"ရှင်... ရှင်က ချိုက်ရွှမ်း??..."
တိတ်ဆိတ်မှုရဲ့ အဆုံးသတ်မှာတော့ တည်ငြိမ်ပြီး ချိုသာတဲ့အသံလေးဟာ စစ်စခန်းကိုဖြတ်ကာ ကြားလိုက်ရလေတယ်... စစ်သည်တွေအားလုံးဟာ သူတို့စစ်သူကြီးရဲ့ရှေ့မှာ ရပ်နေတဲ့ လှပတဲ့အမျိုးသမီးလေးကို ကြည့်ရင်း အသက်၀၀မရှူရဲကြလေဘူး... သူမရဲ့ မျက်နှာဟာ အောက်ကိုငုံ့နေခဲ့တဲ့အတွက်ကြောင့် ဘယ်သူကမှ သူမမျက်နှာထားကို မခန့်မှန်းနိုင်လေဘူး...
"မုရွှယ်..."
ပါးရိုက်သံတစ်ချက်ဟာ ချိုက်ရွှမ်းကိုသာမက သူ့ စစ်သည်တွေအားလုံးကိုပါ တုန်လှုပ်သွားစေလေတယ်... ဒီလိုမျိုး တားမြစ်ခြင်းမပြုပဲ ချိုက်ရွှမ်းအရိုက်ခံလိုက်တာဟာ ပထမဆုံးဖြစ်လေတယ်...
"မုရွှယ်..."
"လူလိမ်!!!..." မုရွှယ်ဟာ ဒေါသမျက်ရည်တွေအပြည့်နဲ့ ချိုက်ရွှမ်းကို ကြည့်ပြီးတဲ့နောက်မှာတော့ သူမ အကြည့်တွေဟာ အနားမှာရှိတဲ့ စစ်သည်တွေဆီကိုပါ ရွေ့လျားသွားလေတယ်... "ရှင်တို့အားလုံး လူလိမ်တွေ !!!!..."
စစ်သည်အားလုံးဟာ အခြေအနေကိုရှင်းပြချင်ပေမယ့် သူတို့ရှင်းပြခွင့်မရကြလေဘူး... ခေါင်းကိုငုံ့ထားလျက်သာပင် မုရွှယ်ရဲ့ မျက်ရည်တွေပြည့်နေတဲ့ မျက်နှာဆီက အကြည့်လွှဲထားလေကြတယ်...
"ကျွန်မကို လှောင်ရယ်နေရတာ ပျော်ဖို့ကောင်းကြလား? သရော်ရတာ ပျော်ကြရဲ့လား ဟမ်!!!..." မုရွှယ်ဟာ ချိုက်ရွှမ်းဘက်ကို ငိုကာလှည့်ကြည့်လေတယ်... "ဒီလိုမျိုး ရှင့်ရဲ့ လှောင်ပြောင်ခံရဖို့ ကျွန်မဘာများအမှားလုပ်မိခဲ့လို့လဲ? ရှင်ကျွန်မကို လက်မထပ်ချင်ရင် ကျွန်မ ဖျက်ပေးမှာပါ... ကျွန်မကို မလိုအပ်ဘူးဆိုရင် ထွက်သွားပေးမှာပါ... ကျွန်မပြန်လိုချင်ခဲ့တာက ကျွန်မမိသားစုပိုင် ကျောက်စိမ်းပြားလေးတစ်ခုပဲဖြစ်ရဲ့သားနဲ့!!!..."
"မုရွှယ်..." ချိုက်ရွှမ်းဟာ ထိတ်လန့်တကြားနဲ့ မုရွှယ်ကို ဖမ်းဆွဲကာ ဖက်ထားလိုက်တယ်... "မုရွှယ်... ကိုယ်... ကိုယ်လေ..."
"မထိနဲ့!!!..." မုရွှယ်ဟာ ထိုသူ့ကို ဆွဲဖယ်လိုက်ရင်း သူမပါးပြင်ပေါ်မှာ ကျနေတဲ့မျက်ရည်တွေကို ဒေါသတကြီး သုတ်လိုက်တယ်... "ကျွန်မကို မထိနဲ့ နတ်ဆိုးကောင်..."
YOU ARE READING
1.ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-4 (ချိုက်ရွှမ်း)
Historical Fictionကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါက်...