🎶📱🎶
"Hello.."
"..."
"Arr မဟုတ်ဘူး ပိုင်ပိုင်.."
"..."
"ပိုးပိုးလား..."
ပြန်မဖြေခင် အပေါ်ထပ်ကို ခဏကြည့်လိုက်ကာ
နားစွင့်လိုက်ပြီး K-pop သီချင်းသံကို ဟိန်းနေအောင် ကြားရသည်ဆိုသည်မှ..."...သူရေချိုးနေတယ်နဲ့တူတယ်.."
"..."
"ကျူရှင်လား(၈)နာရီခွဲလောက်မှ သွားရမှာ.."
"..."
"သူထွက်လာရင်ပြောပေးမယ်"
"..."
"Inn"
Ti~Ti~Ti~
"ဘယ်သူဆက်တာလဲ..."
"မကြီးဝေ.."
"ဘာတဲ့လဲ.."
"ပိုးပိုးနဲ့ အပြင်အတူတူသွားမယ်တဲ့.."
"Aww အဲ့တာဆို ဒီမှာအမေ မနက်စာပြင်ခဲ့ပြီ
ပိုးပိုး ဆင်းလာမှတူတူစား ရေနွေးအိုးတည်ခဲ့တယ်
မင်းအမက Coffee သောက်အုံးမှာဆိုတော့
ရေနွေးကျက်ရင် ဖျော်ထားပေးလိုက်..""ဟုတ်..."
အခါးမကြိုက် အချိုမကြိုက် ကော်ဖီမှုန့်အစစ်ဖြင့်ဖျော်
ပေးလည်းမကြိုက် ရေနွေးနည်းလွန်းရင်မကြိုက်
ရေနွေးများပြန်ရင်လည်းမကြိုက် စိမ့်လွန်းလို့ သကြား
ဒါမှမဟုတ် နို့မှုန့်ထည့်ပေးလည်းမကြိုက်
Coffee သောက်လျှင်အလွန်ဂျီးများလွန်းသည့်
အမ ကို Coffee ဖျော်ပေးရမှာ ပိုင်ထက်လွှာ ရူး
ချင်သည်။သူ့ဟာသူဖျော်ခိုင်းလျှင်လည်း မဖျော် ရေခဲသေတ္တာ
ထဲဝယ်ပြီး ထည့်ထားလေ့ရှိသည့် Swis Cafe
Or Starbucks Frappuccino ဘူးတွေကို
ဖောက်သောက်လေ့ရှိသည်။Swis Cafe သောက်တာဘာမှမပြောပါဘူး။
တစ်ဘူးကိုမှ မုန့်ဆိုင်တွေမှာဆို(၃၅၀)
လက်ဘက်ရည်ဆိုင်တွေမှာဆို (၅၀၀)ပေါ့။ဒါပေမဲ့ Starbucks Cafe ကြီးယူသောက်တာကလွန်လွန်းသည်။တစ်ဘူးကို (၄၈၀၀)တန်ကို
အလကားနေ ပါးစပ်အရသာခံသောက်နေတာ။
သူဝယ်ထားတာလားဆိုတော့လည်းမဟုတ်
အန်တီလွှားက (၁၀)တန်းကျောင်းသားလေး
အမောင် ပိုင်ထက်လွှာ အတွက် ဝယ်ပေးထားခြင်းပင်။
YOU ARE READING
My Fujoushi