[chapter{7}❤]

1.9K 148 7
                                    

🏠
^ဟုပြီ ဟုပြီ နမ်း​​တော့မယ်​ကွ နမ်း​နေပြီ ဒါဘဲ•••
ahh....
အဆင့်​​တွေ​တောင်တက်​​တော့မယ်​ကြည့်​စမ်း အဟမ်း
ငါ​လေးကဒါမျိုး​တွေကြည့်​ရတာသိပ်​ဝါဒနာမပါ​ပေမဲ့
ဒီ​လောက်​ ​'ရေကန်​အသင့်​ ကြာအသင့်​' ဖြစ်​​နေတာမှမကြည့်​ရင်​​သေချာတယ်​ငါ​လေးကရူး​နေလို့ဘဲ​နေမှာ အိုက်​စ်​ လည်​ပင်း​​လေးက ဖြူဥ​နေတာဘဲ...
နှာ​ခေါင်း ​သွေး​တွေလည်း​လျှံ​ချင်​နေပါပြီ​နော်​လို့^

ထိုစဉ်
တစုံတခု​ကြောင့်
လျှပ်​စီးလတ်​သလို တချက်​တွန့်​သွားသည်

"အ​ပေါ်ထပ်​က ​ကျေူးဇူးရှင်​​ရေ ​နေဖင်​ထိုး​တော့မယ်
အခုထိ အိပ်​ရာကမထ​သေးဘူးလား"

မျက်​စိဖွင့်​ဖွင့်​ချင်း
ရင်းနှီး​နေ​သော အသံတစ်​သံ​ကြောင့်​ ပိုးဝတ်​လွှာ အိပ်​ရာ​ပေါ်၌ ​စောင်​ကို​ခေါင်းထိခြုံ၍ပက်​လက်​လှန်​အိပ်​​နေရာမှ​ ထထိုင်​မိသည်

*ငင်​ အိမ်​မက်​လား...

ဗြဲ ငါ​လေးငိုချင်​တယ်​​​နော်​(╥﹏╥)

ငါ့​အ​မေလည်း Wattpad Author ​တွေနဲ့ဘာ​တော်​လဲမသိဘူး ​ကောင်းခန်း​ရောက်မှ
ဖြတ်​ချသွားတယ်
အနဲဆုံး​တော့ uke ဘသူ seme ဘသူ သိရရင်​ ခံသာ​သေးတယ်​ ခု​တော့ အဆင့်​တက်​ခါနီး​လေးဘဲရှိ​သေးတာကို ဗြဲ ​နေအုံး...

ခုနေပြန်​အိပ်​ရင်​အဲ့အိမ်​မက်​ပြန်မက်​ချင်မက်​​​လောက်တယ် အဲ့တော့ ပြန်​အိပ်​ကြည့်​ကမယ်​*

"ပိုးပိုး!"

"..."

ပိုးဝတ်​လွှာသည်​ ဘယ်​မှသွားစရာမရှိသည့်​​နေ့များတွင်
ထုံးစံအတိုင်း နှိုးမည့်​သူ မရှိမချင်း ဆက်​၍အိပ်​​နေတတ်​သဖြင့်​ ပိုးဝတ်​လွှာ၏အသံ​အောင်​​သောချစ်​​မေ​မေ ​ဒေါ်ဝင်းဝင်းအိလည်းထုံးစံအတိုင်းပင်
ပိုးဝတ်​လွှာ ကြား​လောက်​မည့်​အသံနှင့်​အိမ်​​အောက်​ထပ်​မှ​နေ၍အိပ်​ရာမှ​ထရန်​​အော်​​နေသည်
ဒေါ်ဝင်းဝင်းအိ သည်​လည်း
နှိုးသာနှိုး​နေရတာ ​ကိုယ့်​သမီးအ​ကြောင်းကိုယ်​သာအသိဆုံး ဘယ်​​လောက်​ဘဲ​နှိုး​နေပါစေ ​ကျေးဇူးရှင်​က သူမထချင်​​သေးဘူးဆို သူ့နားလူသတ်​သမား​ရောက်​​နေတယ်​​ပြောလည်းထမှာမဟုဘူး 'သတ်​ချင်​သတ်​ပါ​လေ့​စေငါအိပ်ရဖို့ကအရေးကြီးတယ်'ဆိုပြီးဆက်​အိပ်​​နေမဲ့လူစားမျိုး မထမှန်းလည်းသိ​ပေမဲ့ မနက်​တိုင်း အိပ်​ရာထ​နောက်​ကျတိုင်းအိပ်​ရာကနှိုး​နေဆဲပင်

My Fujoushi Where stories live. Discover now