Part.7

7.8K 1.1K 296
                                    

Zawgyi

နောက်ကျပြန်ပြီကွာ!!

စိတ်ပျက်လက်ပျက်အော်မိကာ
Mangaစာအုပ်အား..လွယ်အိတ်ထဲထိုးထည့်ရင်း

ကျောင်းဝတ်စုံတောင်မလဲနိုင်
အချိန်ပိုင်းအလုပ်ဆီ..ခဲတအမြန်ပြေးရသည်..။

ကျောင်းဆင်းချိန်ညနေ4နာရီရောက်မှ
အတိအကျအသစ်ထွက်သည့်
ဒီmangaစာအုပ်အားလည်း..သောက်မြင်ကတ်လှပြီ

မေမေဖွင့်ထားသည့်အိမ်ဆိုင်လေးက
မုန့်ဖိုး..ကျောင်းစရိတ်လောက်သော်လည်း
Mangaဖိုးကြတော့မလောက်..၊

မလောက်ဆို
တပတ်ကို...ဆယ်အုပ်လောက်ဝယ်နေတာကို!!

ဘာလို့များအဲလောက်ဖတ်ချင်အောင်
ရေးတတ်ကြမှန်းကို..မသိ..။

ဒါနဲ့ဒီနေ့အပိုင်းမှာကျနော့်မင်းသားလေး
သေသွားမှာများလား..??

သနားပါတယ်..
အလုပ်မြန်မြန်ပြီးမှဖတ်ရမယ်..

အလုပ်လုပ်သည့်..ဂျပန်ရိုးရာ
စားသောက်ဆိုင်လေးအရောက်
အကြောင်းသိနေသည့်..မန်နေဂျာအမအား
သွားဖြီးပြကာ..စားပွဲထိုးဝတ်စုံလဲရသည်..။

"နံပါတ်31ကိုသွားပို့ပေးး
VIPတွေသေချာဆက်ဆံနော်''

ခေါင်းတစ်ချက်ငြိမ့်ပြရင်း
ဂျပန်ရိုးရာစားသောက်ဆိုင်ပီပီ
အခန်းလေးတွေလုပ်ထားသည်မလို့
တံခါးရွက်အား..အသာတွန်းဖွင့်လိုက်သည်..။

အခန်းထဲမှာ
ကောင်မလေး...တစ်ယောက်နဲ့
ကောင်လေးတစ်ယောက်က
မျက်နှာချင်းဆိုင်... ထိုင်နေကြသည်..။

အတွဲတွေဖြစ်ပုံပေါ်တာမလို့
စိတ်ထဲတွေးမိကာ
စားစရာတွေချပေးနေလိုက်သည်..။

".နေ့တိုင်းတူတူစားရအောင်လေနော်
ဖေဖေက..ခဏတိုင်းလာလာပြောနေလို့
ဟင်း''

ဒီမိန်းကလေးကဘာလား!!

ဟိုဘက်က...တယောက်ကတော့
ဘာမှပြန်ပြောသံမကြား..

"ဒီဆိုင်ကယာကီဆိုဘာက..သိပ်အရသာရှိတာလေ..
ထည့်စားကြည့်ပါလား''

ဟင်းတွေချပေးသည့်..ခဲတလက်ကိုတောင်
ဘယ်နားထားရမှန်းမသိ..လောက်အောင်..

မာယာသီချင်းသည် (Sakura Dancing in the Rain)Donde viven las historias. Descúbrelo ahora