ဒီလိုနဲ့ ခရီးဆက်လာခဲ့တာ မိုးတောင်ချုပ်လာခဲ့လေသည်။
ဆရာ Park က သင့်တော်မယ့်နေရာတစ်နေရာရှာလိုက်ပြီး...
"ကဲ...ကလေးတို့ ဒီမှာပဲ ခနနားကြရအောင်"
ဆရာ့စကားသံဆုံးသည်နှင့် Jihyoက
"တဲထိုးကြမယ်ဟေ့"
"Nae.."
ကိုယ့်ကိုယ်ကို အန္တရာယ်များတဲ့နေရာကို လာခဲ့တယ်ဆိုတာကိုတောင် မေ့လျော့ပြီး လူငယ်ပီပီ adventure ဆန်ဆန် နေထိုင်ရတာကိုပင် ပျော်ရွှင်နေခဲ့ကြသည်။
ရွက်ဖျင်တဲများထိုးပြီးနောက် မီးအိမ်လေးများ ကိုယ်စီထွန်းကာ တဲလေးများသည် မီးပုံးများ စီရီထွန်းထားသကဲ့သို့ တောကြီးအလယ်တွင် လှနေတော့သည်။"ကလေးတွေ အပြင်ထွက်ခဲ့ကြအုံး"
"Nae.."
အားလုံးအပြင်ကို စုရုံးရောက်ရှိလာချိန်တွင် ဆရာ က"ငါတို့အခု တောနက်ထဲကိုရောက်လာပြီ ဘယ်ချိန်မှာ ဘာဖြစ်မယ်ဆိုတာမသိနိုင်ဘူး အဲ့တော့ ကင်းတွေချထားရမယ် ယောက်ျားလေးတွေ နှစ်ယောက်တစ်တွဲဆီ ကင်းစောင့်ရမယ်"
"Nae"
"ပြီးတော့ အရေးကြီးတာက ကိုယ့်ကိုယ်ကို ဂရုစိုက်ကြ သွေးထွက်သံယို မဖြစ်စေနဲ့ ဟုတ်ပြီလား"
"Nae"
"ကဲ...အိပ်ကြတော့"
ထိုအချိန် 2yeon ၏ တဲလေးထဲတွင်....
"unnie"
"ဟင်"
"chaw ကို ဘယ်အချိန်တည်းက crush နေတာလဲ 😁"
"ငါကလား"
"အွန်း "
"ဟားဟားဟား " (အသံပြဲကြီးဖြင့်😁😁)
"ငါက ဘာလို့ crush ရမှာလဲ စဉ်းစားလေ ဥာဏ်သုံးကလေးမရဲ့ ""ဟင် မဖြစ်နို်င်တာ အာ့ဆို ခုမှ ကြွေသွားတာလား😁"
"ကျန်တဲ့နေရာတွေ ဥာဏ်ကောင်းပြီး ဒီနေရာတော့ သုံးစားမရဘူးပဲ မမပြောမယ် မှတ်ထား ကလေးမ ... crushတာ မဟုတ်ဘူးကလေးမရဲ့ ချစ်နေမိတာ သိရဲ့လား Yoo Jeongyeon ဆိုတဲ့ကောင်မလေးကို စတွေ့တည်းက ချစ်မိသွားတာ"

YOU ARE READING
Adventure
PertualanganIt's just imaginary..... စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ အကြောင်းအရာတွေအားလုံး စိတ်ကူးယဉ်ပြီးရေးထားတာပါ ပထမဆုံးအကြိမ်ရေးသားခြင်းမို့ အရေးအသားညံ့တာကို ခွင့်လွှတ်ကြပါ....