[chapter{21}❤]

1.1K 128 2
                                    

"ငါမှ သူ့ကိုစိတ်​မဝင်​စားတာ"

"..."

"မစဉ်းစား​ပေးနိုင်​ဘူး​ဟျောင့်​ မိန်းက​လေးတန်​ဘဲနဲ့
ယောက်ျား​လေး​တွေနဲ့ ​ရော​ရော​နှော​နှော ​နေတဲ့သူ
တွေကို ငါသ​ဘောမကျဘူး..."

"..."

"No ဘဲ​ မင်းကြီး​တော်​ကိုဘဲ သွား​ယောက်​ဖလိုက်​..."

"..."

"မင်း ညီမ ငါ့​ပေးရင်​​တော့ စဉ်းစား​ပေးမယ်​ ...."

Ti~Ti~Ti

'Level up'

?ဒါ ဟိုမှန်​​ကြောင်​ကစား​လေ့ရှိတဲ့ Fashion game
ထဲကအသံမလား...
အသံကြားရာ​နောက်​လှည့်​ကြည့်​​တော့ မိန်းက​လေး
ပီပီသသ ပင်​ ထိုင်​ခုံကို​နောက်​ပြန်​ထိုင်​ကာ
ဖုန်းကို သည်းကြီးမည်းကြီး ကြည့်​​နေ​သောပိုးဝတ်​လွှာ

"....? ပိုးပိုး ဘယ်​တုန်းကတည်းက ​ရောက်​​နေ
တာလဲ"

"Well သိပ်​မကြာ​သေးပါဘူး"

"တံခါး​လေးဘာ​လေး​ခေါက်​လေ.."

"​ခေါက်​တာဘဲ နင်​မကြားလို့ဝင်​လာတာ​လေ
ဖုန်း​ပြော​နေ​သေး​တော့ အလိုက်​တသိ ထိုင်​​စောင့်
နေ​တာ​လေ ဘာ​တွေပူ​နေတာတုံး"

"ဘာလာလုပ်​တာလဲ.."

"အန်​တီ​လွှား က နင့်​ခုံနံပါတ်​ ​မေးခိုင်းလိုက်​လို့"

"ဘာလုပ်​ဖို့လဲ..."

"ထုံးစံအတိုင်း ယတြာ​ချေဖို့ မဟုတ်​ရင်​ ​မြောင်းမြဘုန်းကြီး​ကျောင်းမှာ ဖ​ယောင်းတိုင်​သွားယူခိုင်းဖို့​နေမှာ လိုရမယ်​ရ ​တောင်းထားဆိုလို့"

"အခုလား.."

"​အေး​လေ..."

"အခုသွားမလို့လား ည​နေ​စောင်း​နေပြီ​လေ"

"မနက်​ဖြန်​မှပါ အခု​တောင်းထားဆိုလို့"

"နင်​သွားမှာလား."

"A ​လေ ငါမသွားလို့ ဘယ်​သူသွားမှာလဲ အ​မေနဲ့အ​ဖေကလည်းမအားဘူး အန်တီလွှား​ကော​လေ နင်​က
ကျလူ​တောတိုးလို့လား ငါဘဲရှိတယ်​..."

"​ဒေါက်​ဖြုတ်​မယ်​ဆိုတာကြီးဘဲ EXAM အတွက်​ စာ
ကြည့်​ရမယ်​ဆို.."

My Fujoushi Where stories live. Discover now