုးသံကြောင့် Taehyung နိုးလာကာ..ထိုအခါမှ ရေချိုးဖို့ ပြောသော Jungkook..
ထို့ကြောင့် Taehyungလည်း ရေအရင် ချိုးရန် ပြင်လိုက်သည်....Jungkookကတော့ သူ့တို့ ချစ်သူနှစ်ယောက်စားဖို့ရန် ညစာအတွက် ပြင်ရန် အောက်ပြန် ဆင်းသွားသည်...Taehyungတစ်ယောက် ရေချိုးပြီး ထမင်းစားခန်းထဲ သွားရို့ရန် အောက်ကို ဆင်းလာခဲ့လိုက်သည်...
ရောက်ရောက်ချင်း မြင်လိုက်ရသော စားပွဲပေါ်က ကင်ချီထမင်းကြော် ပန်းကန်လေးကြောင့် ဆာနေသော ဗိုက်က ပိုဆာ လာသလိုလိုပင်....
•Jeon...အခုထိ Taeအကြိုက် မမေ့သေးဘူးပဲ•
Jeonချက်ကျွေးသော ညစာကို ..Jeonနှင့်အတူ စားခွင့် ပြန်ရလိမ့်မည် ဟု မစဉ်းစားရဲခဲ့ပါ...အခုတော့ ပြန်ရခဲ့ပြီ..
ထိုအကြောင်းများ စဉ်းစားရင်း ဝမ်းသာမျက်ရည်များဖြင့် ငိုနေသော Taehyungကို "ဘာဖြစ်လို့လဲ..Tae" ဟု စိတ်ပူနေသော အသံလေးဖြင့် မေးနေသော Jungkook ...ငိုနေသော Taehyungကို သူ့ရင်ခွင်ကျယ်ကြီးထဲ ထည့်ကာ ချော့နေလေရဲ့....
"Tae ဝမ်းသာလ်ု့ပါ Jeon..အခုလိုမျိုး ပြန်ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့မိလို့လေ.."
ငိုထားသောကြောင့် မျက်ရည်များဝဲကာ နှုတ်ခမ်းလေး ခပ်စူစူ ဖြစ်နေသော Taehyungကို Jungkook ကြည့်ရင်း အသည်းယားလာကာ Taehyungရဲ့ ပါးလေးကို ညင်သာစွာ ကိုင်ပြီး နှုတ်ခမ်းလေးအား အပေါ်တစ်လှည့် အောက်တစ်လှည့် ကျွမ်းကျင်စွာ စုပ်နမ်းရင်း Taehyungရဲ့ တုံ့ပြန်မှုကို စောင့်နေသည်...
ခဏအကြာ Taehyungဘက်ကလည်း တုံ့ပြန်လာသောကြောင့် Jungkook တစ်ယောက် လျှာဖြင့် စဝင်လာရင်း နမ်းခြင်း လုပ်ငန်းစဉ် စသည်...
နှစ်ယောက်သား ကိုယ်စီ လျှာအချင်းချင်း လိမ်ပတ်ခါ စုပ်နမ်းနေကြရင်း မမောနိုင်ကြပဲ တဖြည်းဖြည်း အနမ်းများက ကြမ်းလာသည်...
အပြိုင် နမ်းနေကြရင်း Taehyung မောသွားသည် ထင်သည် Jungkookရင်ဘတ်အား အသာတွန်းရင်း လူချင်းခွာကာ အမောဖြေနေကြသည်......
ထို့နောက်.....
Jungkookက မဖြစ်သင့်သေးဘူး ဟု တွေးမိကာ စိတ်ကို ချုပ်ထိန်းရင်း Taehyung၏ ခေါင်းလေးအား ခပ်ဖွဖွ ပွတ်ပေးရင်း ချော့သိပ်ခါ ပွေ့ဖက်အိပ်စက်ခြင်းသို့..........
__________________
__________________
7 Sep 2019Long time No see...ဟီးဟီး
စာမေးပွဲနားနီးမှ ပြန်ပေါ်လာပါပီ
Typeထားတာလေး အရင်upခဲ့ပြီး စာမေးပွဲ ပြီးမှ
ပြန်လာခဲ့ပါမယ်💓
![](https://img.wattpad.com/cover/153158733-288-k425551.jpg)