Yin♥Yang
လှပကာ..စူးရှသောမျက်ဝန်းများကို
ပုလဲရောင်ဖြင့်အနားစပ်တလျှောက်
..ခပ်သဲ့သဲ့ခြယ်သ ထားသည်..။ဖိမှိတ်ထားသော..မျက်ခွံကတော့
အနီဖျော့ဖျော့ခြယ်ကာ
မျက်လုံးထောင့်စွန်းကိုအနီရင့်ရင့်အစက်များဖြင့်
ခပ်ရှည်ရှည်ဆွဲလိုက်သည်..။ဖြူသော
ပါးနှစ်ဖတ်ကလည်း..မျက်ဝန်းနည်းတူ
ပုလဲမှုန်များပြေးလျက်..။ပိရိလှပသည့်..နှုတ်ခမ်းတစ်စုံကိုတော့
သူမအကြိုက်ဆုံးအနီရဲရဲဆိုးလိုက်ကာလှပစွာထုံးဖွဲ့ထားသည့်ဆံထုံးအား.
တချက်ပြန်သပ်ရင်း
ရွှေမှုန်များ..အနည်းငယ်ကြဲကာဖြူးလိုက်သည်..။အဆုံးသတ်အနေဖြင့်
အနီရောင်ကြာပန်းခက်များကို.
ရွှေရောင်ဖြင့်အနားသတ်ထားသော
ကီမိုနိုအားအချိုးအဆစ်ကျလှသည့်ပန်းပုရုပ်ပမာ
ကိုယ်ပေါ်တွင်
သေသပ်စွာ..ဝတ်ပြီးသည်နှင့်ရှေ့မှမြင်နေရသည့်
ကိုယ်လုံးပေါ် မှန်ကိုတချက်ကြည့်လိုက်တော့ဘေးနားမှာရပ်နေကြသည့်
မိန်းကလေးများက...သူမအား
အံသြတသြငေးမောနေကြလေသည်..။"လှရက်လွန်းတယ်
သခင်မရိုကိုစံရယ်..''"တကယ်ကိုပန်းချီအလားပါပဲသခင်မ''
"အိမိတော်သခင်မဆိုတဲ့အတိုင်း
ကျက်သရေရှိလွန်းတယ်''သူမကျေနပ်စွာတချက်ပြုံးရင်း
ထိုးစိုက်ထားသည့်
နဂါးပုံဆံထိုးအား..ဖြုတ်လိုက်သည်..။"ဒီဆံထိုးမလိုချင်ဘူး.
လိပ်ပြာပုံ..ဆံထိုးပဲပေးစမ်း..''အမြဲတစေတန်ဖိုးကြီးသစ်လွင်သည့်
အသုံးအဆောင်သာထိတတ်သည့်သခင်မက
အခုလို..အရေးကြီးသည့်ပွဲတော်ရက်များတွင်ထို..ဟောင်းနွမ်းနေသည့်
လိပ်ပြာပုံဆံထိုးကိုသာ
ဘာလို့သုံးမှန်း..စဉ်းစားမရကြ..။"ဟိုသခင်မရယ်
ဒီလိုပွဲကြီးမျိုးမှာနဂါးပုံဆံထိုးပဲသင့်လျော်ပါတယ်
ဟောင်းနေတဲ့အဲဆံထိုးက..'"ဖြန်း..''
ဝင်ပြောမိသည့်ကောင်မလေးသည်
သခင်မရဲ့မီးဝင်းဝင်းအကြည့်နဲ့အတူ
ŞİMDİ OKUDUĞUN
မာယာသီချင်းသည် (Sakura Dancing in the Rain)
Genel Kurguဆာကူရာဟာ မတည်မြဲမှန်းသိပါလျက် မြတ်နိုးခဲ့သူ ကိုယ့်အတွက် မင်းဟာ Japanese / Psychosis (Own Craetion)