အိမ်မကြီးရဲ့ ခန်းမဆောင်ကို မ၀င်မှီမှာပဲ ရယ်မောသံတွေကို မုရွှယ်ကြားလိုက်ရတယ်... သူမ ခန်းမဆောင်ကြီးထဲကိုဝင်ရောက်လိုက်ချိန်မှာ ခရမ်းရင့်ရောင် Cheongsam၀တ်စုံကို ၀တ်ဆင်ထားပြီး ငွေရောင်ငါးရုပ်ထိုးထားတဲ့ ပုဝါစကို ကိုင်ဆွဲထားတဲ့ အင်မတန်ကျက်သရေ ရှိလှတဲ့ အမျိုးသမီးကြီးတစ်ဦး ကိုတွေ့လိုက်ရလေတယ်... သူမရဲ့ အဖြူရောင် ဆံပင်တိုတွေဟာ ကျက်သရေရှိလှစွာ ခွေလိပ်ထားလျက်ရှိပြီး ဒီအမျိုးသမီးကြီးဟာ ၀တ်စားဆင်ယင်နေထိုင်မှုမှာ အမြင်ရှိလှကြောင်း ပေါ်လွင်လို့နေတယ်...
ထိုအမျိုးသမီးကြီးရဲ့ နံဘေးမှာ ထိုင်နေတဲ့ ခန့်ညားလှတဲ့ လူငယ်လေးကို လည်း မုရွှယ် သေချာပေါက်မြင်တွေ့နေရလေတယ်... ချိုက်ရွှမ်းဟာလည်းပဲ သူ့ရဲ့ စစ်သည်တော်ဝတ်ရုံနဲ့ ချပ်ဝတ်တန်ဆာတွေအစား အနက်ရောင် Changshan ၀တ်စုံကို လှဲလှယ်ဝတ်ဆင်ထားလေပြီဖြစ်တယ်... ဒါဟာ မုရွှယ် အတွက် ချိုက်ရွှမ်းပထမဆုံး သာမာန်လူလို ၀တ်စားထားတာကို မြင်ဖူးခြင်းဖြစ်ပေမယ့် အ၀တ်အစားတွေကြောင့်တော့ ထိုသူ့ရဲ့ မျက်နှာပေါ်က အရှိန်အ၀ါဟာ ကျသွားခြင်းအလျဉ်းမရှိလေဘူး... ဒီလိုမျိုးဝတ်စားထားတာခြင်းက ချိုက်ရွှမ်းကို ပိုလိုတောင် ဆွဲဆောင်မှုရှိသွားစေလေတယ်...
ထိုအတောအတွင်းမှာပဲ ချိုက်ရွှမ်းဟာ မုရွှယ် ခန်းမထဲကို ၀င်လာတာကို သတိပြုမိသွားခဲ့တယ်... ပန်းနုရောင် Cheongsam ၀တ်ရုံနဲ့ အဖြူရောင် ဇီးပန်း ပုဝါကို ကိုင်ထားပြီး မုရွှယ်ရဲ့ ဆံနွယ်ရှည်တွေဟာ ဘေးဘက်မှာ တစ်ပွင့်ပန်းကိုသာ ပန်ဆင်ထားရင်း ရိုးရိုးရှင်းရှင်းနဲ့ကို လှပတဲ့ဟန်ကို ပုံဖော်နေလေတယ်... မုရွှယ်ရဲ့ ဇာတိကအိမ်တော်မှာ မုရွှယ် လှပစွာဝတ်စားဆင်ယင်ထားတာကို ချိုက်ရွှမ်းဟာ မြင်ဖူးခဲ့ပေမယ့် သူမရဲ့အလှကိုတော့ အခုမှသာ ပထမဆုံးအကြိမ် ရင်သပ်ရှုမောမိတာဖြစ်တယ်... ဒါဟာ သူမကို ချစ်ကျွမ်းဝင်မိသွားတဲ့ စိတ်ကြောင့်ပေပဲလား...
"မုရွှယ်..."
ချိုက်ရွှမ်းဟာ သူ့အဘွားရဲ့နံဘေးမှာထိုင်နေရာကနေ မုရွှယ်ရှိရာ အ၀င်ဝကို ချက်ချင်းထသွားလေတယ်... သူဟာ မုရွှယ်ရဲ့လက်ကိုဆုပ်ကိုင်လိုက်ပေမယ့် မုရွှယ်က ပုတ်ထုတ်လိုက်တဲ့အခါမှာတော့ ပြုံးမိသွားလေတယ်... သူမရဲ့ အကြည့်စူးစူးတွေကို ရနေပေမယ့် ဒါဟာ မုရွှယ်ရဲ့ သူ့အပေါ် အာရုံစိုက်နေခြင်းဖြစ်တာမို့ သူ့စိတ်ဟာ ပျော်ရွှင်လို့နေလေတယ်...
ESTÁS LEYENDO
1.ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-4 (ချိုက်ရွှမ်း)
Ficción históricaကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါက်...