Cry-8

2.2K 144 13
                                    

သူ၏အခန်းတွင်​ ​ခေါက်​လုပ်​​ခေါက်​ပြန်​ ​လျှောက်​​နေ​သော ChanYeol....
အချိန်​ကလည်း ည ၁၁နာရီပင်​ခွဲ​နေပြီပင်​ဖြစ်​​သော်​ငြား အခုထိမအိပ်​နိုင်​​သေး​ပေ ။

"ငါသွားကြည့်​ရင်​​ကောင်းမလား.....ဟားးး...
မဖြစ်​​သေးပါဘူး...ကြည့်​လိုက်​ရမလား.."

အခန်းနံရံကိုနားနှင့်​ကပ်​ လက်​ဖြင့်​​ထောက်​ကာ..
နားစွင့်​ကြည့်​​သော်​လည်း သူ၏အခန်းမှာ
အသံလုံအခန်းဖြစ်​​သော​ကြောင့်​ အပ်​ကျ သံ
ပင်​မကြားရ​ချေ...။

"အခန်း​တွေကလုံတယ်​ဆိုတာ ငါ​မေ့ပြန်​ပြီ....ကျစ်​..
ဘယ်​လိုလုပ်​ရမလဲ.. ..ငါ..ငါလွန်​ခဲ့တာပဲ​လေ..
လူစိတ်​​လေး​တော့ရှိရဦးမှာ​ပေါ့..သွားမယ်​.."

ပါးစပ်​ကသာ​ပြော​နေ​ပေမယ့်​ လက်​က​တော့အခုထိ BaekHyun အခန်းလက်​ကိုင်​ဘုကို ကိုင်​ထားဆဲ..

"မခုမုန်း​နေ​ပေမဲ့..တစ်​ချိန်​က သူငယ်​ချင်းပဲ​လေ...
မုန်းတဲ့စိတ်​ကိုခဏ​ဖျောက်​ထား ChanYeol
မင်းလုပ်​နိုင်​ပါတယ်​....အွင်း.."

ကိုယ့်​စိတ်​ကို​ဖြေ​လျော့ပြီး ​ခြေသံလုံစွာ အခန်းထဲကိုဝင်​သွားလိုက်​​တော့...
အရမ်း​အေးသလိုခံစားရ၍ ကြည့်​လိုက်​​သောအခါ
အိပ်​ရာခင်း​တွေ အဝတ်​အစား​တွေ ​ပြောင်းလဲ​ပေးထား​ပေမဲ့ မ​ပြောင်းလဲသည်​က air-con ပင်​ဖြစ်​သည်​။
သူထားခဲ့သည့်​အတိုင်းပင်​ 16 ဆိုသည့်​ဂဏန်း​လေးက​တော့​ပြောင်းလဲသွားခြင်းမရှိ​ပေ ။

"ဟာ...ဟို​ကောင်​​တွေကလည်း air-con ကိုမ​လျော့သွားကြဘူး..ဖျား​နေတယ်​လည်း​ပြော​သေးတယ်​..​တော်​ကြာ သူ​သေ​နေရင်​ ငါ့ကိုအမှု့ကလာရစ်​​နေဦးမယ်​..ကျစ်​..စိတ်​ပျက်​ဖို့​ကောင်းတယ်​ကွာ..."

စိတ်​ပူ​နေရမဲ့အစား ရက်​စက်​​သော စကားအသုံးအနှုန်းဖြင့်​ ကျစ်​ တစ်​ချက်​စုပ်​လိုက်​​သော ChanYeol...

ထို့​နောက်​ Air-con ကိုပိတ်​ပြီး Heater ဖွင့်​​ပေးကာ အတန်​ငယ်​​နေပြီးမှ BaekHyun ၏အခန်းထဲမှထွက်​ခွာသွား​လေသည်​ ။

ဤသို့ဖြင့်​ BaekHyun ​ကျောင်းမတက်​နိုင်​ပဲ အိမ်​မှာပဲ​နေသည်​မှာ တစ်​ပတ်​ခန့်​ပင်​ရှိသည်​ဖြစ်​သည်​။
ထိုသို့တစ်​ပတ်​ခန့်​ကြာမြင့်​​သော်​လည်း သူ၏
မိဘများအားအ​ကြောင်းကြားခြင်းတစ်​ဆုံတစ်​ရာမရှိ...
သူငယ်​ချင်းများအားလည်းသွားမ​ပြောရန်​တားမြစ်​ထား​လေသည်​..။

CryWhere stories live. Discover now