အခန်း၂၃:ချိုက်ရွှမ်း/အခန်း၂၃:ချိုက်ရွှမ်း

23K 1.9K 22
                                    

ဟွမ်လီပင်း ကိုယ်လက်သန့်စင်အပြီး လှပတဲ့အ၀တ်အစားတစ်စုံကိုလဲလှယ်ပြီးသွားတဲ့အခါမှာတော့ သူမ မထင်လောက်အောင်စိတ်ပျက်မိသွားလေတယ်... ဘာကြောင့်လဲဆိုတော့ စစ်ဗိုလ်နှစ်ဦးကသာ သူမကို ချိုက်အိမ်တော်ကနေ ခေါ်ထုတ်လို့သွားပြီး နန်းတော်ထဲကို လိုက်ပို့ကြတာကြောင့်ဖြစ်လေတယ်... သူမထင်ခဲ့တာက စစ်သူကြီး ချိုက်ရွှမ်းဟာ သူ့စစ်ဗိုလ်တွေကို လိုက်ပို့ခိုင်းမယ့်အစား သူကိုယ်တိုင် သူမကို လိုက်ပို့လိမ့်မယ်လို့ပေါ့...

သူမဘ၀မှာ ပထမဆုံးအကြိမ်အနေနဲ့ သူမကို တစ်စက်လေးမှ စိတ်မ၀င်စားတဲ့ ယောကျာ်းတစ်ယောက်ကို ဟွမ်လီပင်းဟာ ကြုံတွေ့လိုက်ရခြင်းဖြစ်လေတယ်... သူမဟာ ရန်သူ့ဘက်က မင်းသမီးဖြစ်နေသောငြား လှပပြီး ငယ်ရွယ်နေသေးတယ် မဟုတ်ပါလား... သူမကို သူမကြိုက်ရင်တောင်မှ သူမရဲ့ အလှအပကိုတော့ လေးစားသမှုရှိသင့်တယ်မဟုတ်ပါလား... ဘယ်လိုယောကျာ်းမဆို မိန်းမလှလေးကို မကြိုက်တာမျိုး ရှိဖူးခဲ့လို့လဲလေ??

သို့သော်ငြား ချိုက်ရွှမ်းဟာတော့ သူမနဲ့ ပထမဆုံးစတွေ့စဉ်ကတည်းက လုံးဝကို လျစ်လျူရှုခဲ့လေတယ်... ဒီထက်ဆိုးတာကတော့ ဒီလိုအေးစက်စက်လူသားဟာ မုရွှယ် အတွက်ကိုတော့ ဘယ်လောက်တောင် တန်ဖိုးထားမြတ်နိုးနေလေသလဲဆိုတာကို ဟွမ်လီပင်းဟာ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့လိုက်ရတာပဲမို့ ထူးဆန်းတဲ့ ခံစားချက်တစ်စုံတစ်ရာဟာ ဟွမ်လီပင်းရဲ့ ရင်ထဲမှာ အစပျိုးလို့လာတယ်... အစပိုင်းကတော့ သူမဟာ ချိုက်ရွှမ်း အကြောင်းသိချင်ရုံ သပ်သပ်ပါပဲ... ဒီလိုမျိုးသိချင်စိတ်ကနေ မခံချင်စိတ်အဖြစ် ပြောင်းလဲသွားရင်း ထို မခံချင်စိတ်ကနေတော့ စွဲလမ်းမှုအဖြစ်ဖြစ်သွားခဲ့လေမယ်လို့တော့ သူမမသိလိုက်လေဘူး...

ဟွမ်လီပင်းရဲ့ ချိုက်ရွှမ်းအပေါ်စွဲလမ်းမှုဟာ သူမနဲ့ ဇာတ်လမ်းရဲ့ အဓိကဇာတ်လိုက်အမျိုးသားဖြစ်တဲ့ အိမ်ရှေ့စံ မင်းသား ယန်ကျင်း နဲ့တွေ့ဆုံမှုအပေါ် အကျိုးသက်ရောက်မှုရှိခဲ့လေတယ်... မူလဇာတ်လမ်းအရဆိုရင် ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်နှစ်ဦးဟာ ဒုတိယဇာတ်လိုက်အမျိုးသားရဲ့ မိတ်ဆက်ပေးမှုကြောင့် တွေ့ဆုံခဲ့ရတာဖြစ်လေတယ်... အဓိကဇာတ်လိုက်နှစ်ဦးတွေ့ဆုံချိန်မှာ သူတို့နှစ်ဦးသားဟာ မြင်မြင်ချင်းမှာတင် ချစ်ကျွမ်းဝင်သွားကြရင်း လပေါင်းများစွာ အတူတကွနေထိုင်ကြတာဖြစ်လေတယ်...

1.ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-4 (ချိုက်ရွှမ်း)Where stories live. Discover now