အောက်ပါအကြောင်းအရာသည် ငယ်ရွယ်သူများ မသင့်တော်သောအကြောင်းအရာများပါဝင်သောကြောင့်သတိပြုပါရန်...(မူရင်းစာရေးသူရဲ့ warning ပါ)
ဟန်မုရွှယ်ကို အတိတ်ကအနိုင်ကျင့်နှိပ်စက်ခဲ့သူအားလုံးကို ကိုင်တွယ်ဖြေရှင်းပြီးတဲ့အခါမှာတော့ ချိုက်ရွှမ်းဟာ မုရွှယ်ကို မြို့တော်ဆီသို့ ပြန်ကာခေါ်ဆောင်လို့သွားလေတယ်... လက်ရှိမုရွှယ်ဟာ ဟန်အိမ်တော်ကို ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒမရှိလေတာကြောင့် သူမဟာ ထိုအိမ်တော်ကို ရောင်းချလိုက်ပြီး အားလုံးသော အစေခံနဲ့ အပျိုတော်တွေအားလုံးကို တာဝန်ကနေ လွတ်ငြိမ်းခွင့်ပြုလိုက်လေတယ်... သူတို့တွေဟာ မုရွှယ်ဆီမှာ ဆက်လက်အမှုထမ်းဆောင်ဖို့ရာ ဆန္ဒရှိကြပေမယ့် မုရွှယ်အတွက်ကတော့ အစကတည်းက သူမအပေါ်သစ္စာမရှိခဲ့တဲ့ သူတို့တွေကို ခေါ်သွားဖို့ရာ စိတ်ကူးမရှိလေတဲ့အတွက် ငြင်းဆန်လေတယ်...
"မုရွှယ်..." ရွေ့လျားနေတဲ့ ထမ်းစင်ရဲ့အထဲမှာတော့ ချိုက်ရွှမ်းဟာ မုရွှယ်ကို သူ့ပေါင်ပေါ်မှာ ထိုင်စေလေတယ်... "မင်း မိဘတွေရဲ့ အိမ်တော်ကို ဘာကြောင့် ဆက်လက်မထိန်းသိမ်းထားရတာလဲ... မင်းနှစ်သက်တဲ့အချိန်တိုင်း အလည်လာလို့ရတယ်လေ..."
"ဟင့်အင်း..." မုရွှယ်ဟာ သူမရဲ့ခေါင်းကို ချိုက်ရွှမ်းရဲ့ ရင်အုပ်ကျယ်ကျယ်မှာ မှေးတင်ထားရင်းကနေ တိုးသဲ့စွာဆိုတယ်... "ကျွန်မ အဲ့ဒီကို ပြန်မသွားချင်တော့ဘူး..."
ချိုက်ရွှမ်းထင်တာကတော့ မုရွှယ်ဟာ ဟန်အိမ်တော်မှာ ကောင်းမွန်တဲ့အမှတ်တရ တစ်ခုမှရှိမနေခဲ့တာကြောင့်လို့ပေါ့... တကယ်ကတော့ မုရွှယ်ကိုယ်ထဲက စိတ်ဝိဥာဉ်ဟာ ခရီးထွက်ရတာကို မနှစ်သက်တာကြောင့်ဖြစ်လေတယ်... လက်ရှိကမ္ဘာမှာ လမ်းပန်းဆက်သွယ်ရေးဟာ ရွေ့လျားစက်တပ်ယာဉ်ဖြစ်တဲ့ ကားတွေ၊ ရထားတွေ၊ လေယာဉ်ပျံတွေ ရှိမနေတာကြောင့် ခရီးသွားခြင်းဟာ အချိန်အတော်ကြာပြီး မုရွှယ်ရဲ့ ခံစားချက်နဲ့ သိပ်ပြီးတော့ မကိုက်ညီလှလေဘူး....
"ဒါဆို ကိုယ်တို့ ဒီကိုဘယ်တော့မှ ပြန်မလာကြတော့ဘူး..." ချိုက်ရွှမ်းဟာ မုရွှယ်ရဲ့ နှဖူးပြင်ကို ခပ်ဖွဖွ အနမ်းပေးလေတယ်... သက်တောင့်သက်သာဖြစ်လှစွာပဲ မုရွှယ်ဟာ သူမ မျက်ဝန်းတွေကို ပိတ်လိုက်ရင်း သူမကို ချစ်မြတ်နိုးစွာ ပွေ့ဖက်ထားရဲ့ ချိုက်ရွှမ်းရဲ့ ရင်ခွင်ထဲမှာ အိပ်စက်လိုက်လေတော့တယ်...

VOCÊ ESTÁ LENDO
1.ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-4 (ချိုက်ရွှမ်း)
Ficção Históricaကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါက်...