"အမေ..."
"ပြော..."
"သမီးကို အဝတ်အစားထည့်ပေးပါလား"
"...?
အခုထိ ဘာမှမပြင်ဆင်ရသေးဘူးလား""Inn"
"ဟဲ့...ဒီညဆိုရင်ဘဲ ခရီးသွားရတော့မှာလေ"
"ဟာ..အမေကလည်း အချိန်မှီပါသေးတယ်"
"ထည့်ထားပေးနော်...သမီးအရမ်းအိပ်ချင်နေလို့""...."
မီးဖိုချောင် မှာ တရှဲ ရှဲနဲ့ဘာတွေချက်ပြုတ်ကြော်လှော် နေမှန်းမသိဘူး မွေးမိခင်ကြီးကို အပူကပ်ပြီး
သကာလ အခန်းထဲသို့သွားကာ အဝတ်စားအမြန်လဲ
ရေတစ်ခွက်သောက်ကာ အိပ်တော့သည်။ပင်ပန်းသည်လေ...မတတ်နိုင်။
စာမေးပွဲ ပြီးတော့ အလုံးကြီးကျသွားသလိုဘဲဆိုတော့
အေးရာအေးကြောင်းအိပ်ချင်လာသည်။
ခရီးသွားတာက ထားအုံး....inn propose လုပ်ခံရတာလည်း ထားအုံး...ရင်ခုန်ပေမဲ့...အိပ်
ချင်နေသည်မို့ ငါလေး တွေးဖို့မအားသေးဘူး...။'Really Really Really'
Alarm ပေးထားသည့် Winner အဖွဲ့၏ Really
သီချင်းသံကြားသည်နှင့် မမြင်မကန်းကောက်ထကာ
ရေချိုးပြင်ဆင်ပြီးတော့ အထုပ်ဆွဲကာအောက်သို့
ဆင်းလာသည်။Inn...ငါလေးအမေသည် သိပ်ချစ်ဖို့ကောင်းသည်။
ဘာမှပြောစရာမလိုအောင်ပြင်ပေးသွားသည်။
ဝတ်ချင်လွန်းသော်လည်း ရှာလို့မတွေ့သည့် V-shirt ကြီးကိုပါ သပ်သပ်ရပ်ရပ်ခေါက်ထည့်ပေးထားသည်။Mommy ဒေါ်ဝင်းဝင်းအိသည် နတ်မျက်စိများရနေသလား....?။အောက်ထပ် ရောက်တော့ ဧည့်ခန်းထဲ၌ထိုင်နေသည့်
ကျေးဇူးရှင် မိဘနှစ်ပါးကိုကန်တော့ကာ ချစ်လှစွာသော ဖခင်ထံ မွေးမိခင်ကြီး မသိအောင် မုန့်ဖိုးကပ်
တောင်းရသေးသည်။ပြီးမှ ကားဂိတ်သို့ သွားမည့်
နေရာတူသည့် အသိတစ်ယောက်နှင့် စပ်ကာ Taxi
ငှါးပြီးသွားလိုက်သည်။
YOU ARE READING
My Fujoushi