"Baekhyun....မင်းတကယ်ပြောနေတာလား...ငါတို့ကိုနောက်နေတာလား...."
"ဟင့်အင်း....ငါမနောက်ဘူး Kyungie အတည်ပြောနေတာ....ငါ့ကိုမမြင်ချင်တဲ့သူတစ်ယောက်ကို ငါဂရုမစိုက်ချင်တော့ဘူး....သူ့မှာဂရုစိုက်ပေးမဲ့ ကောင်မလေးတွေပေါပါတယ်ကွာ....ငါမရှိလို့သူ့မှာဘာမှဖြစ်မှာမဟုတ်ဘူး"
Chen တောင် အံ့သြသွားရလောက်တဲ့အထိကို ပြတ်သားလွန်းသော BaekHyun .......
ဘယ်လိုဖြစ်ပြီး ဒီလိုဆုံးဖြတ်ချက်မျိုးချလိုက်သလဲဆိုတာလည်း BaekHyunမှလွဲ၍မည်သူမှမသိချေ ။"ဘာလို့အဲ့လိုဆုံးဖြတ်ချက်ချလိုက်ရတာလဲ BaekHyun...ရုတ်တရက်ကြီးဆိုတော့ ငါတောင်နားမလည်တော့ဘူး..."
"အဲ့တာတော့ ငါမပြောချင်ဘူး Chen...ဒါပေမဲ့ ငါအဲ့လိုဆုံးဖြတ်လိုက်တာ သူ့အတွက်ရော ငါ့အတွက်ရောကောင်းမယ်လို့ ငါထင်လို့ပါ..."
"ပြသာနာတစ်ခုကို အဲ့လိုတစိယောက်ထဲဖြေရှင်းတာနဲ့ ပြီးမယ်လို့ထင်လား BaekHyun..."
"ထင်တယ်....ငါလုံးဝထင်တယ် Kai...ငါယုံကြည်တယ် ငါ့ဆုံးဖြတ်ချက်မမှားဘူးဆိုတာ...."
Kai တစ်ယောက်ရှေ့ဖြစ်မဲ့ပြသာနာတွေကို ကြိုစဉ်းစားမိပြီးမေးလိုက်သော်လည်း ယုံကြည်မှု့အပြည့်ရှိသော BaekHyun ကိုသူမတားရက်ပေ ။
"မင်းသဘောပါပဲ...ငါကတော့မတားလိုပါဘူး...ဒါပေမဲ့မင်းကိုယ့်ကိုကိုယ်တော့ဂရုစိုက်..."
"အင်းပါကွ...ငါကျန်းမာပါတယ်...ငါဘာမှမဖြစ်ပါဘူး အဲ့တော့ငါ့အတွက်ဘာမှစိတ်မပူကြနဲ့နော်..ဟီးဟီး"
"ရယ်နေ ရယ်နေ သိလား....မင်းချောကလတ်တွေငါစားဦးမှာ..."
"ဘယ်မှာလဲ ချောကလတ်....ငါလည်းစားမယ်လေ.."
"ငါ့အိတ်ထဲမှာရှိတယ် Kai....ယူစားလိုက်...SeHun မင်းကတော့နည်းနည်းများနေပြီလို့မထင်ဘူးလား"
"မများပါဘူး အမှန်တကယ်ဆို ဘေဘီက ဝေစုတစ်ဝက်တောင်ရဦးမှာ ကိုကိုရဲ့..."

YOU ARE READING
Cry
Novela Juvenil"မင်းငါ့နာမည်ကိုမခေါ်နဲ့...မင်းပါစပ်ကထွက်တဲ့စကားလုံးမှန်သမျှကို ငါမုန်းတယ်...arnyi မုန်းတာထက်ပိုလိမ့်မယ်..hak.." Park ChanYeol... "အဲ့လိုမဟုတ်ပါဘူး Yeol ရယ်...ငါ ငါ ရှင်းပြတာလေးနားထောင်ပေး ပါနော်...ငါ ငါ အဲ့လိုလူမျိုးမဟုတ်ပါဘူ...