နောက်ရက်တွေမှာတော့ စစ်သည်အားလုံးဟာသူမကို ပိုပိုပြီး ကြင်ကြင်နာနာပြုမူလာတယ်ဆိုတာကို သတိပြုမိလေတယ်... သူတို့တွေရဲ့စိတ်ထဲမှာ သူမအပေါ် အပြစ်ရှိတဲ့ခံစားချက်နဲ့ သူမကိုသနားစိတ်တွေနဲ့ ပြည့်နေမှန်း မုရွှယ် ကောင်းကောင်းသိတဲ့အတွက် ဒါကို အသုံးချဖို့ ဆက်လက်လုပ်ဆောင်လေတယ်... အထူးသဖြင့် သူဘယ်သူဆိုတာကို ဖုံးကွယ်ထားခဲ့တဲ့ ချိုက်ရွှမ်းရဲ့ ရင်ထဲက အပြစ်ရှိတဲ့ခံစားချက်ဟာ အပြင်းထန်ဆုံးပဲပေါ့... အခုဆိုရင် ချိုက်ရွှမ်းဟာ ဘယ်လိုနည်းလမ်းနဲ့ မုရွှယ်ကို သူ့သရုပ်မှန် ထုတ်ပြရမလဲဆိုတာကိုမသိလေတော့ဘူး...
အရင်ရက်တွေက သူကိုယ်တိုင်ရဲ့ အမည်နာမကို သူ့ဘာသာစော်ကားခဲ့တုန်းကဆို မုရွှယ်ဟာ ချိုက်ရွှမ်းဆိုတဲ့ အမည်နာမကို ကာကွယ်ဖို့ အမြဲရှိနေခဲ့တာပေမို့... အခုအချိန်မှာသာ မုရွှယ်က သူဘယ်သူဆိုတာကို ထုတ်ပြောလိုက်လို့ သိသွားခဲ့ရင် သူမ ဘယ်လိုတုန့်ပြန်လိမ့်မလဲဆိုတာကို သူမတွေးဝံ့လေဘူး... ချိုက်ရွှမ်းဆိုတဲ့သူဟာ အရင်တုန်းက သူ့အပေါ်သူများ ဘယ်လိုတွေးလဲဆိုတာကို တစ်ခါမှ စိတ်ထဲမထည့်ခဲ့ဖူးဘူး... သို့သော်ငြား အခုအချိန်မှာတော့ ဒီမိန်းမငယ်လေးရဲ့ သူ့အပေါ်အမြင်ကို အရမ်းကိုစိုးရွံ့လို့နေပြီ... ဒီအတွေးဟာ သူ့ကို မုရွှယ်ကို သူဘယ်သူဆိုတာ ၀န်ခံဖို့ရာအတွက် အင်မတန်ကို ကြောက်ရွံ့မိနေပြီ...
"မြို့တော်ကို ရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲဟင်..."
မုရွှယ်ဟာ ဒီမေးခွန်းကို နားမလည်ဟန်နဲ့မေးတဲ့အခါတိုင်းမှာ သူ့ရင်ထဲက အပြစ်ရှိတဲ့စိတ်ဟာ ပိုမိုဆိုးရွားလို့လာတယ်... ဘယ်သူကမှလဲ သူမကို လိမ်မိမှာစိုးလို့ တစ်ခွန်းမဟရဲကြလေဘူး...စစ်သည်တွေဟာ ချိုက်ရွှမ်း မုရွှယ်ကို မြို့တော်ထဲ မ၀င်စေချင်သေးတာကိုသိကြတဲ့အတွက် အခုဆို မြို့တော်နားကတောအုပ်ကို ပတ်နေရတာ ရက်ပေါင်းများစွာရှိနေပြီ... ဘာကြောင့် မြို့တော်ထဲမ၀င်စေချင်သေးတာလဲဆိုတာရဲ့ အဖြေကိုလဲ စစ်ဗိုလ်နဲ့ စစ်သည်အားလုံးဟာ နားလည်ကြလေတယ်...
သူတို့ရဲ့စစ်သူကြီးဟာ မုရွှယ်ကို အမှန်တရားကိုပြောပြဖို့ ကြောက်ရွံ့နေကြောင်းနဲ့ သူမသာ အဖြစ်မှန်ကိုသိသွားခဲ့ရင် အရာရာအားလုံးအဆုံးသတ်သွားမှာဖြစ်ကြောင်း သူတို့သိကြတယ်... မုရွှယ်ရဲ့ ဒေါသစိတ်နဲ့ စိတ်နေစိတ်ထားကနေ တွေးမယ်ဆိုရင် ဒီလိုမျိုးအချိန်အတန်ကြာ အလိမ်ညာခံထားရတယ်ဆိုတဲ့အချက်ကို သူမဟာ လွယ်ကူစွာ ခွင့်လွှတ်ပေးမှာမဟုတ်လေဘူး... သူမနေရာက ဘယ်သူကမှလဲ ဒီလိုမျိုး လှည့်စားခံရလို့ ပျော်ရွှင်ကြမှာမဟုတ်ဘူးလေ...
YOU ARE READING
1.ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-4 (ချိုက်ရွှမ်း)
Historical Fictionကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါက်...