လွန်ခဲ့သော အနှစ် ၂၀ခန့်က.....
"တောင်းပန်ပါတယ် ကျွန်တော်တို့ကို ခွင့်လွှတ်ပါ အရှင်"
"ဟုတ်ပါတယ် အရှင်ရယ် နောက်တစ်ခါ ဘယ်လူသားကိုမှ မကယ်တော့ပါဘူး ကျွန်မတို့ မိသားစုကို ချမ်းသာပေးပါ"
အရှင်ဆိုသောသူမှာ မဲ့ပြုံးတစ်ခုကို ပြုလုပ်လိုက်ရင်း
"ငါအမုန်းဆုံးက လူသားတွေဆိုတာ မသိတာလား မသိချင်ယောင်ဆောင်တာလား သိရက်နဲ့ ဂရုစိုက်တာလား ဟမ်"
"တောင်းပန်ပါတယ် မှားသွားပါတယ်ရှင် ခွင့်လွှတ်ပေးပါ ဒါ ပထမဆုံးနဲ့နောက်ဆုံးပါပဲ နောက်မဖြစ်စေရပါဘူး ကျွန်မတို့ရဲ့ သမီးလေးမျက်နှာကို ထောက်သောအားဖြင့် ခွင့်လွှတ်ပေးပါ အရှင်ရယ်"
ရင်ခွင်ထဲတွင် လသားအရွယ် ဖြူဖြူဖွေးဖွေး ချစ်စဖွယ်ကလေးလေးအား ရင်ခွင်ထဲတွင် ပိုက်ထားသော မိန်းမတစ်ယောက်နှင့် ထိုမိန်းမ၏ အမျိုးသားဖြစ်ဟန်ရှိသော ယောက်ျားတို့သည် အနက်ရောင်ဝတ်ရုံရှည်ဖြင့် လူသားတစ်ဦးအား မည်သို့ပင် တောင်းပန်စေကာမူ ထိုသူမှာ ဖြုံတောင်မဖြုံပေ။ ရက်စက်ကြမ်းကြုတ်တတ်သော စိတ်တို့က မျက်နှာတွင် အထင်းသားပေါ်နေသည်။
"တိတ်စမ်း ငါမကြိုက်တာ လုပ်ရင် ခွင့်လွှတ်မှုဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး "
"မင်းတို့အပြစ်မင်းတို့ ခံယူပေတော့"ထိုသူ၏ လက်တစ်ချက်အဝှေ့တွင် ယော်ကျားဖစ်သူမှာ တစ်ချက်တည်းဖြင့် အသက်ပါသွားလေတော့သည်။ မိန်းမဖြစ်သူမှာ ကလေးကို ဘေးချ၍ ထခုခံလိုက်ရာ ရုတ်တရက်မို့ တစ်ဖက်မှာ နောက်သို့ လေးငါးလှမ်းရောက်သွားကာ ယိုင်တိုင်တိုင်ဖြစ်သွားလေသည်။ သို့သော်လည်း ထိုသူသည် ကိုယ့်ကိုယ်ကို အမြန်ဆုံးဟန်ချက်ပြန်ထိန်းကာ မျက်စိတမှိတ်အတွင်း ထိုမိန်းမအား တိုက်ခိုက်လေတော့သည်။ ထိုမိန်းမမှာလည်း စွမ်းအားရှိသလောက် ခုခံတိုက်ခိုက်ပါသော်လည်း အင်အားချင်းမမျှသည်က တစ်ကြောင်း ၊ သွေးနုသားနုဖြစ်နေသည်က တစ်ကြောင်း နာရီဝက်အတွင်းမှာပင် သူယုတ်မာ၏ လက်ချက်ဖြင့် သေပွဲဝင်သွားရလေတော့သည်။
YOU ARE READING
Adventure
AventuraIt's just imaginary..... စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ အကြောင်းအရာတွေအားလုံး စိတ်ကူးယဉ်ပြီးရေးထားတာပါ ပထမဆုံးအကြိမ်ရေးသားခြင်းမို့ အရေးအသားညံ့တာကို ခွင့်လွှတ်ကြပါ....