အခန်း၁၇: ချိုက်ရွှမ်း/အခန်း၁၇: ချိုက်ရွှမ်း

25.1K 1.8K 10
                                    

အောက်ပါအကြောင်းအရာသည် ၁၈+ အရေးအသားများ ပါဝင်သောကြောင့် ၁၈နှစ်အောက်ကလေးများ ဖတ်ရန်မသင့်ပါ...

အပျိုတော်တွေအားလုံးမရှိတော့ပဲ အခန်းရှေ့ကကွင်းပြင်တစ်ခုလုံးတိတ်ဆိတ်သွားချိန်မှာတော့ မုရွှယ်ဟာ ကြမ်းပြင်မှာ ကျကွဲနေတဲ့ ကျောက်စိမ်းကို ပြန်ကောက်ယူဖို့ ပြင်လိုက်တယ်... မုရွှယ် မငုံ့ကိုင်းစဉ်မှာပဲ ချိုက်ရွှမ်းဟာ သူမရဲ့ လက်ကို ဖမ်းကာ တားလိုက်လေတယ်...

"ကျွန်မကိုလွှတ်..."

ချိုက်ရွှမ်းဟာ သူမကိုသူ့လက်မောင်းတွေဆီဆွဲယူလိုက်ရင်း ပွေ့ဖက်ထားလိုက်တယ်...

"မုရွှယ်..." ချိုက်ရွှမ်းရဲ့ သြရှရှအသံတိုးတိုးဟာ သူမခေါင်းအထက်နားကနေထွက်ပေါ်လို့လာတယ်... "နှစ်လတောင် ကုန်သွားခဲ့ပြီ... ကိုယ့်ကို ခွင့်မလွှတ်နိုင်သေးဘူးလားဟင်..."

မုရွှယ်ဟာ ချိုက်ရွှမ်းထက် လေးနှစ်ကြီးသော်ငြား ချိုက်ရွှမ်းဟာ မုရွှယ်ထက် အရပ်ပိုရှည်ကာ ထွားကြိုင်းလေတယ်... သူ့ရဲ့ခွန်အားအနည်းငယ်မျှနဲ့တင် မုရွှယ်ကို နာကြင်စေမှန်းသိတာမို့ ချိုက်ရွှမ်းဟာ သူမကို ငြင်သာစွာသာ ပွေ့ပိုက်ထားလေတယ်...

"ဘာကိုများ ခွင့်လွှတ်ပေးရမှာပါလိမ့်??..." သူမရုန်းကန်လဲအချည်းအနှီးဖြစ်ပေမှာမို့ မုရွှယ်ဟာ ငြိမ်သက်စွာသာနေလေတယ်... "Hexin ရဲ့ကြီးမြတ်လှတဲ့ စစ်သူကြီးကို စိတ်မညိုငြင်ဝံ့ပါဘူး..."

ချိုက်ရွှမ်းဟာ ခပ်ရွှင်ရွှင်သာရယ်မောလိုက်ရင်း သူမကို ဖက်တွေ့ထားတာကိုလျော့လျဲစေလိုက်ကာ မုရွှယ်ရဲ့မေးဖျားတွေကို ဆုပ်ကိုင်လိုက်ပြီး အကြည့်ချင်းဆုံလိုက်လေတယ်...

"မင်းကိုယ့်ကို မညိုငြင်ဝံ့ဘူးလို့သာဆိုနေပေမယ့် မင်းမျက်လုံးတွေက ဒီလိုမဟုတ်ဘူးဆိုပြီး သစ္စာဖောက်နေကြတယ်လေ..." ချိုက်ရွှမ်းဟာ မုရွှယ်ကို ခပ်ပေါ့ပေါ့လေး စနောက် လေတယ်...

"ဟွန့်..." မုရွှယ်ဟာ သူမမျက်ဝန်းတွေကို အကြည့်လွှဲလိုက်တယ်...

"မုရွှယ် မင်းစိတ်ထဲက အမျက်တွေကွယ်ပျောက်ဖို့ ကိုယ်ဘာလုပ်ပေးရမလဲ... စေ့စပ်ထားတာကို ဖျက်သိမ်းတာကလွဲရင် ဘာမဆို ကိုယ် သဘောတူပေးပါ့မယ်..."

1.ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-4 (ချိုက်ရွှမ်း)Nơi câu chuyện tồn tại. Hãy khám phá bây giờ