Dahyun က မြွေတစ်ကောင်ဆိုပေမယ့် လူသားမစားဘူး မစားတဲ့အပြင် လူသွေးတွေဆို ရွံသေးတယ် လူဆိုတာ သူ့အတွက် စားသုံးဖို့ လုံးဝ မနှစ်မြို့တဲ့အရာပေါ့
သူ့ရဲ့ထူးခြားချက်က သူဟာ အသီးအရွက်ပဲစားတယ် အဲ့အတွက်ကြောင့်ပဲ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားစွမ်းအားတွေ ကိန်းအောင်းနေတာပေါ့ ဒါပေမဲ့ သူမသိတာ တစ်ခုက သူမဟာ ဘယ်လောက်အစွမ်းရှိတယ်ဆိုတဲ့အကြောင်းပဲ
...........................................
"ဆရာ ဒါက ဘာတွေလဲ"
ကျောင်းသူတော်တော်များများ သွေးပျက်နေကြသည်။ ဆိုးဆိုးရွားရွားတော့မဟုတ်....။
"သစ္စာဖောက်တို့သွားရာလမ်းက ဒီလိုဖြစ်မယ်မှန်းသိတယ် ဒီကောင်ကြီးရဲ့လောဘကြောင့် ဖြူစင်တဲ့ကျောင်းသားတွေ အသက်ဆုံးရှုံးရပြီ"
စုတ်တစ်ချက်သတ်လိုက်ရင်း ခေါင်းတရမ်းရမ်းဖြင့် စိတ်မကောင်းစွာပြောလိုက်သည်။ ထို့နောက် သူတို့ကို မြေမြှုပ်ပေးဖို့ စီစဉ်ကြသည်။ ဘယ်လောက်ပဲ တစ်လမ်းစီခွဲသွားတဲ့သူတွေဖြစ်ပါစေ တစ်ချိန်က လည်ပင်းဖက်ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေပဲ ဒီလောက်တော့ လုပ်ပေးရမှာပေါ့
တစ်ယောက်ပြီးတစ်ယောက်ကို မြှုပ်ပေးရင်း Hyunsuk အလှည့်ရောက်တော့.... ရုတ်တရက် ခြေထောက်ကို လှမ်းဆွဲခြင်းကို ခံလိုက်ရတယ်။
"အား....." အလောင်းသယ်ပေးတဲ့ ကောင်လေးခမျာ ကြောက်လန့်ပြီး အော်တော့တာပေါ့
ဆရာ parkက အလျင်အမြန်ပဲ သွားပြီး ကြည့်လိုက်တော့ Hyunsuk တစ်ယောက် ခက်ခက်ခဲခဲ အသက်ရှူနေတာကို တွေ့လိုက်ရတယ်။
အရင်ဆုံး အစွယ်နဲ့အထိုးခံထားရတဲ့နေရာကို သွေးတိတ်အောင်လုပ်ပေးနေလေသည်။ သို့သော် သွေးကမတိတ်...။
"ဟျောင့် Hyunsuk သတိထားအုံး"
ထိုစဉ် Momo ကရောက်လာပြီး
"ဆရာ သမီးကြိုးစားကြည့်ပါရစေ ကျောင်းသားတွေမမြင်အောင်တော့ စီစဉ်ပေးပါဆရာ အန္တရာယ်ရှိလို့ပါ"
ထို့နောက် ကျောင်းသားတွေအားလုံးကို ကျောပေးခိုင်းထားကာ အလယ်မှာတော့ Momo နှင့် Hyunsuk..။ Momo သူ့ရဲ့လက်တွေကို ဒဏ်ရာပေါ် တစ်လက်မအကွာမှာ တည်ငြိမ်စွာ ထားလိုက်ရင်း မျက်လုံးတို့ကို မှိတ်၍ တစုံတခုကို ရေရွတ်လိုက်သည်။ လက်မှ အစိမ်းရောင် အငွေ့များက ဒဏ်ရာထဲသို့ ကုန်စင်ဝင်သွားပြီး ဒဏ်ရာမှာလည်း အံ့သြစရာကောင်းလောက်အောင် အမာရွတ်ပါမကျန်ပျောက်သွားလေသည်။
ထိုအခိုက်အတန့်မှာပဲ ကျောင်းသားတစ်ယောက်ရုတ်တရက် လဲကျသွားလေသည်။ အားလုံးရဲ့အကြည့်သည်လည်း ထိုကျောင်းသားဆီသို့ ဦးတည်လျက်...။
"စည်းဖောက်လိုက်တာပဲ" Momo ရဲ့ ရေရွတ်သံ...
Jihyoက အလောတကြီး Momo နားပြေးသွားပြီး
"အဲ့ဒါက ဘာဖြစ်တာလဲ"
"အားလုံးကို လှည့်မကြည့်ဖို့ လှည့်ကြည့်ရင် အန္တရာယ်ရှိတဲ့အကြောင်းကို ပြောထားရက်နဲ့ ဒီတစ်ယောက်က လှည့်ကြည့်လိုက်တယ်လေ လှည့်ကြည့်ရင် ကျိန်စာစူးပြီး နေရာတင် သေဆုံးနိုင်တယ် "
"နင် ကယ်လို့မရဘူးလား"
"မရဘူး ဒီကျိန်စာကို ဖြေဖျောက်ဖို့ အစွမ်းငါ့မှာမရှိဘူး"
ပြောနေရင်းပင် ထိုကျောင်းသားပါးစပ်က အစိမ်းရောင်အမြှုပ်များထွက်၍ နေရာမှာတင် အသက်ဆုံးရှုံးသွားလေသည်။
အားလုံးလည်း စိတ်မကောင်းကြ....။
...........................................................
"အားလုံး ရှင်းပြီးပါပြီ အရှင်"
"သေချာလို့လား"
"ရှင်"
"ပြန်သွားကြည့်လိုက်ပါအုံး အနံ့အသက်တွေက ဆိုးရွားလွန်းနေပြီ"
"အရှင့်အမိန့်တိုင်းပါ"
တွေ့တဲ့လူတွေအကုန်ရှင်းခဲ့တာပဲကို ဘာကမှားနေလို့ပါလိမ့် ဘာပဲဖြစ်ဖြစ် အရှင်ပြောတဲ့အတိုင်း သွားကြည့်လိုက်တာမှန်ပါလိမ့်မယ်
Dahyun တောထဲကို လှည့်လည်သွားလာနေရင်းတစ်နေရာအရောက်လူတွေအုပ်စုလိုက်ကြီးတွေ့လိုက်ရသည်။
"ကျွတ် နည်းတာတွေမဟုတ်ပါလား" ခေါင်းတချက်ရမ်းလိုက်ရင်း ညည်းတွားလိုက်သည်။
**********
YOU ARE READING
Adventure
AventuraIt's just imaginary..... စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ အကြောင်းအရာတွေအားလုံး စိတ်ကူးယဉ်ပြီးရေးထားတာပါ ပထမဆုံးအကြိမ်ရေးသားခြင်းမို့ အရေးအသားညံ့တာကို ခွင့်လွှတ်ကြပါ....