Part.17

6.8K 952 185
                                    

Zawgyi..
...

"သွက်သွက်ခါအောင် ရူးတဲ့အရူးတွေ ထားတဲ့နေရာမှာ ငါနေခဲ့တယ်''

မဟုတ်ဘူး...ဘာလို့အဲလိုမျိုး....

ဂျင်း ငွေဖြူရောင် ဆံပင်တွေကို ဆွဲဆုပ်မိလိုက်ရင်း အတွင်တွင်ခါရမ်းမိသည်..။

တားဆီးမရတော့သော မျက်ရည်စတွေက တားသူမဲ့ မိုးစက်များပမာ စီးကာပြိုကျလာသည်..။

ဒီနှစ်တွေမှာ..

မနက်တိုင်း လာနိုးတတ်သည့် ကိုကိုကို ကျနော်သိပ် လွမ်းခဲ့သည်..။
သို့သော် မနက်တိုင်း ရင်ခွင်ထဲမှာ ကျနော်မရှိတော့သောအခါ လစ်ဟာသွားမည့် ကိုကို့ဘက်ကို ကျနော်မတွေးခဲ့..။

ကိုကို့ဆီက မုန်းတယ် ဆိုသောစကားကြားရမည်ကို ကျနော်သိပ်ကြောက်ပြခဲ့သော်လည်း
မချစ်ဘူး ဟုဦးစွာ ရက်စက်ပြခဲ့သူ မှာ ကျနော်ပင်ဖြစ်သည်..။

ကျနော်လုပ်သလိုသာ ဟန်ဆောင်ခြင်းသက်သက်ဖြစ်ပါစေ ကိုကိုသည် တစ်ခြားတစ်ဦးနှင့် ချစ်ပြခဲ့လျှင်.
ထားသွားခဲ့လျှင်..

ကျနော် ထိုသို့လုပ်သမျှသည်
ရိုကိုစံ သခင်မလက်ထဲမှ ကိုကို့ကို ကာကွယ်ပေးရန်
အရာအားလုံးကိုကို့ကြောင့် ဟုကျနော်တွေးခဲ့သည်..။

တကယ်တော့ ကိုကိုခံစားရဖို့သက်သက်သာ

ဘာတွေလုပ်ခဲ့မိတာပါလိမ့်??

ကျနော်..ဘာတွေ အဲလောက်တောင်လုပ်ခဲ့မိတာလဲ..

"ကြည့်စမ်း မင်းကြောင့်ရူးသွားတဲ့ လူကို ''

ဟုတ်သည်..။

တောင်းပန်စကားပြောဖို့ တောင် ကျနော်ဟာ တကယ်ကို မထိုက်တန်ခဲ့တော့သည်..။

အိပ်ရာထဲမှာပင် ယုန်ဖြူလေးလိုဝပ်ကာ
ကြိတ်ငိုနေသေးသည့် ကလေးငယ်အား ကြည့်ရင်း အိမ်တော်ထိန်းကြီး အာရုံလွှဲပေးဖို့ကြိုးစားလိုက်သည်..။

"ဂျင်းလေး အပြင်မှာ နွေဦးရောက်ခါနီးမလို့ ပန်းလေးတွေဖူးနေပြီ မကြည့်ချင်ဘူးလား
သွားကြည့်ရအောင် လေ ကလေးရယ်''

မကြာမီပင်..
ကင်ဒိုအိမ်တော်ရဲ့ ပြောစမှတ်တွင်လောက်အောင် ကျယ်ဝန်းပြီး အပင်ငယ်လေးများစွာရှိသော ဥယျာဉ်ကျယ်ကြီးဝယ်

မာယာသီချင်းသည် (Sakura Dancing in the Rain)Donde viven las historias. Descúbrelo ahora