Part.11

7.6K 1.1K 252
                                    

Zawgyi

"တကယ်တော့လွန်ခဲ့တဲ့ဆယ်နှစ်
ဒုခေါင်းဆောင်သေဆုံးမှုဟာသာမန်လုပ်ကြံသူတွေ
ကြောင့်မဟုတ်ပါဘူးးသခင်..
သေချာသလားတော့...ဟိုကျနော်မပြောရဲပေမဲ့
ခုထိစုံစမ်းရသမျှအချက်အားလုံးဟာ
ကြင်ယာတော်ကိုပဲညွှန်ပြနေခဲ့တယ်..''

ဘယ်လို!!

အစိုးမရစွာ..တုန်လှုပ်သွားတဲ့
စိတ်ကြောင့်..

လမ်းဘေးတစ်နေရာမှာ..ကားကိုအမြန်
ထိုးရပ်ပစ်လိုက်ရသည်..။

ဘယ်လိုမှ..မဖြစ်နိုင်ဟု
တွေးခဲ့သည့်တိုင်အောင်..

မသိစိတ်မှ..
သူရိပ်တော့ရိပ်မိခဲ့ပါသော်လည်း
သားရှင်းရဲ့မျက်နှာနဲ့ဒီကိစ္စအား..စုံစမ်းဖို့်
သူ..သိပ်အားမထုတ်ဖြစ်ခဲ့..

ကိုယ့်ကိုမင်းခွင့်လွှတ်နိုင်ရဲ့လား
အာကီယာမာ??
မင်းကိုသေစေခဲ့တဲ့သူဟာ
ကိုယ့်ရဲ့ဇနီးး..သူမ..တဲ့..

တိုကျိုမြို့ပြင်မှာမလို့
ဆားနံ့ရောတဲ့..ပင်လယ်လေသင်းသင်းဟာ
အဝေးပြေးးလမ်းမအထိ
ရိုက်ခတ်နေခဲ့သည်..။

မင်းကတော့..အမြဲတမ်းရှေ့ကနေ
ကိုယ့်ကိုကာကွယ်ပေးခဲ့ပေမယ့်လည်း
ကိုယ်ကတော့..မကာကွယ်ပေးနိုင်ခဲ့ဘူးး..။

လွမ်းတယ်..အာကီယာမာ!!
သခင်လို့..ခပ်တိုးတိုးခေါ်တတ်တဲ့
မင်းအသံလေးကိုလွမ်းတယ်..။

အမြဲတမ်း..နောက်ကွယ်ကနေ
အရိပ် လေးလိုငြိမ်ငြိမ်လေးနေတတ်တဲ့
ကိုယ့်ဘေးနားက..မင်းကိုလွမ်းတယ်..။

တနေ့ပြီးတနေ့.. ကိုယ်မင်းကိုလွမ်းးရင်းနဲ့ပဲ
ရှင်သန်နေခဲ့တာ..။

ကိုယ်တို့ပြန်ဆုံတွေ့ခဲ့ဖြစ်ရင်!!

မင်းကိုသတ်ခဲ့တဲ့သူမနဲ့
တအိမ်တည်း..နှစ်ပေါင်းများစွာနေခဲ့တဲ့ကိုယ့်ကို
ရင့်ကျက်တဲ့အပြုံးတခုနဲ့နှစ်သိမ့်မယ်မလား??

မင်းခွင့်လွှတ် မှာကိုကြိုသိလို့
ပိုနာကျင်ရပြီး
ကိုယ်ရူးတော့မယ်ထင်တယ်..။

စိတ်လွတ်လက်လွတ်ငိုရှိုက်မိကာ
လမ်းဘေးမှာ..ဒူးထောက်ထိုင်ချမိတော့

ဘယ်ကလွင့်လာမှန်းမသိတဲ့ဆာကူရာဟာ
ပုခုံးထက်..အသာလာခိုနားလေရဲ့။

မာယာသီချင်းသည် (Sakura Dancing in the Rain)Onde histórias criam vida. Descubra agora