"SeHun yaa... .. သူတို့ဘာတွေရေးထားလဲဆိုတာဖွင့်ဖတ်ကြည့်ကြမလား..."
"အေး....ပြင်းနေတာနဲ့အတော်ပဲ ဖတ်ကြတာပေါ့...အွင်း ဘယ်ဘူးကို အရင်ဖွင့်ချင်လဲ..."
ဘူးနှစ်ဘူးကိုင်ကာ ဟိုကြည့်ဒီကြည့်လုပ်လိုက်ပြီး အပြာရောင်ဘူးကြီးကိုရွေးလိုက်လေသည် ။
"ဒီဘူးကြီးကို အရင်ဖွင့်ကြမယ်လေ..."
"Ok...ဖွင့်ပြီနော်..."
ဘူးကိုဖွင့်လိုက်သောအခါ ထွက်လာသော စာအိတ်လေးများနှင့် ချောကလတ်ပေါင်းများစွာ...
''အတော်ပဲ ချောကလတ်စားချင်နေတာနဲ့...ဟားဟား"
"မကျွေးပါဘူး...ငါ့ကိုပေးတာ ငါအကုန်စားပစ်မှာ"
"စိတ်ပုတ်...😒...."
နှုတ်ခမ်းကြီးကိုမဲ့ကာ ဟိုဘက်လှည့်သွားသော SeHun သည် ကလေးမုန့်မရသောမျက်နှာနှငိ့တူသောကြောင့်..ဒီလိုမျိုးလေး စလိုက်မိသည် ။
"SeHun....Sehunnie လို့...."
"------------------------"
"aww....ချောကလတ်မကျွေးလို့ ကိုကို့ ဘေဘီ Sehunnie က စိတိကောက်သွားတာလား"
အနောက်ကနေ ရုပ်တည်ကြီးနဲ့နောက်နေသော Baekhyun ကိုတွေ့ပြီး အရင်ကထက်စာရင်အခြေအနေပြန်ကောင်းလာပြီဟုထင်မိသည် ။
သို့သော်ငြားလည်း ထိုထင်မြင်မှု့သည် . . . . .
"ကောက်မှာပဲ ကိုကိုက ဘေဘီကို့ ချောကလတ်မှ မကျွေးတာ...ဟင့်.."
လိုက်လည်းလိုက်ပါပေတဲ့သူငယ်ချင်းတွေ တစ်ယောက်ပြောသည့်အတိုင်း နောက်တစ်ယောက်က follow လိုက်၍ပြန်ပြောသည် ။
"ဟား....ဟား....SeHun yaa...မင်းဟာက ရုပ်ကြမ်းကြီးနဲ့..ဟား...ဟား....😂.."
SeHun က သူ့အတိုင်းလိုက်နောက်သောကြောင့် မိန်းကလေးလို့ ချွဲချွဲနဲ့နဲ့ပြောပြန်တော့ ရုပ်ကြမ်းကြီးနဲ့ဆိုကာထရယ်သော သူကြောင့် SeHun မှာအမြင်ကတ်ကတ်ဖြင့် ချောကလတ်တစ်ခုအား.ဖောက်စားလေတော့သည်။

YOU ARE READING
Cry
أدب المراهقين"မင်းငါ့နာမည်ကိုမခေါ်နဲ့...မင်းပါစပ်ကထွက်တဲ့စကားလုံးမှန်သမျှကို ငါမုန်းတယ်...arnyi မုန်းတာထက်ပိုလိမ့်မယ်..hak.." Park ChanYeol... "အဲ့လိုမဟုတ်ပါဘူး Yeol ရယ်...ငါ ငါ ရှင်းပြတာလေးနားထောင်ပေး ပါနော်...ငါ ငါ အဲ့လိုလူမျိုးမဟုတ်ပါဘူ...