မမရဲ့ မျက်ဝန်းတွေက တစ်ခုခုကိုပြောချင်သလိုဆိုတာ လွန်းရိပ်မိသည်။
လွန်း ။ ။ " သခင်လေး ဘာကိုပြောချင်တာလဲဟင် "
ယူဂျီ ။ ။ " ငါက အခု ယောကျာ်း.......ဟင့်အင်း ငါ အရင်တည်းက ငါက မိန်းမ မဟုတ်ခဲ့တာ ငါ ....ငါ "
မမ ရဲ့မျက်ရည်က လွန်း ပါးပြင်ပေါ်သို့ကျသွားတော့သည်။
လွန်း ။ ။ " မမ "
လွန်းတစ်ယောက် မမ ပါးပြင်ပေါ်က မျက်ရည်တွေ ကို သုတ်ပေးရင်း သူ့အပေါ်တွင် အုပ်မိုးထားတဲ့ မမ ကိုဖက်ကာ
လွန်း။ ။ " အားရပါးရ ငိုလိုက်ပါ မမ.. မကြာခင် မမ ရင်ဆိုင်နေရတဲ့ အခက်အခဲ တွေ အဆင်ပြေသွားမှာပါ "
ယူဂျီ တစ်ယောက် လွန်းသူ့ကို ဖက်ထားသော် လက်တွေဖယ်ရင်း လွန်းအပေါ်ကနေ ပါ ခွာကာ ကုတင်ခြေရင်းတွင် ထိုင်လျှက်
ယူဂျီ ။ ။ " အခက်အခဲ ငါ အရင်ကတည်းက ရင်ဆိုင်နေရတာပါ "
လွန်း။ ။ " ဘာအခက်အခဲရှိလို့လဲ မမ... လွန်း ကိုပြောလို့ရရင်းပြောပါ "
ယူဂျီ ။ ။ " ငါကလည်း မင်းကိုမှ ဘာလို့ ပြောပြချင်နေလဲမသိဘူး "
လွန်း။ ။ " မမ "
ယူဂျီ။ ။ "ငါအသက် 12 နှစ်သမီးကတည်းက ငါခန္ဓာကိုယ်က ယောကျာ်းလေးအသွင်ပြောင်းလဲလာတယ်။ ဘာရောဂါဖစ်တာလဲ ဆိုတာလည်း လုံးဝ အဖြေရှာလို့ မရခဲ့ဘူး။ အသက်တွေ တစ်နှစ်ပီး တစ်နှစ်ကြီးလာတယ် နောက်ဆုံး ကျတော့ မပျောက်တဲ့ အပြင် ယောကျာ်းလေးအင်္ဂါ ပါရှိလာခဲ့တယ် ဆရာဝန်တွေက ဒွိလိင် လို့ ကောက်ချက်ချပေမယ့် ငါက အရင်ကတည်းက ရင်သားလုံးဝမရှိခဲ့တာ ရယ်ရတယ်မလား... ဒါမှမဟုတ် အရင်ကတည်းက ပဲ ငါက ယောက်ျား လေးများလား ငါ့ကိုယ်ငါလည်းမုန်းတယ်။ ငါက အရမ်းထူးခြားတဲ့သူဖစ်နေတဲ့ အတွက်ကြောင့်မို့လို့လား။ ငါချစ်သူတွေထားခဲ့တယ် ဒါမယ့် ဘယ်အကောင်ကိုမှ ငါမချစ်ခဲ့ဘူး ချစ်လို့လည်းမရခဲ့ဘူး။ အချိန်တန်ရင်းအသားကျသွားမယ် တွေးပေမယ့်အခုထိ ငါမနေတတ်ခဲ့ဘူး။ အဖေက ငါ့ကို အသစ်တစ်ဖန်ပြန်စစေချင်တယ်လေ ဒါကြောင့် မို့ အိမ်တွေပြောင်းခဲ့တယ် ငါ့နာမည် ငါ့ပုံစံတွေက အစပေါ့။ အမေကလည်း နောက်အိမ်ထောင်နဲ့ မို့ ဂျပန်ကနေပြန်မလာတော့ဘူးလေ။ အဖေကတော့ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ဆုံးသွားခဲ့ပီး။ ဒီအိမ်မှာ အလုပ်လုပ်တဲ့သူတွေ အကုန်လုံး က အဖေ့ကို သစ္စာရှိကျတယ် အဖေက သူတို့ ကိုမှာခဲ့တာ ငါ့ကိုစောင်ရှောက်ပေးဖို့ အတွက်ပေါ့..... အခုလိုမျိုးကြားရတော့ ငါ့အပေါ်ရွံ့သွားလား "
လွန်း။ ။ "ဘာလို့ ရွံရမှာလဲ မမရယ် မမက ထူးခြားတဲ့သူဖစ်နေလို့ ရွံရမှာလား...ခြေထောက် မရှိတဲ့ သူတောင် ဘဝကို အရှုံးမပေးဘဲ ရင်ဆိုင်တယ်။ လက်မပါတဲ့သူလည်း ခြေထောက်နဲ့ Piano ကိုတီးခတ်တယ်။ အကြိမ်ကြိမ်အခါခါ ကျရှုံးနေတဲ့ စာရေးဆရာ တွေ စီးပွားရေးသမားတွေ သူတို့ ဘယ်တော့ မှအရှုံးမပေးကြဘူး။ မမကရော မမအခုလိုပြောင်းလဲလာလို့ ငါ့ကိုယ်ငါ မုန်းတာပဲဆိုတဲ့ စိတ်ကြီးကိုမထည့်ပါနဲ့ ကိုယ့်ကိုချစ်ပါ။ လူတိုင်းမှာအခက်အခဲကိုယ်စီရှိကြတယ် ဒါမယ့် လူတိုင်းကလည်း လွယ်လွယ်နဲ့ အရှုံးမပေးတတ်ဘူး။ မမ ဝမ်းမနည်းပါနဲ့ တော့နော် "
ယူဂျီ တစ်ယောက် လွန်း ကို စိုက်ကြည့်ရင်းကနေ လွန်းခါးလေးကိုဆွဲယူကာ နှုတ်ခမ်းချင်းထပ်တူကြလိုက်သည်။ လွန်းကတော့ မျက်လုံးလေးပြူးကာ အံသြနေတော့သည်။ ယူဂျီ လည်း လွန်းနှုတ်ခမ်းပေါ်က သူ့နှုတ်ခမ်းလေးအား ခွာကာ,
ယူဂျီ။ ။ "ငါ့ကိုတွန်းထုတ်မယ် ထင်နေတာ အခုထိ ငါ့ကိုချစ်နေတုန်းပဲလား"
လွန်းတစ်ယောက် ရှက်ရှက်နဲ့ ပြေးထွက်လာတော့သည်။ ယူဂျီ တစ်ယောက် ပြုံးနေတာကိုတော့ လွန်းမသိခဲ့ပေ။
ယူဂျီ။ ။ "ကျေးဇူးပါ "
Next Morning,
လွန်းတစ်ယောက် မနေ့ ညက ကိစ္စ ကြောင့် မမ ကိုတွေ့ရမှာ ရှက်နေလေသည်။ ဒီလိုနဲ့ ဧည့်ခန်း ထဲကို မှန်တံခါးကနေချောင်းကြည့်တော့ မမတစ်ယောက် ထုံးစမ်းအတိုင်း Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေလေသည်။ ထိုအချိန် အန်တီ ထားက အမျိုးသားနှစ်ယောက်ကို ခေါ်လာခဲ့တော့သည်။ ထိုအမျိုးသားနှစ်ယောက်ကိုတွေ့ တော့ မမ က ထကာ တစ်ယောက်ရဲ့လက်မောင်းကိုပုတ်လိုက်ပီးတော့ နောက်တစ်ယောက်ကိုတော့ ဖက်လိုက်လေသည်။
လွန်း။ ။ "မမ ဖက်နေတဲ့ သူကိုငါမြင်ဖူးသလိုပဲ...မှတ်မိပီး ကျောင်းတုန်းက မမကိုကားနဲ့ လာကြိုတဲ့တစ်ယောက်ပါလား.. မမနဲ့ ဘယ်လိုပတ်သတ်တာပါလိမ့်"
တစ်ဖက်တွင်,
ယူဂျီတစ်ယောက် ဖက်ရင်းမှခွာကာ
ယူဂျီ။ ။ " နေကောင်းလား သော်ကြီး "
နေ။ ။ " နေကောင်းလို့ မင်းဆီ လာတာလေ မြင်နေရဲ့သားနဲ့ "
ယူဂျီ။ ။ "မင်းဟာလေ..အခုထိကို မပြောင်းလဲသေးပါလားနော် နေပိုင်သော်... ဒါကြောင့် မို့ သူငယ်ချင်း မရှိတာ "
နေ။ ။ "နေစမ်းပါ "
ယူဂျီ။ ။ " လာထိုင် "
နှစ်ယောက်စလုံးထိုင်ပေမယ့် လူတစ်ယောက် ကတော့ မထိုင်သေး
နေ။ ။ " မင်း...အတွင်းရေးမှူးကိုအပစ်ပေးထားတာလား "
ယူဂျီ။ ။ "သူက အဲ့တိုင်းပဲ....ခန့် နိုင်ထိုငိလေကွာ "
ခန့်နိုင်။ ။ "ဟုတ်"
နေ။ ။ "မင်းဟာက စက်ရုပ်ကို အတွင်းရေးမှူးရထားတာလား... ငါနဲ့ အတူလာတော့လည်း ငါက တစ်လုံးမေးမှ တစ်လုံးဖြေတယ် "
ယူဂျီ။ ။ "မင်းလည်း ဘာထူးလဲ ငါ့ အတွင်းရေးမှူးက အနေထိုင်အေးတာ မင်းကမှ တကယ့်စက်ရုပ် လူကို ရှိတယ်လို့တောင် မသတ်မှတ်ဘူး မင်းရဲ့ဘုကလန့်အပြောတွေကိုသည်းခံတဲ့သူဆိုလို့ ငါပဲ ရှိလို့ ငါနဲ့ပဲ သူငယ်ချင်း ဖစ်နေတာကိုများ "
နေ။ ။ " မင်းကတော့ .... ဒါနဲ့ အလုပ်ကိစ္စ..."
ယူဂျီ။ ။ " အာာာ...ဟုတ်သား။ အခု မင်း JT game company ကိုဦးဆောင်ပေး "
နေ။ ။ " ဘာလား ငါက အခု ဒု မန်နေဂျင်လေ။ "
ယူဂျီ။ ။ "သိတယ်လေ...အခုဟာက Company မှာ ဥက္ကဋ္ဌ လည်း မရှိ။ ဒုမန်နေဂျင် ဖစ်တဲ့မင်းက အခုမှပြန်လာတာလေ အဲ့တော့ ဥက္ကဋ္ဌ ဖစ်တဲ့ ငါက အခုထိ မျက်နှာမပြရသေးတော့ လူတွေကလည်း ပြောချင်တိုင်းပြောနေကြတယ် အရင်ဆုံးအဲ့ကိစ္စကိုမင်းပဲ ရှင်းပီး Company ကိုခဏဦးဆောင်ပေး။ ငါအချိန်တန်ရင်း လာမှာပါ "
နေ။ ။ "အော်...ငါက မင်းဘာလို့ မျက်နှာမပြတဲ့ ကိစ္စ ကိုရှင်းရအုန်းမယ်ပေါ့..အေးလေ နက်ဖြန် သူတို့ ကိုပြောလိုက်မယ်လေ။ သူက အရမ်းရှက်တတ်တော့ အိမ်ထဲကနေအိမ်ပြင်တောင်မထွက်ဘူးလို့ "
ယူဂျီ။ ။ "ပေါက်ကရတွေ ပြောလာကြည့် မင်းနဲ့ တွေ့မယ် ပြီးတော့ ခန့်နိုင် ကလည်း မင်းကို ကူညီပေးမယ်။ နောက်ပီး စစ်အောင် ရဲ့ညီ ကလည်း နက်ဖြန်အလုပ်စဆင်းမှာ "
နေ။ ။ " ဘာာာ အဲ့အကောင်နဲ့ ငါမတည့်တာကို "
ယူဂျီ။ ။ " သူမဟုတ်ဘူး သူ့ညီပါဟ။ "
နေ။ ။ " မသိဘူး...အလုပ်ထုတ်လိုက် "
ယူဂျီ။ ။ " စစ်အောင်ကလည်း ငါ့သူငယ်ချင်းပဲလေ။သူတောင်အခု ကလေးအဖေဖစ်လို့ ရင့်ကျက်နေပီး မင်းကအခုထိ ကလေးဆန်တုန်းပဲလား.. "
နေ။ ။ "ဘယ်မှာ ငါကလေးဆန်လို့ လဲ "
ယူဂျီ။ ။ "ငါထပ်မပြောဘူးနော် သူ့ညီကိုလည်း ပြသာနာသွားရှာမနေနဲ့အုန်း"
ထိုအချိန် လွန်း တစ်ယောက် ဗန်းလေးကိုင်ကာ Coffee ခွက်လေးသုံးခွက် ချပေးရင်း
လွန်း။ ။ " အန်တီ ထား ပို့ခိုင်းလိုက်တာ "
ယူဂျီက လွန်းကို ကြည့်ရင်း
ယူဂျီ။ ။ "အင်း "
နေ။ ။ "တော်ပီး ငါမသောက်တော့ဘူး ပြန်ပီး။ ခန့်နိုင် မင်းလာခေါ်လို့ ငါကားထားခဲ့တာ ပြန်လိုက်ပို့ ပေး "
ခန့်နိုင်။ ။ "အင်း..ဒါဆို ကျွန်တော်သွားလိုက်အုန်းမယ် "
နေ ။ ။ "ငါသွားပီး "
သူတို့ နှစ်ယောက် ထွက်သွား တော့
လွန်း။ ။ " လွန်း စိတ်အနှောက်ယှက်တစ်ခုခု ပေးမိလားဟင် "
ယူဂျီ။ ။ "မဟုတ်ပါဘူး..အဲ့အကောင်က အဲ့အတိုင်းပဲ "
လွန်း။ ။ "မမ မဟုတ်ဘူး သခင်လေး အဲ့သူငယ်ချင်း ကျောင်းတုန်းက လာကြိုဖူးတယ်နော် "
ယူဂျီ။ ။ " အွန်း..လွန်းက မှတ်မိသားပဲ...ဘာလဲ စိတ်ဝင်စားနေတာလား "
ကြောက်ဖို့ ကောင်းတဲ့အကြည့်နဲ့ မေးလိုက်တဲ့ မမကြောင့် ,လွန်းလန့်ကာ
လွန်း။ ။ "မ ..မဟုတ်ပါဘူး ကျောင်းတုန်းက ချစ်သူ..."
ယူဂျီ။ ။ " သူနဲ့ ငါက ချစ်သူ...အဲ့အကောင်ကို ယူမယ့်သူမရှိမှာတောင် ငါကစိုးရိမ်နေတာာ...ငယ်သူငယ်ချင်းလေ အဲ့အကောင်နဲ့ က "
လွန်း။ ။ "အော်.."
တကယ်တော့ လွန်း ရင်ထဲတွင် အရမ်းပျော်နေသည် ချစ်သူမဟုတ်တော့ လွန်းအတွက်ပိုပီးတောင် ပျော်နေတော့သည်။
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
( ပေါ့ပျက်ပျက် ဖစ်သွားရင်း နားလည်ပေးကြပါနော် စိတ်ကူးယဉ် ဇာတ်လမ်း မို့ ပါ။ ပြီးတော့ မမ ကိုဒွိလိင်က အရင်ကတည်းက ငါတွေးထားတာမို့ ပါနော်)
ESTÁS LEYENDO
ကျွန်မ ချစ်တဲ့ မမ
Romanceအရင်ဝတ္ထု က မပီးသေးဘူး ဒါမယ့် ဆက်လည်းမရေးချင်ဘူး။ ကိုယ် စိတ်မပါပဲ လျှောက်ရေးထားသလို ဖြစ်နေတယ်။ အခုဒီဝတ္တု လေးကို သေချာရေးကြည့်ချင်တယ်။ ဇာတ်လမ်းအကျဉ်း [ လွန်းတစ်ယောက်ငယ်ငယ်ကတည်းက ကြိတ်ချစ်ခဲ့ရတဲ့ မမ။ အကြောင်းတစ်ခုေ...