အပြန်၌ ထို အချေလေးသည် စကားတည်စွာ
လိုက်ပို့ပါ၏။"...."
အပြန်ခရီးသည် ထုံးစံမပျက် ငြင်းခုန်
မှုပေါင်းသောင်းခြောက်ထောင်ဖြင့်...တော့မဟုတ်။ပိုးဝတ်လွှာ အပါအဝင် လူပို ၃ယောက်ပါလာ၍။
ကျန်နှစ်ယောက်သည်ကား ဆောင်းမင်းမြတ် နှင့်
ဟိုကောင်မလေး ဘာနွယ်ဆိုလား....သူမ တို့
ပါလာ၍....သူမသည် ဘယ်ကနေဘယ်လို ခြေထောက် ပေါက်ရောက်လာသည်မသိ။သို့ရာတွင်...ပိုးဝတ်လွှာ ပျော်သည်။ပိုးဝတ်လွှာ သည် သွန်းငွေရောင် နှင့် ၂ယောက်ထဲ ကားအတူမစီးချင်...။
ထို့ကြောင့်....ပိုးဝတ်လွှာ သည် နောက်ခန်း၌သာ
ဝင်ထိုင်ပြီး နားကြပ် တပ်ကာ တစ်လမ်းလုံးမှေး၍
လိုက်လာသည်။
သွန်းငွေရောင်နှင့် ၂ယောက်ထဲမစီးချင်တာက မစီးချင်တာ .. ဟိုတစ်ယောက်၏ ချွဲစိစိ အသံမ
ကြားချင်သည်ကတစ်မျိုး..ထို့ပြင် မှေးရင်းတန်းလန်းမှ fic အကြောင်းဆက်လက်စဉ်းစားရမည်က
တစ်မျိုးမို့....ငြိမ်ငြိမ်သာလိုက်လာခဲ့သည်။ဆောင်းမင်းမြတ် သည်ကား သိပ်အလိုက်သိသည်။
ဒီလူက အေးရာအေးကြောင်းနှပ်ချင်ပါတယ်ဆို သူက
ဘေးနားကနေ Tiktok ထိုင်သုံးနေပြီး တဟီးဟီးတဟားဟား က ထထရီသေးသည်။
သူ့ဟာသူ ရီတာ ရီပေါ့...အင်းလေ ဟုတ်တာပေါ့
အဲ့ရီပေါ့...က ဒီလူပါအငြိမ်မနေရအောင် လက်တို့
တို့ပြီး လာပြသေးတာ...အချို့ video များသည်ကားရီရပေမဲ့ တော်တော်များများကတော့မဟုတ်.။ကြားထဲ ဆောင်းမင်းမြတ် ပြသည့် video ကြည့်
သည့်အခါတွင် ဖွင့်ထားသောသီချင်းကို ခဏမျှ
Pause ရသေးသည်။ထို Pause ထားသော အချိန်
ခဏ၌ပင်လျှက် ချွဲစိစိ အသံဆိုးကြီးကိုကြားဖြင့်အောင်ကြားရသေးသည်။ကြားလျှင်လည်း ပိုးဝတ်လွှာ သည် ကားရှေ့ခန်းသို့ လှမ်းမကြည့်ရဲ..အကုန်ကားတိုက်သေကုန်မည်စိုး၍။
ကားရှေ့ခန်းသို့ လှမ်းကြည့်လျှင် မျက်စိ ကဘာရယ်မဟုတ် ကားဘက်မှန် ကို သွားကြည့်မိသည်။ကြည့်
လိုက်တိုင်းလည်း အချေလေးနှင့် အမြဲအကြည့်ချင်း
စုံသည်။ထို့ကြောင့် ယောင်လိုတောင်ကားဘက်မှန်
သို့လုံးဝမကြည့်။
သူမကြည့်မှ သွန်းငွေရောင် ကြည့်သည်ဟု ထင်သဖြင့် ...။
YOU ARE READING
My Fujoushi