[chapter{36}❤]

1.2K 122 6
                                    

"ခဲမုန့်​...စားချင်​တယ်​"

"ခဲမုန့်​...စားချင်​တယ်​လား"
"စားချင်​တာများ​စော​စောကမ​ပြောဘူး..."
"ဟိုမှာ ခဲ​တွေမှအများကြီး ​ကောက်​စားချည်​"

"Babe...!"

"ဘာလဲ...ဘာလို့...အဲ့မျက်​ခုံးကကြုံ့လာတာလဲ"
"မင်းဘဲ ခဲမုန့်​ဆိုလို့​လေ..."

စိတ်​ဆိုး​နေသ​ယောင်​​ယောင်​ မျက်​နှာကြီးကိုကြည့်​ပြီး
ပိုးဝတ်​လွှာ ရင်​ထဲဂွမ်းစည်​ထိ​လေရဲ့....

အမှန်​​တော့ သူ​ပြောတဲ့ ခဲမုန့်​ဆိုတာ..တကယ်​​တော့
ရေခဲမုန့်​ကို​ပြောခြင်းသာ..သိရက်​နှင့်​ကို တမင်​ရွဲ့​ပြောခြင်း....ဒီက​လေးဒီရက်​ပိုင်းအတွင်း အ​တော်​ချွဲ
လာသည်​။

ပထမအကိုနဲ့လဲ​လျှောက်​သွားလို့သွား...ဘယ်​လို
တည့်​သွားမှန်းပင်​မသိ..။လျှောက်​သွားတာအ​ရေးမကြီး ပထမအကိုကရောက်ရာအရပ်သွေးတိုးဆန်းတဲ့ လူ ဒါ​ကြောင့်​ မတည့်​တဲ့သူ​ကောချစ်​ခင်​​တဲ့သူ​ကော ခပ်​များများ။မတည့်​တဲ့သူနဲ့​တွေ့ပြီး​နှောင်​ချိန်​ထနွှဲလျှင်သူကကြားထဲမှခံခဲ့ရမှခက်​​ချေအုံးမည်​။

ပထမအကိုဆိုမှ ​ဇေခက်​ က​တော့တစ်​ရက်​သာ​နေပြီး
နောက်​တစ်​​နေ့ ပြန်​သွားသည်​။ကိစ္စ​ပေါ်လာ၍ဆိုလား။
မပြန်​ခင်​အချိန်​တွင်း၌​တော့ ပထမအကိုနှင့်​အသံတိတ်​စကား​ပြောပွဲလုပ်​သွား​သေးသည်​။အကြည့်​စူးစူး​တွေနှင့်​...။

ပိ​တောက်​​ဝေ...​ဝေ..က​တော့ အမတစ်​ဝမ်းကွဲနှင့်​တည့်​​နေကာတတွဲတွဲပင်​။ယခုလည်းသူမ၏ စက်​ချုပ်​ဆိုင်​လိုက်​သွားသည်​။

ဆို​တော့ ​နောက်​ဆုံးကျန်​ရှိသူကြီး သွန်း​ငွေ​ရောင်​ ကား ​ဒေါ်ကြီးတို့ အရီးတို့နှင့်​လည်းတည့်​​နေကာ။
ပိုးဝတ်​လွှာ နားတကပ်​ကပ်​။ချွဲကလည်းချွဲ​သေးသည်​။

"ကဲ..ကဲ..ထ."
"သွားဝယ်​မယ်​...ခဲမုန့်​စားချင်​တာမလား"

"ဟင့်​အင်း.. .ခဲမုန့်​က Babe ဘဲစား"
"ကိုယ်​က ​ရေခဲမုန့်​ ဘဲစားမှာ..."

"ဘ..ဘာ"

"Hee...."
"စတာ...လာသွားဝယ်​ရ​အောင်​"

My Fujoushi Where stories live. Discover now