~၄~

648 36 1
                                    

ဘာလိုလိုနဲ့ ခရီးထွက်​ရမယ့်​ ​ရောက်​လာခဲ့​လေပြီ ။

လိုက်​ပါမည့်​လူများအားလုံးသည်​ လက်​နက်​ကိုယ်​စီဖြင့်​ ထွက်​ခွာမည့်​သ​င်္ဘော​ပေါ်တွင်​​အသီးသီး​နေရာယူ​နေကြသည်​။

(Hyunie .... ​စောင့်​​နေပါ...unnie ​ရှောင်​မ​ပြေး​တော့ပါဘူး ကြုံလာသမျှအခက်​အခဲတိုင်း Hyunie နဲ့အတူ​ရင်​ဆိုင်​မှာပါ..)Momo's mind

"Jihyo shi လူစုံပြီလား တစ်​ချက်​စစ်​လိုက်​အုံး ခ​ဏ​နေသ​င်္ဘောထွက်​​တော့မယ်​"

"လူစုံပြီ ဆရာ ​သေချာစစ်​ပြီးသွားပြီ ၃​ခေါက်​​တောင်​" ဟုဆိုကာ လက်​သုံး​ချောင်း​ထောင်​ပြရင်း ​ပြောလိုက်​သည်​။

"အို​ခေ ဒါဆိုစထွက်​ပြီ​နော်​"

........................

"​ရွေ့ပြီ​ဟေ့...."
"စထွက်​ပြီဟ"
"​ဝေးးးးးးး" ဟူ​သော ​ကျောင်းသားများ၏ ​ပျော်​ရွှင်​ဖွယ်​အသံများနှင့်​ သ​င်္ဘောတစ်​စီးလုံးပြည့်​နှက်​​နေ​လေသည်​။

Jeongyeon တို့အဖွဲ့လည်း​လေညှင်းခံရင်း ...

"Nayeon unnie titanic ထဲကလို မစီးချင်​ဘူးလား"

"အာ....မစီးရဲပါဘူး ငါ​ကြောက်​တယ်​"

"chaw ကိုင်​ထား​ပေးမှာ​လေ မ​ကြောက်​ပါနဲ့ "

ထိုအခါ Sana မှ...

"Nayeon unnie စီးမှာလားမစီးဘူးလား အမြန်​ဆုံးဖြတ်​ ...ဒီမှာ chaw တို့ ရိုမလို့"

Nayeon လည်း တချက်​စဉ်းစားရင်း...

"အင်း... စီးကြည့်​မယ်​​လေ"

Jeongyeon မှာ​တော့ သွားကြီးဖြီးကာ​ပျော်​​နေ​လေ​တော့သည်​။
Nayeon ကို သ​င်္ဘောထိပ်​သို့​ခေါ်သွားကာ အသာထိန်းကိုင်​လိုက်​ရင်း

"unnie လက်​​တွေဆန့်​လိုက်​​လေ "

"​ကြောက်​....​ကြောက်​တယ်​"

"​အောက်​ကိုငုံ့မကြည့်​နဲ့​လေ unnie ရဲ့ ​ရှေ့ကိုကြည့်​ ​ရေပြင်​ကျယ်​ကြီးရဲ့အလှကိုခံစား.."

ထိုအခါမှ Nayeon ငြိမ်​သွားပြီး လက်​နှစ်​ဖက်​ကို ​ဖြည်းဖြည်းချင်းဆန့်​တန်းကာ ​ပင်​လယ်​ပြင်​ကို ဖြတ်​သန်းလာသည့်​ ​လေညှင်းတို့ကို အားပါးတရ ရှုရှိုက်​ရင်း ပြုံးမိ​လေ​တော့သည်​။

AdventureWhere stories live. Discover now