Zawgyi
"ပိုး..ဘာအအေးသောက်မှာလဲ"
"ဝယ်ခဲ့ပေးမယ်...""Coffee အေးဖြစ်ရင်ပြီးတာဘဲ ကြိုက်တာဝယ်ခဲ့"
"သွန်းငွေရောင် ကော..."
"ရေ..."
"Arr...ok"
ဘုရားတန်ဆောင်းတစ်နေရာ၌ ဘေးချင်းကပ်ရပ်နေပါ
သော်လည်း...မည်သည့်အသံမှမကြားရအောင်
တိတ်ဆိတ်နေသည်။ဒုတိယအကိုက Guide ဦးလေးကြီးကို ဓာတ်ပုံရိုက်
ပေးနေသည်။ပထမအကိုကတော့ မနက်ကတော့
ကောင်မလေးနှင့် အဆင်ပြေနေသလိုနှင့် ယခုတော့ပြသနာတက်နေပုံပင် အဝေးတစ်နေရာ၌ဖုန်းပြောနေသည်။ပိတောက်ဝေကတော့ အအေးသွားဝယ်သည်..။
သွားဝယ်ပေးမယ် ပြောတာလဲမရ..။လိုက်ခဲ့ပေးမယ်
ပြောတာလဲ မရမို့...။ဘေးနားကအချေလေးနှင့်..
ကျန်ခဲ့ခြင်း...။စိတ်ကောက်သွားသည်လားမသိ...။Well ယောကျာ်းလေးတွေကိုတော့ စိတ်ဆိုးရမည်ဟုသုံး
နှုန်းရမည်ပင် မဟုတ်လော..။စောနက စကားအချင်းငယ်ပြောပြီးနောက် တိတ်လို့
ဆိတ်လို့..မေးရင်တောင် ဖြေချင်မှပြန်ဖြေသည်။
တစ်ခွန်းဆိုတစ်ခွန်းလုံးဝ မပြော။သို့သော်လည်း...
အနား၌ကော်နှင့်ကပ်သလို တကပ်ကပ်ပင်။ပိုးဝတ်လွှာ မှာရယ်ရခက် ငိုရခက်။မဟုတ်ပါဘူး..
စိတ်ဆိုးနေတယ်ဆိုရင်လည်း ပီပီသသ စိတ်ဆိုးလေ
အခုဟာက ဘယ်လိုသုံးသပ်လို့သုံးသပ်ရမှန်းပင်မသိ။ဒါပေမဲ့လည်း ... ချစ်စရာကောင်းလှသည်။
သူစိတ်ဆိုးလေ ကိုယ်က ပိုသဘောကျလေဘဲ။ငါလေး သွန်းငွေရောင် ကို Uke လို့ပြောခဲ့တာအလကားမဟုတ်ပါနော်။ငါလေး စကေးသည် အချဉ်မဟုတ်။ကြည့်ပါလား စိတ်ကောက်တတ်...အဲ စိတ်ဆိုးတတ်လိုက်တာမှ လွန်လို့..။
"Hmm...."
အသက်ကိုပြင်းပြင်းရှူပြီး ကိုယ့်ကိုလှည့်မကြည့်ဘဲ
GAME နှိပ်နေသောကောင်လေးကို ကြည့်နေရာမှ
ဟိုးအဝေးကို အကြည့်လွှဲလိုက်သည်...။
YOU ARE READING
My Fujoushi