~၅~

651 40 2
                                    

"ဘာ....ဒါကဘာလိုစဉ်းစားစဉ်းစား အဓိပ္ပါယ်​မရှိဘူး Jinyoung "

"မင်းကလည်းကွာ ငါ့က​လေး​တွေကို တစ်​​ခေါက်​​လောက်​ယုံကြည်​​ပေးလို့မရဘူးလား"

"လုံးဝပဲ ​ဟျောင့်​ ငါလုံးဝမယုံဘူး တကယ်​လို့ မင်းဒီအစီအစဉ်​အတိုင်းလုပ်​မယ်​ဆိုရင်​ ငါမင်းနဲ့လုံးဝမလိုက်​နိုင်​ဘူး ငါတခြားလမ်းကသက်​သက်​ ခွဲသွားရလိမ့်​မယ်​"

"မင်းကလည်းကွာ"

"မင်းကလည်းကွာမလုပ်​နဲ့ ငါခွဲသွားမှာ မင်းနဲ့မသွားချင်​ဘူး မင်းလိုရူး​ကြောင်​​ကြောင်​နိုင်​တဲ့​ကောင်​နဲ့ ငါအတူမသွားနိုင်​ဘူး"

........................................................................

ထို့​နောက်​ Jihyo တို့ကို​ခေါ်ပြီး....

"Hyunsuk က လုံးဝသ​ဘောမတူဘူး က​လေးတို့"

"အဲ့ဒါဆိုရင်​ ဆရာကလည်း chaw တို့ဘက်​က မပါ​တော့ဘူး​ပေါ့"

"စိတ်​မပူပါနဲ့  မင်းတို့ရဲ့ဆရာပဲ အမြဲတမ်းမင်းတို့ဘက်​ကပါ" လို့ ဆရာက​ပြော​တော့မှ Jihyo တို့ စိတ်​ချမ်းသာရ​တော့သည်​။ အထူးသဖြင့်​​တော့ Momo ​ပေါ့။

ဆရာကပဲဆက်​ပြီး....

"အဲ့ဒီ​တော့ ဒီည ​အေး​ဆေးအနားယူပြီးရင်​ မနက်​ဖြန်​စထွက်​မယ်​ fighting"

"Fighting"

.......................................................

တစ်​ဖက်​မှာ​တော့ Hyunsuk နဲ့ ရတနာသိုက်​ရှာမယ့်​အဖွဲ့ တိတ်​တဆိတ်​အစီအစဉ်​ဆွဲ​နေကြသည်​။

"ဟို​ကောင်​က​တော့ သူ့ရဲ့ရူး​ကြောင်​​ကြောင်​တပည့်​​တွေရဲ့စကားကို ယုံပြီး ​ရေလိုက်​မှား​နေပြီ ငါတို့အတွက်​ ဒီအဖွဲ့က​နေခွဲထွက်​ဖို့ အ​ထွေအထူးစဉ်းစားစရာမလိုပဲ အခွင့်​အ​ရေးကြီးရတာပဲ ဘုရားသခင်​က ငါတို့ဘက်​မှာ ရှိ​နေတယ်​"

"အဲ့​တော့ အ​ဖေ​ပြောချင်​တာက ကျွန်​​တော်​တို့က သူတို့နဲ့ ​ရောမသွားပဲ သက်​သက်​ ကျွန်​​တော်​တို့ဘာသာ ကိုယ့်​လမ်းကိုယ်​ထွင်​ပြီးသွားမှာလား" လို့ Jackson က​ပြော​တော့ JB ကပါ ဝင်​ပြီး​ပြော​လေသည်​။

AdventureWhere stories live. Discover now