Part.15

9.1K 1.3K 427
                                    


ိမ်ဖြူလေးရဲ့အခန်းတွင်းမှာ
ပွယောင်းနေသောဆံပင်နက်နက်လေးတွေ
မို့အစ်နေသောမျက်ဝန်းလေးတစ်စုံက
မလှုပ်တလှုပ်
စားပွဲပေါ်မှာအိပ်ကောင်းနေဆဲ...

ဗိုက်ထဲကတစ်စုံတစ်ရာကြောင့်လန့်နိုးလာရသည်..။

"ဂြီ'''

တညလုံးmangaရေးနေမှုကြောင့်
ခဲတမျက်လုံးများပွင့်ကိုမပွင့်တော့..

ဗိုက်ကလဲဆာလို့သေတော့မယ်..။

ဒါပေမဲ့လဲရေခဲသေတ္တာမှာတကယ်ကို
နာမည်နဲ့လိုက်ဖတ်စွာရေခဲပဲရှိနေသည်မလို့

အပြင်ထွက်ဈေးသွားမှဖြစ်တော့မည်ပဲ..

အရင်ကဆိုခရမ်းကောင်က
ဝယ်ပြီးဖြည့်ပေးနေကြ....။

ခေါက်ဆွဲဒိတ်လွန်ဆိုလျှင်တောင်
သူကြိတ်မှိတ်စားဦးမယ်..။

ဟူး..ပျင်းလိုက်တာ ..

ဘတ်စ်ကားမှတ်တိုင် ထိရောက်အောင်
သွားရင်းဘတ်စ်ကားစီးပြီးမြို့ထဲအရောက်
ခေါင်းထဲသတိရသွားသည်က

ငါမျက်နှာ မသစ်ရခဲ့သေးဘူးပဲ!!

ပလတ်ဖောင်းပေါ်တတ်ကာ
ဟိုဒီစဉ်းစားနေရင်း

"ရိုနော်...''

ကြားလိုက်ရတဲ့..ခပ်နွဲ့နွဲ့အသံကြောင့်
အပွင့်ညဝတ်ဘောင်းဘီရှည်ဖြင့်မျက်လုံးမှိတ်ကာ
လမ်းလျှောက်နေခြင်းအမှုကိုရပ်လိုက်လေသည်...။

သူများလား???

စာအုပ်အပြီးသတ်မှသွားတွေ့ဖို့လုပ်ထားတာမလို့
မတွေ့ရတာတပတ်ကျော်ရောပေါ့..။

ဒါနဲ့..
ရိုကသူတယောက်ထဲရှိတာမှမဟုတ်ဘဲကို..။
ရိုဆိုတဲ့ဂျပန်နာမည်တွေများပေါလွန်းလို့ကို...။

ဒါပေမဲ့
ကနေဒါနိုင်ငံရောက်နေတာလေရော်..။

အတွေးနဲ့အတူ
အသံလာရာဘက်သို့ဦးတည်လိုက်လေသည်..။

ထင်းခနဲမြင်လိုက်ရသည်က
အင်္ကျီ အဖြူဆွတ်ဆွတ်လေးနဲ့ဘောင်းဘီအနတ်ဖြင့်
ရပ်နေကာ
ရွှေညိုရောင်ဆံပင်တွေက သပ်ရပ်စွာ
နာရီအကောင်းစားတစ်လုံးသာရိုးရှင်းစွာဝတ်ထားပြီး
မျက်နှာချောချောက တကယ်ကို
ကြည့်ကောင်းသည်ထက်ပိုနေသောဆန်တာ..

မာယာသီချင်းသည် (Sakura Dancing in the Rain)Where stories live. Discover now