Zawgyi~
နောက်တစ်နေ့မနက်ခင်းမှာတော့ စစ်သည်တော်တစ်စုဟာ သူတို့ရဲ့ စစ်မြင်းတွေပေါ်မှာနေရာယူလျက်ကနေ ချိုက်အိမ်တော်ရဲ့ အပြင်ဘက် တံခါးဝမှာ စောင့်ဆိုင်းလို့နေကြလေတယ်... အရုဏ်ဦးနေဟာ ထွက်ပေါ်မလာသေးတာကြောင့် မုရွှယ်ဟာ ချိုက်ရွှမ်း မျက်နှာပေါ်ကို မကောင်းဆိုးဝါး သွေးနီမျက်နှာဖုံးတပ်ဆင်ပေးလိုက်တာကိုမြင်ဖို့ ဘယ်လမ်းသွားလမ်းလာမှ ရှိမနေလေဘူး... ချစ်စဖွယ် အမျိုးသမီးဆီက လှပတဲ့အပြုံးတစ်ခုကို လက်ခံရရှိနေတဲ့သူတို့ရဲ့ စစ်သူကြီးကိုတော့ စစ်သည်တော်တွေဟာ အားကျတဲ့အကြည့်နဲ့သာ ကြည့်နေနိုင်တော့တယ်... သူမရဲ့ ပါးပြင်ကိုကိုင်ထားလျက်ကနေပဲ ချိုက်ရွှမ်းဟာ ပါးချိုင့်နက်နက်တွေပေါ်အောင် ပြုံးလိုက်လေတယ်... သူ့ရဲ့မျက်နှာကို မမြင်ရသော်ငြား မုရွှယ်ဟာ ထိုသူ သူမကို ပြုံးပြနေမှန်း သိနေလေတယ်...
"အထဲပြန်ဝင်တော့..." ချိုက်ရွှမ်းဟာ မုရွှယ်ရဲ့ပါးပြင်ကိုနောက်ဆုံးအကြိမ်အဖြစ် ပွတ်သပ်လိုက်လေတယ်...
မုရွှယ်ဟာ ချိုက်ရွှမ်းသူ့ရဲ့ စစ်မြင်းပေါ်ကို အားကောင်းကောင်းနဲ့ တင့်တယ်လှစွာ လွှားကနဲ ခုန်တက်လိုက်တာကို စောင့်ကြည့်နေလိုက်တယ်... အမြဲတမ်းပြုမူနေကျအတိုင်းပါပဲ မုရွှယ်ဟာ အိမ်တော်ရဲ့ တံခါးဝမှာ ရပ်လျက်သာပဲ ချိုက်ရွှမ်းနဲ့ သူ့စစ်သည်တွေ ထွက်ခွာသွားသည်အထိ စောင့်ကြည့်နေလေတယ်... မုရွှယ် ကိုယ်ထဲက ပျင်းရိတဲ့ ၀ိဥာဉ်ဟာ ပုံမှန်အားဖြင့်ဆိုလျှင်တော့ နေမြင့်သည်အထိ အိပ်နေမှာဖြစ်ပေမယ့် ဒီနေ့လိုမျိုး ချိုက်ရွှမ်းအရှေ့နယ်စပ်ကို ထွက်ခွာရတဲ့ နေ့မျိုးတွေမှာတော့ သူ့ကို လိုက်လံနှုတ်ဆက်ဖို့ရာ သူမကိုယ်သူမ တွန်းအားပေးပြီး အိပ်ယာထလေ့ရှိတယ်...
ဒီလိုမျိုးအပြုအမူကို သူမဟာ ချိုက်ရွှမ်းအရှေ့နယ်စပ်ကို ထွက်ခွာရတဲ့အချိန်တိုင်းမှာ ပြုမူလေ့ရှိတယ်... သူမရဲ့ အကြောင်းပြချက်ကတော့ သူမကို ထိုအမျိုးသား အမြဲတမ်းအမှတ်တရရှိနေစေဖို့ဖြစ်လေတယ်... ထိုအမျိုးသားဟာ လမ်းအဆုံးရဲ့မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားသည်အထိ မုရွှယ်ကို သူလှည့်လှည့်ကြည့်နေတာကို မြင်နိုင်လေတယ်... သူဒီလိုမျိုး လှည့်ကြည့်တဲ့အခါတိုင်း သူမရဲ့ ကြိုးပမ်းမှုဟာ အရာရောက်ကြောင်း မုရွှယ် သိလေတယ်...
YOU ARE READING
1.ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-4 (ချိုက်ရွှမ်း)
Historical Fictionကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါက်...