ချိုက်ရွှမ်းနဲ့ သူ့စစ်သည်တွေရဲ့ မုရွှယ်အပေါ် သဘောထားဟာ ထိုအချိန်ကစပြီး ပြောင်းလဲသွားခဲ့လေတယ်... အရင်က သူတို့ရဲ့စစ်မြင်းတွေကို အသော့နှင်ပြီး မုရွှယ်ကို ဖုန်တွေ၊ အမှိုက်တွေ ဖုံးအုပ်အောင်လုပ်နေကြပေမယ့် အခုကတော့ သူမရဲ့မြည်းအိုလေးနားမှာပဲ မုရွှယ် သွားနိုင်တဲ့နှုန်းအတိုင်း ကိုက်ညှိပေးကြရင်း စောင့်ရှောက်ပေးကြလေတယ်... စစ်သည်တစ်ဦးဆိုရင် သူ့ရဲ့ စစ်မြင်းကို မုရွှယ် စီးဖို့အတွက်ပေးခဲ့ပေမယ့် မုရွှယ်ဟာ ယဉ်ကျေးစွာပဲ ငြင်းဆိုလေတယ်...
ထိုအခါမှာ ချိုက်ရွှမ်းရဲ့ အကြည့်စူးစူးဟာ မုရွှယ်ကို ကူညီဖို့ကြိုးစားနေတဲ့ စစ်သည်ဆီ မြှားတစ်စင်းလိုပစ်ခွင်းလိုက်တယ်... စစ်သည်တွေဟာ မုရွှယ်ကို တစ်ခုခုပေးဖို့ ကူညီဖို့ကြိုးစားတိုင်းမှာ ချိုက်ရွှမ်းရဲ့ အကြည့်တွေဟာ ပိုပိုပြီး ကြောက်စရာကောင်းပြီး အေးစက်လို့လာတယ်...
မြင်းတွေ၊ မုရွှယ်အတွက်ပိုသင့်တော်တဲ့ ပိုမိုသေးငယ်တဲ့ အ၀တ်အစားတွေ၊ သူတို့အမဲလိုက်လို့ရလာတဲ့ အသားတွေ သို့မဟုတ် ညဘက် မုရွှယ်နားနေဖို့ ရွက်ဖျင်တဲတွေ စသဖြင့် စစ်သည်တွေဟာ မသိလိုက်တဲ့အတောအတွင်းမှာပဲ မုရွှယ်ကိုကြင်နာစွာဆက်ဆံပေးဖို့ ကြိုးစားကြတယ်... သို့သော်ငြား မုရွှယ်ကတော့ သူမရဲ့ သီးခြားဆန်တဲ့အပြုအမူကို ဆက်လက်ထိန်းသိမ်းထားရင်း သူတို့အရင်က သူမကို စော်ကားခဲ့သမျှအပြုအမူတွေကို တစ်ချက်ချင်းစီ ပြန်လည်ပေးဆပ်စေတယ်...
"ချိုက် တပ်မတော်ရဲ့ တော်ဝင် မြင်းကောင်းပေါ်မှာ လိုက်ပါစီးနင်းဖို့ ကျွန်မ မထိုက်တန်ဘူး..."
မုရွှယ်ဟာ လေသံချိုချိုလေးနဲ့ပဲ စစ်သည်တစ်ဦးကို ရှက်ရွံ့မှုနဲ့ မျက်နှာနီသွားရအောင် ပြန်လည်ချေပလိုက်တယ်... ထိုစစ်သည်ဟာ မုရွှယ်စီးဖို့ မြည်းအိုကိုပေးခဲ့တဲ့ စစ်သည်ပဲဖြစ်လေတယ်...
"ရပါတယ်... ကျွန်မဘာသာ မရှာနိုင်တဲ့အစားအစာတစ်ခုကို စားဖို့ ကျွန်မ မ၀ံ့ပါဘူး..."
တချို့စစ်သည်တွေဟာ သူတို့အမဲလိုက်လို့ရလာတဲ့အထဲက များစွာသော ပမာဏတွေကို မုရွှယ်ကိုလာပေးသည့် အခါမှာလဲ မုရွှယ်ဟာ သိမ်မွေ့စွာ ငြင်းဆန်လိုက်ပြန်တယ်...
YOU ARE READING
1.ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-4 (ချိုက်ရွှမ်း)
Historical Fictionကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါက်...