Zawgyiမိုင်ထောင်ချီဆိုတဲ့.ဝါကျတစ်ခုကို
လျစ်လျူရှုရင်း
သူ့အငွေ့အသက်လေးများ..ရှိလိုရှိညား
လေပြေရိုင်းကို..ဖမ်းဆုပ်လို့လက်လှမ်းလေတယ်..အရူးတစ်ယောက်ရဲ့အိပ်မက်ငယ်.
မာယာသီချင်းသည်..
"လိုတာရှိငါ့ကိုလာပြောနော်
ဆာဝါမူရာ..''"အင်းပါ.
တခုခုလည်းစားထား..ခဲတ''ဆာဝါမူရာရင်ခွင်ထဲငြိမ်သတ်နေသည့်
ကိုယ်ငယ်လေးကိုကြည့်ရင်း
ကိုယ့်ခုံကိုပြန်လာလိုက်သည်..။လေယာဉ်စီးဖူးစမလို့..ခေါင်းအနည်းငယ်
နောက်နေသလို..အိပ်မှသက်သာမည်ထင်သည်..။
လေယာဉ်ပေါ်ကလှမ်းအကြည့်
တစွန်းတစလှမ်းမြင်နေရသေးသည့်
အမိမြေကို..တွေ့တော့
တစ်စုံတစ်ယောက်ကိုလွမ်းလာသလိုလို..ထားလိုက်ပါ.။
မဖြစ်သင့်တဲ့အရာတွေ
စောစောစီးစီးထဲကဖြတ်တာကောင်းတယ်..။ခုံပေါ်အသာလှဲရင်း
မျက်လုံးများကိုမှိတ်ကာအိပ်လိုက်တော့သည်..။ဂျင်းရော..သူငယ်ချင်းမင်း
အဆင်ပြေပါ့မလား??ဘယ်လောက်ကြာအောင်
အိပ်မိလဲမသိ...။ဆင်းဖို့မိနစ်အနည်းငယ်အလိုမှ
သတိပေးသံနဲ့အတူနိုးလာခဲ့သည်.။နိုးလာတော့...ခေါင်းကြည်အောင်
မျက်နှာသွားသစ်လိုက်သည်..။ခုံရှိရာပြန်အလာ
မွှေးပျံပျံအသီးဖျော်ရည်လေးတစ်ခွက်က
အလိုအလျောက်ရောက်နေသည်..။ဆာဝါမူရာမှာပေးတာများလား??
သောက်ဖို့ တွေးနေတုန်း
"သောက်လိုက်ပါ
တလမ်းလုံးအိပ်တာညောင်းပြီပေါ့''ဖန်ခွက်တောင်လွတ်ကျမတတ်
ဘေးဘက်မှာ
ကျနော့်ဘေးဘက်ထိုင်ခုံမှာ
ရောက်နေသူက..ကာကီရောင်အနွေးထည်ကုတ်အရှည်နဲ့
ရို..တချိန်လုံးဘေးမှာရှိနေခဲ့တာလား??ဒါမှမဟုတ်..ကျနော်
ခုထိအိပ်ပျော်နေတာများလား??"ခင်ဗျား''
YOU ARE READING
မာယာသီချင်းသည် (Sakura Dancing in the Rain)
General Fictionဆာကူရာဟာ မတည်မြဲမှန်းသိပါလျက် မြတ်နိုးခဲ့သူ ကိုယ့်အတွက် မင်းဟာ Japanese / Psychosis (Own Craetion)