Zawgyi
"အင့်..ကိုကို..''
"ကိုယ်ရှိတယ်ကလေးး
ဘာလို.သေးလဲ..နာသေးလား''ရေပန်းအောက်မှာ
နှစ်နာရီကျော်..လှဲနေခဲ့ခြင်းကြောင့်
အအေးပတ်ကာ..ဖျားတော့သည်..။ဆေးထိုးမယ်ပြင်တော့
မျက်ရည်တွေပြည့်နေသော...
မျက်ဝန်းကြည်ကြည်လေးများက
ကျောက်သလင်းလေးတွေ..သဖွယ်
တဖိတ်ဖိတ်လက်နေသည်..။သူ့ကိုကိုနာမည်ခေါ်ရင်း
ခွေးပေါက်လေးလို..တအီအီငြီးပြနေတော့..အစိုးရိမ်ကြီးနေသည့်သူ့ကိုကိုက
ထိုင်မရထမရ..။
ဆေးထိုးအပ်ကိုလူသာဆို..ဆွဲပင်ထိုးမည့်ပုံ..။"မနာအောင်ဆေးထိုးလို့မရဘူးလား
အဲအပ်က''အဲအပ်မပေါ်သေးပါကြောင်း
စိတ်ပေါက်ပေါက်နဲ့..ပြန်ပြောဖို့ပြင်သော်လည်း
မျက်လုံး စိမ်းကြီးများနဲ့ကြည့်နေတာကြောင့်
ဆရာဝန်..ဒီဘက်ပြန်လှည့်ရသည်..။အဖြစ်ကိုသည်းလွန်းတယ်.။
ဆရာဝန် ပြန်သွားသည်နှင့်
လက်ဖြူဖြူလေးကို..မနာအောင်
ဖိကာကြိတ်ပေးမိသည်..။လှဲအိပ်နေသော မျက်နှာလှလှလေးပေါ်
ငွေဖြူရောင်ဆံနွယ်လေးများ
ဖြာကျနေတာကြောင့်ကြိုးတစ်ခုယူရင်းဆံပင်လေးတွေကိုအသာ
စည်းပေးနေလိုက်တော့
အလိုက်တသင့်..ခေါင်းလေးကို
ဟိုဘက်.လှည့်ပေးထားသည်..။"အင့်..''
ဘေးတစောင်းကြီး အိပ်နေရင်းမှ
ငိုသံတိုးတိုးလေးကြောင့်
ရှင်း..စိုးရိမ်စိတ် ကအလိုလိုဆွဲလှည့်ပြီးသား..."ဘာဖြစ်လို့လဲ ဂျင်းလေး
ဆေးထိုးတာနာလို့လားးဟုတ်လားး''ခေါင်းကိုအတွင်တွင်ခါရမ်းရင်း
ရှင်းရင်ခွင်ထဲ..ကြောင်ဖြူလေးလို
တိုးကာဝင်လာတာကြောင့်
အလိုက်သင့်ပြန်လည်ပွေ့ထားမိသည်..။"ဂျင်း..ဂျင်းဒီထက်ပိုပြီး..ဟင့်
မ..မလုပ်နိုင်တော့ဟင့်..''ငိုရင်းပြောနေသော
ဗလုံးဗထွေးအသံတွေကိုတစွန်းတစကြားရသော်လည်း..သိပ်တော့နားမလည်..။
ESTÁS LEYENDO
မာယာသီချင်းသည် (Sakura Dancing in the Rain)
Ficción Generalဆာကူရာဟာ မတည်မြဲမှန်းသိပါလျက် မြတ်နိုးခဲ့သူ ကိုယ့်အတွက် မင်းဟာ Japanese / Psychosis (Own Craetion)