"ဘာ.....ဝင်ကမ္ဘာကျွန်း""Na...e.....Nae ဆရာကြီး"
"မဖြစ်ဘူး Jihyo သိပ်အန္တရာယ်များတယ်"
"ဒါပေမယ့် ... စွန့်စားကြည့်ချင်ပါတယ် ဆရာ"
"မရဘူး ဒါက တော်ရုံနေရာမဟုတ်ဘူး အဲ့ဒီမှာ ပုံမှန်မဟုတ်တဲ့ pythonတွေရှိလို့ အရမ်းအန္တရာယ်များတယ်"
"p....python"
"ဟုတ်တယ် အဲ့ဒီကျွန်းက ရှုပ်ထွေးတယ် ထူးဆန်းတယ် အဲ့ဒီကျွန်းရဲ့ အကြောင်းတွေ ကို ဘယ်သူမှ ဂဃနဏမသိဘူး"
ဆရာကြီးဆိုသူမှာ Jihyoတို့ club ကို အုပ်ချုပ်ပေးပြီး လိုအပ်တာ လိုက်လုပ်ပေးတဲ့ ဆရာကြီးဖြစ်သည်။ ဝင်ကမ္ဘာကျွန်းကို မသွားခိုင်းရသည့် အကြောင်းအရင်းမှာ သူကိုယ်တိုင်တောင် မနည်းလွတ်အောင် ထွက်ပြေးလာ၍ သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့သူ ဖြစ်နေလို့ပင်။ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေနဲ့ အတူ သူ့ရဲ့ ချစ်ရသူပါ ထိုကျွန်းရှိ python တို့၏ ဝမ်းဗိုက်ထဲတွင် လဲလျောင်းခဲ့ရသည်။
........................................
"ဆရာက ဘာတဲ့လဲ Jihyo "
Jihyo ခေါင်းကိုသာ အသာယမ်းပြလိုက်ပြီး...
"ဆရာ ပြောပုံအရဆို ငါတို့ သွားဖို့ မဖြစ်နိုင်လောက်ဘူး"
Momo *mind*
(မဖြစ်ဘူး ငါ့အစီအစဥ်တွေ ပျက်လို့ မဖြစ်ဘူး ငါဒီအချိန်ရောက်ဖို့ ဘယ်လောက်ထိ စောင့်ခဲ့ရလဲ....)Momo- အဲ့ကျွန်းက အရမ်းလှတာကိုဟာ... Jeongyeon ah... ဒီမှာ ကြည့်ပါဦး...
အသစ်အဆန်းဆို စိတ်ဝင်စားပြီး အန္တရာယ်များသည်ဟု ဆိုလေ ပိုသွားချင်လေ ဖြစ်သော Jeongyeon ၏ စိတ်ကို ဆွပေးလိုက်သည်။
Jeong-"Oh, god လှလိုက်တာ ရေကလည်း ကြည့်နေတာပဲရော Jihyo ah.."Jihyo-" ya... ဟုတ်သား... pythonတွေရှိတယ်ဆိုတာ ယုံချင်စရာတောင် မရှိဘူး"
SaTzu-"ငါတို့ကတော့ သွားချင်တယ် Mina ,Chaeကော ဘယ်လိုလဲ"
Chae-"မိုက်မယ်ထင်တယ်....chawကတော့ စွန့်စားချင်တယ်"
Mina ကတော့ တိတ်ဆိတ်လျက် ထောက်ခံသည့်သဘောဖြင့် ခေါင်းသာ တဆတ်ဆတ်ညိမ့်လေသည်။
![](https://img.wattpad.com/cover/160831367-288-k689548.jpg)
YOU ARE READING
Adventure
MaceraIt's just imaginary..... စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ အကြောင်းအရာတွေအားလုံး စိတ်ကူးယဉ်ပြီးရေးထားတာပါ ပထမဆုံးအကြိမ်ရေးသားခြင်းမို့ အရေးအသားညံ့တာကို ခွင့်လွှတ်ကြပါ....