Part.2

8.9K 1.3K 162
                                    

ဖွေးဆွတ်နေသောအိပ်ရာပေါ်ဝယ်
ဝါဂွမ်းလေး..အလား
ငွေဖြူရောင်ဆံရှည်ကလေးလေးတယောက်
နှစ်နှစ်ခြိုက်ခြိုက်..အိပ်မောကျနေသည်မှာ
မြင်သူတိုင်းကို
ပြုံးမိစေသည်အထိချစ်ဖွယ်ကောင်းလှသည်..။

တကယ်ကိုအပူအပင်ကင်းစွာ
အိပ်မောကျနေတာကြောင့်

ငိုထားသဖြင့်ကျိန်းစပ်နေသော.မျက်ခွံမို့မို့လေးတွေကို

ဘေးမှတစိမ့်စိမ့်ထိုင်ကြည့်နေခဲ့သည့်
ရှစ်နှစ်အရွယ်ကောင်လေးက..ချစ်မြတ်နိုးစွာ
ခိုးနမ်းသွားသည်ကိုမသိလိုက်ပါ..။

မက်မွန်သီးလိုပါးရဲရဲဖောင်းဖောင်းအိအိလေး.
နှစ်ဖက်ကို ဖိနမ်းသွားသည်လဲမသိလိုက်..။

နှာခေါင်းလုံးလုံးလေးကို
အသည်းယားစွာညှစ်သွားသည်လဲမသိလိုက်..။

နီနီရဲရဲပါးစပ်လေး..အဟောင်းသားနဲ့သာ
အူယားစဖွယ်အိပ်နေလေသည်..။

ဆက်အိပ်ချင်သေးသော်လည်း
နဖူးပေါ်ရှိ.နေရောင်နုနုလေးက
ခြေသလုံးတုတ်တုတ်လေးပေါ်ထိ

စူးကျလာတော့မျက်လုံးဝိုင်းဝိုင်းလေးတွေကို.. အားတင်းကာ
ဖွင့်လိုက်ရသည်..။

"ဟင်း..အင်း..ဝှါး
ပေပေရေ..မေမေ..''

အကျင့်ပါနေကြ အတိုင်း
ဖေဖေနဲ့မေမေကို..အော်ခေါ်ပြီးမှ

အခန်းကျယ်ကြီးမှာ
ခါတိုင်းလို..ဂျင်းလေး..ဟုခေါ်ရင်း
အော်ကာ..ဝင်လာတတ်သည့်ဖေဖေလည်းမရှိပါ.။

ပြုံးချိုစွာဆီးကြိုရင်း
အိပ်ပုတ်လေးဟု.ချစ်စနိုး.စတတ်သည့်
နွေးထွေးသောမေမေ့ရင်ခွင်လည်းမဟုတ်ပါ..။

ဘယ်သူမှမရှိသည့်ကုတင်ဖြူဖြူထက်မှာ
သူတစ်ယောက်တည်းသာ..။

ဖေဖေရောမေမေပါမရှိတော့တာလား

သူ..တကယ်ကိုလှိုက်ကာဝမ်းနည်းလာမိသည်..။

ဘယ်သူမှမရှိသည့် ဒီအခန်းကျယ်ကြီးကိုလဲ..
ဂျင်းသိပ်ကြောက်ပါသည်..။

"ဟင့်..အင့်ပေပေရေ..မေမေ
ပေပေရေ..မေမေ
ဂျင်းခေါ်နေတယ်ရေ..ပေပေရေ..မေမေ
ပေပေရေ..ပေပေရို့''

မာယာသီချင်းသည် (Sakura Dancing in the Rain)Where stories live. Discover now