ကျွန်​မ ချစ်​တဲ့ မမ (8)

3.9K 213 3
                                    

ရတီတစ်​​ယောက်​ လွန်း ကိုဖက်​လိုက်​​တော့သည်​။ လွန်းကလည်းရတီကိုပြန်​ဖက်​ထားရင်း
ရတီ။ ။"နင်​ရက်​စက်​လိုက်​တာ ငါတို့ ကိုအဆက်​သွယ်​ဖြတ်​ပီး နင်​ထွက်​သွားတယ်​။ "
လွန်း။ ။ "ငါအဲ့လိုမလုပ်​ချင်​ခဲ့ပါဘူးဟာာ.."
ထိုအချိန်​ အနား ကို ယူဂျီ ​ရောက်​လာပီး လွန်းလည်း ရတီကို ဖက်​ထားရာမှ ခွာလိုက်​​တော့သည်​။ ရတီတစ်​​ယောက်​ ယူဂျီ ကို ကြည့်​ပီး
ရတီ။ ။ "ဒါ..နင်​ချစ်​သူလား..."
လွန်း။ ။ "အင်း..ဟုတ်​တယ်​ "
ရတီ။ ။ "ဒါနဲ့ တစ်​​နေရာမှာ ရင်းရင်းနှီးနှီး မြင်​ဖူး​နေသလိုပဲ.."
ရတီတစ်​​ယောက်​ ယူဂျီ ကို​သေချာကြည့်​​တော့ အံသြကာ စကား​ပြော​တော့မယ့်​အချိ​န်​ ယူဂျီ က
ယူဂျီ။ ။ " ယူရိုလင်းပါ "
ရတီ။ ။ "ဟုတ်​တယ်​ အဲ့ဒါကိုအခု​ပြောမလို့ ..​ဟောဒီက အစ်​မက..အဲ..ဘယ်​လို​ပြောရမလဲ.... "
ယူဂျီ။ ။ "အခုလက်​ရှိ ကျွန်​​တော်​ နာမည်​ က ယူဂျီ ပါ။ ဒါ​ကြောင့်​ ယူဂျီလို့ ပ​ခေါ်​ပေးပါ...."
ရတီ။ ။ "ဘယ်​လိုလုပ်​..​ယောက်ျား ​လေးတစ်​​ယောက်​လို ဖစ်​​နေတာပါလိမ့်​...အာာ မ​မေးသင့်​ဘူးထင်​ပါတယ်​..လူတိုင်းမှာအ​ကြောင်းပြချက်​ကိုယ်​စီရှိတာပဲ..ဒါ​ကြောင့်​မို့ အခု ရတီ​ပြောလိုက်​တဲ့ စကားကို စိတ်​ထဲမထားနဲ့ ​နော်​ "
ယူဂျီ။ ။ "လွန်းသူငယ်​ချင်း က လွန်းအတိုင်းပဲ...နားလည်​မှုရှိတယ်​"
ရတီနဲ့ လွန်း တစ်​​ယောက်​ မျက်​နှာ တစ်​​ယောက်​ ကြည့်​ကာ ပြုံးလိုက်​ ကြ​တော့သည်​။
ရတီ။ ။ "လွန်း..နင်​ph no..​ပေးအုန်း.."
လွန်း။ ။ "ငါ့မှာ ph မရှိဘူး "
ရတီ။ ။ "ဒါဆို ဘယ်​လိုဆက်​သွယ်​ရမလဲ "
လွန်း တစ်​​ယောက်​ ယူဂျီ ကို ကြည့်​လိုက်​ရင်း
လွန်း။ ။ " အိမ်​ ph no ​ပေးလို့ရလားဟင်​.."
ယူဂျီ။ ။ "ommm ​ပေးလိုက်​​လေ "
လွန်း ph no ​ပေးလိုက်​ပီး
ယူဂျီ။ ။ "ဒါဆို ပြန်​ကြ​တော့မယ်​​လေ..."
လွန်း။ ။ "ငါ့ကို ဆက်​သွယ်​လိုက်​​နော်​ "
ရတီ။ ။ "ommm"
ဒီလိုနဲ့ နှုတ်​ဆက်​ပီး လွန်း တို့ အိမ်​ပြန်​လာ​တော့သည်​ ။ ည၈နာရီ ​ရောက်​​တော့ အိမ်​ph မှ အသံလာရာ လွန်း အ​ပြေးအလွှာ အမြန်​ကိုင်​လိုက်​​တော့သည်​။ တစ်​ဖက်​တွင်​ ယူဂျီ မှလည်း အ​ပေါ်ထပ်​တွင်​ ခိုးနား​ထောင်​ဖို့ အတွက်​ အ​ပေါ်phကို ကိုင်​လိုက်​​တော့သည်​။
လွန်း။ ။ "ရတီ လားးး"
ရတီ။ ။ "အင်းဟုတ်​တယ်​....လွန်း ငါတို့ သူငယ်​ချင်းတွေအားလုံး နက်​ဖြန်​တွေ့ရအောင်​..ငါ ဟိုကောင်​တွေကိုတော့ မပြောရသေးဘူး..ပီးတော့ မင်းခက်​ကလည်း နိုင်​ငံခြားက ပြန်​လာပီးလေ.."
လွန်း ။ ။ "အင်း​တွေ့မယ်​ နင်​ငါ့ကိုလာ​ခေါ်ပါလား.."
ရတီ။ ။ "ရတယ်​​လေ..နင်​က ဘယ်​မှာ​နေတာလဲ.."
လွန်း။ ။ "ငါက..Xxxxxxxx အဲ့မှာ​နေတာ "
(မှတ်​ချက်​။ ။ ဘယ်​မှာလဲဆိုတာထညိ့မ​ရေး​တော့ပါဘူး​နော်​)
ရတီ။ ။ "​ကောင်းပီး​လေ.. ငါအဲ့ကိုလာခဲ့မယ်​.."
လွန်း။ ။ "နင်​က သူတို့ သုံး​ကောင်​နဲ့ အဆက်​အသွယ်​ ရှိ​နေတာ​ပေါ့.."
ရတီ။ ။ "အင်းဟုတ်​တယ်​.. သူတို့ သုံး​ကောင်​က အခုဆို Company တစ်​ခုထဲမှာ အလုပ်​လုပ်​​နေကြတာ​လေ.....ပြီး​တော့ ငါ​လေ ငါ့မှာ ချစ်​သူ ရှိ​နေပီး"
လွန်း ။ ။ "ဟယ်​..ငါနဲ့ မိတ်​ဆက်​ ​ပေး​နော်​ "
ရတီ။ ။ "မိတ်​ဆက်​ ​ပေးစရာ​တောင်​မလိုပါဘူးဟယ်​....နင်​သိတဲ့သူပဲ"
လွန်း။ ။ "ဘယ်​သူတုန်း...ဟိုသုံး​ကောင်​ထဲက တစ်​​ယောက်​ လားး..ဒါဆို မင်းခက်​​ပေါ့..."
ရတီ။ ။ "အမ​လေး...မင်းခက်​နဲ့ ငါ​တောင်​ ပြန်​ဆုံတာဘယ်​​လောက်​မှမရှိ​သေးဘူး...မင်းခက်​ မဟုတ်​ဘူး.. သူရနဲ့ .."
လွန်း။ ။ "ဘာာာ... သူရ... အဲ့ဒီင​ပွေနဲ့...ထင်​​တောင်​မထင်​ဘူးဟယ်​..​ကျောင်းတုန်းက နင်​နဲ့ မင်းခက်​က အမြဲတပူးတတွဲတွဲ အဲ့​တော့နင်​တို့ နှစ်​​ယောက်​လို့ထင်​တာ ပြီး​တော့ ..သူရက တခြား​ကောင်​မ​လေး​တွေနဲ့ ရှုပ်​​နေတာ..နင်​တို့ ဘယ်​လို​တွေ ချစ်​သူ​တွေ ဖြစ်​ခဲ့တာ လဲ..."
ရတီ။ ။ "အဲ့ဒီအ​ကြောင်းက ​အေး​ဆေး​တွေ့မှ​ပြောပြမယ်​..အခု​တော့ ငါ့ အင်္ကျီ ဆိုင်​ အတွက်​ အထည်​အသစ်​​တွေကို စာရင်းဇယား လုပ်​ရအုန်းမှာမို့ ငါph ချ​တော့မယ်​​နော်​..ပြီး​တော့ နက်​ဖြန်​ ငါလာ​ခေါ်မယ်​​နော်​.."
လွန်း။ ။ "Ommmmmm.."
လွန်းတစ်​​ယောက်​ ph ချလိုက်​​တော့ အ​ပေါ်ထပ်​မှ အိမ်​ph ​နောက်​တစ်​လုံးနဲ့ ခိုးနား​ထောင်​​နေတဲ့ ယူဂျီ လည်း ph ချလိုက်​​တော့သည်​။ လွန်း အ​ပေါ် ထပ်​သို့ တက်​လာပီး ယူဂျီ အခန်းကို တံခါး​ခေါက်​ကာ ဝင်​လာ​တော့ သဘ်​။ စာရင်းဇယား လုပ်​​နေပုံ ဖမ်းထားတဲ့ ယူဂျီ ကို
လွန်း။ ။ "မမ..နက်​ဖြန်​ လွန်းတို့ သူငယ်​ချင်း​တွေ ​တွေ့မလို့ အဲ့ဒါသွားမယ်​​နော်​..."
ယူဂျီ။ ။ "မသွားရဘူး.."
လွန်း။ ။ "ဘာလို့ လဲ..အခုဟာက ရတီကိုယ်​တိုင်​လာ​ခေါ်မှာ..ပြီး​တော့ မ​တွေ့ဖစ်​တာ အရမ်းကြာ​နေတဲ့ လွန်းတို့ သူငယ်​ချင်း​တွေ ပြန်​ဆုံချင်​တယ်​..မမ...လွန်း သွားပါရ​စေ​နော်​..."
ယူဂျီ။ ။ " မသွားရဘူး.. ငါ​ပြော​နေတယ်​​လေ.."
လွန်း။ ။ "မမ...ဘာဖြစ်​​နေလဲ...ဘာလို့ အဲ့​လောက်​ထိ လွန်းကို ချုပ်​ချယ်​ ​နေရတာ လဲ.."
ယူဂျီ။ ။ " ပိုင်​ဖြိုး လည်း ပါမှာပဲ​လေ "
လွန်း။ ။ "ပိုင်​ဖြိုး က လွန်းသူငယ်​ချင်း ပါ...ပြီး​တော့ လွန်းမှ သူ့ကို မချစ်​တာ မမ ဘာ​တွေကို ​ကြောက်​​နေရတာလဲ..."
ယူဂျီ ။ ။ "မင်း.....ငါ့အ​ပေါ် ကို သစ္စာ​ဖောက်​မှာကို..."
လွန်း ။ ။ " မမ. "
ယူဂျီ။ ။ "အဲ့ဒါ​ကြောင်း ဘယ်​မှ သွားခွင့်​မ​ပေးတာ..ပြီး​တော့ ငါ့အ​ပေါ် သစ္စာ မရှိတာ တစ်​ခုခု လုပ်​လို့ က​တော့ ငါက မင်းကို ဘယ်​​တော့ လွှတ်​​ပေးမှာမဟုတ်​သလို ခွင့်​လွှတ်​ မှာလည်း မဟုတ်​ဘူး...ငါကအတ္တသမားမို့ လို့ပဲ "
လွန်း တစ်​​ယောက်​ ယူဂျီ ​ပေါ်တွင်​ ထိုင်​ကာ ဖက်​ပီး
လွန်း။ ။ " မမ ကို လွန်း​လေ..အရင်​ကဆို အ​ဝေးက​နေပဲကြည့်​ပီး ချစ်​ခဲ့ရတာ...အခုလို မမ က လွန်းအ​ပေါ် ဒီ​လောက်​ထိ ချစ်​မယ်​လို့ တစ်​ခါမှမ​တွေးဘူးဖူး..လွန်း​ပျော်​တယ်​....မမ က လွန်းကို ပိုင်​တယ်​....ဒါ​ကြောင့်​ မို့ မမ က အနိုင်​ရထားတဲ့သူမို့ ဘယ်​အရာကိုမှ မ​ကြောက်​နဲ့​နော်​.."
ယူဂျီ။ ။ "ကောင်းပီးလေ...သွား "
လွန်း။ ။ "အဲ့ဒါကြောင့်​ပိုချစ်​ရတာ "
ယူဂျီ။ ။ "တော်​ပါ....ပီးတော့ ...."
ပြောရင်း အံဆွဲ ထဲမှ ပစ္စည်း ဘူး​လေးတစ်​ခုထုတ်​ကာ
ယူဂျီ ။ ။ "ph အသစ်​ လွန်းအတွက်​...ကိုယ်​အခု လွန်း ကို ယုံကြည်​လို့ ​ပေးတာ​နော်​.. "
လွန်း ။ ။ " ph က မိုက်​လိုက်​တာ... ဘာပဲဖစ်​ဖစ်​ ​ကျေးဇူးပါ မမ.."
ယူဂျီ။ ။ "မလိုဘူး..."
ယူဂျီ တစ်​​ယောက်​ လွန်းမျက်​နှာ​လေးကို ​နေရာအနှံအနမ်း​​တွေ​ပေးလိုက်​​တော့သည်​။ လွန်းကလည်း ထိုအနမ်း​တွေ ခံယူ​နေ​တော့သည်​။
နောက်​တစ်​​နေ့ မနက်​;
လွန်း အိမ်​အလုပ်​​တွေ ကို​စော​စော ထလုပ်​ပီး​တော့ ရတီကို​စောင့်​​နေ​တော့သည်​။ ထိုအချိန်​ အန်​တီ ထားနဲ့  အတူ ရတီပါဝင်​လာ​တော့သည်​။ အန်​တီ ထားက​တော့ ရတီကို ထားခဲ့​ပေးပီး လုပ်​စရာ ရှိတဲ့ အလုပ်​​တွေ သွားလုပ်​​နေ​တော့သည်​။ ဆိုဖာ​ပေါ်တွင်​ ထိုင်​​နေတဲ့ ယူဂျီ တစ်​​ယောက်​ ရတီကို ကြည့်​ကာ
ယူဂျီ။ ။ "သူ့ ကို ဂရုစိုက်​ ​ပေးပါအုန်း​နော်​ "
ရတီ ။ ။ "ဟုတ်​..စိတ်​မပူပါနဲ့.. ကျွန်​မ ကားနဲ့ပဲ ပြန်​လိုက်​ပို့ ​ပေးမှာပါ "
ယူဂျီ ကိုနှုတ်​ဆက်​ပီး ထွက်​လာကြ​တော့သည်​။ ရတီ က ကား​မောင်း ​နေပီး ​ဘေးတွင်​ လွန်းထိုင်​ကာ,
လွန်း ။ ။ " Wowww ငါ့သူငယ်​ချင်းက မိုက်​လိုက်​တာ , ကိုယ်​ပိုင်​ကားနဲ့ "
ရတီ ။ ။ "နင်​လည်း နင့်​မမ ကို ဝယ်​ခိုင်း​လေ..."
လွန်း ။ ။ "​တော်​ပါ...ငါက မမ ​မောင်း​နေတာကိုပဲ ​ဘေးက​နေ ထိုင်​ကျိမှာ"
ရတီ။ ။ "ဖြစ်​​နေလိုက်​တာ ဟယ်​...​နောက်​ပီး သူနင့်​ကို​တော်​​တော်​ချစ်​တဲ့ပုံပဲ....နင်​တို့ ​တွေဘယ်​လို ချစ်​သူ ဖစ်​ကြတာလဲ..."
လွန်း ။ ။ " တကယ်​​တော့ မမ ကလည်း ​ကျောင်းမှာတည်းက ငါ့ကိုကြိတ်​crush​နေတာ..."
ရတီ။ ။ "ဘာာာ... ဟုတ်​လို့လား ဟယ်​.. ငါမြင်​တာ​တော့...သူ့မှာချစ်​သူရှိတယ်​မဟုတ်​လား ကားနဲ့ ​တောင်​ လာကြိုတာကို.."
လွန်း။ ။ "ငါက နင့်​ကို လိမ်​​ပြောစရာလား...​နောက်​ပီး အဲ့လာကြိုတဲ့လူက ဘယ်​သူလဲဆိုတာ သိလား..."
ရတီ။ ။ "ဘယ်​သိမလဲ.."
လွန်း ။ ။ "အဲ့ဒါ...ပိုင်​ဖြိုး အကိုဝမ်းကွဲ ​နေပိုင်​​သော်​ တဲ့...သူက မမနဲ့ ငယ်​သူငယ်​ချင်းအရင်းကြီး​တွေ...​နောက်​ပီး ပိုင်​ဖြိုး ကို မမ က စာလှမ်း​ပေးခိုင်းခဲ့တယ်​​လေ အဲ့တာကို အဲ့ငနာ​ကောင်​က ငါ့ကိုလိမ်​​ပြောခဲ့တယ်​..နင်​ကြိုက်​တဲ့သူ​ပေးတာဆိုပီး..မမ နဲ့ သူ လုံးဝ မသိသလို ပုံနဲ့ ပါ​နေတာ...တကယ်​အံသြစရာ...အခု​တွေ့ရင်းငါပြသာနာရှာ ပစ်​မှာ..."
ရတီ။ ။ "လွန်း...တကယ်​​တော့ ပိုင်​ဖြိုးသူနင့်​ကိုငယ်​ငယ်​တည်းက ကြိတ်​ချစ်​​နေတာကြာပီး...သူအ​နေနဲ့ နင်​နဲ့ မမ ကို အဆင်​မ​ပြေ​အောင်​လုပ်​တယ်​ဆိုတာ...နင့်​ကိုလိုချင်​လို့ ပဲ..ဒါမယ့်​ အခု​တော့ နင်​ပြသာနာမရှာပါနဲ့​တော့​နော်​..ဒီအတိုင်းပဲ ထားလိုက်​... ဘာလို့ဆို နင်​ထွက်​သွားတုန်းက ..သူက အခံစားရဆုံးသူပဲ "
လွန်း ။ ။ "​အေးပါ...အဲ့တာ ​တွေ ထားလိုက်​ ပါ​တော့ နင်​နဲ့ သူရက​ရော ဘယ်​လိုဖစ်​တာလဲ...."
ရတီ။ ။ "သူလည်း ပိုင်​ဖြိုး လိုပဲ..."
လွန်း ။ ။ "ဟမ်​​... ဒါဆို ဘာလို့ ​ကျောင်းမှာတည်းက နင့်​ကိုဖွင့်​မ​ပြောဘဲ..​ကောင်​မ​လေး တစ်​​ယောက်​ ပီးတစ်​​ယောက်​နဲ့ တွဲ​နေရတာတုန်း...."
ရတီ။ ။ "ငါ့အ​ပေါ် မှာ ရှိတဲ့ သူ့စိတ်​ကိုမယုံလို့ တခြား​ကောင်​မ​လေး​တွေနဲ့ တွဲတာတဲ့..ငါလည်း အံသြလို့ ပါဟယ်​...ငါ့်​ကြောင့်​နဲ့ တခြား​ကောင်​မ​လေး​တွေကို အသုံးချလို့ သူ ဝဋ်​ ​ကောင်း​ကောင်း လည်​ပီးပါပြီး "
လွန်း ။ ။ "ဘယ်​လို ဘယ်​လို "
ရတီ ။ ။ "ငါ Uni တက်​​တော့ ကိုလင်းထက်​ဆိုတဲ့ သူနဲ့ ချစ်​သူဖစ်​ခဲ့တယ်​​လေ...အဲ့ချိန်​မှာ သူရ အရက်​စ​သောက်​​တော့တာပဲ...​နောက်​​တော့ ငါလည်းသူ့ကိုချစ်​​နေခဲ့တယ်​ဆိုတာ သိလိုက်​ရတယ်​...ဒါမယ့်​ ငါက သစ္စာ ရှိတဲ့ မိန်းက​လေး အဖစ်​နဲ့ ပဲ ​နေချင်​တယ်​ ..ကိုလင်းထက်​နဲ့ ပဲ ငါဆက်​တွဲခဲ့တယ်​...ကြာလာ​တော့ သူရ ​ဆေးရုံတက်​ခဲ့ရတယ်​​လေ...အဲ့ချိန်​မှာ ကိုလင်းထက်​က ငါ့စိတ်​ကို နဂိုတည်းက သိ​နေတဲ့သူဆို​တော့ သူ့ဘက်​က​နေ ပဲ ငါ့ကို ဘာအပစ်​မှမမြင်​ဘဲ လမ်းခွဲခဲ့တယ်​​လေ..ငါလည်း အားနာ တဲ့ စိတ်​တစ်​ခုနဲ့ သူ့ကို​တောင်းပန်​ခဲ့ပါတယ်​.."
လွန်း။ ။ "အဲ့လိုကို.."
ရတီ ။ ။ "​ရောက်​ပြီ... ငါတို့ ဒီဆိုင်​မှာ​စောင့်​​နေမယ်​ ..သူတို့ နင့်​ကို​တွေ့ရင်းလုံးဝ အံသြသွားလိမ့်​မယ်​..."
ရတီ ဆိုင်​ထဲကို လှမ်းကြည့်​​တော့ ပိုင်​ဖြိုး, မင်းခက်​, သူရ တို့ က​ရောက်​နှင့်​​နေပီး ရတီလည်း လွန်းကို သူ့ ​နောက်​မှ ​နေခိုင်းကာ ဝင်​လာ​တော့ သည်​။
အထဲ​ရောက်​​တော့
မင်းခက်​ ။ ။ "ဟဲ့ နင်​ကလည်းကြာလိုက်​တာ..."
သူရ။ ။ "ငါ့ချစ်​သူ​လေးက အလုပ်​များ​နေတာကို.."
ပိုင်​ဖြိုး ။ ။ "ငါတို့ လည်း အလုပ်​များ​နေတာကို..."
မင်းခက်​။ ။ "ရတီ... နင့်​​နောက်​မှာ ပုန်း​နေတာ ဘယ်​သူလဲ.. "
လွန်းတစ်​​ယောက်​ ရတီအ​နောက်​က​နေ ထွက်​လာ​တော့ သုံး​ယောက်​သား အံသြကာ မတ်​တပ်​ရပ်​လိုက်​ကြ​တော့သည်​။ အတန်​ကြာ​တော့ သူရနဲ့ မင်းခက်​က ​ပြေးလာဖက်​ကြသည်​။ ပိုင်​ဖြိုး က ရပ်​ကြည့်​​နေဆဲ
မင်းခက်​ ။ ။ "မ​တွေ့ရတာ ​တောင်​ ကြာပီး လွန်း​ဝေရီ ရယ်​ "
သူရ။ ။ "ငါက နင်​​သေပီး​တောင်​ ထင်​​နေတာ... "
လွန်း ။ ။ "​သေနာ​ကောင်​...စ​တွေ့ကတည်းကိုက...တကယ်​​တော့ ​သေသင့်​တာနင်​သိလား...နင်​နဲ့ ရတီ နဲ့ အ​ကြောင်းကို ငါကြားပီးပီး..."
သူရ။ ။ "ဟဲဟဲ..."
ပိုင်​ဖြိုး တစ်​​ယောက်​ လွန်းကို လှမ်းဆွဲကာ တင်းကြပ်​စွာ ဖက်​ထားလိုက်​​တော့သည်​။
ပိုင်​ဖြိုး ။ ။ "ငါ..ငါအရမ်းလွမ်း​နေတာ.."
လွန်း။ ။ "လွှတ်​ပါအုန်းဟယ်​...ငါအသက်​ရှူကျပ်​လာလို့ .."
ပိုင်​ဖြိုး လွှတ်​ကာ ထိုအချိန်​ မင်းခက်​က
မင်းခက်​။ ။ "ကဲကဲ အားလုံး ထိုင်​ကြ.."
အားလုံး ထိုင်​ပီး အစားအ​သောက်​​တွေ မှာပီး စားရင်းနဲ့ စကား​ပြောလိုက်​ စလိုက်​ ​နောက်​လိုက်​ လုပ်​​နေကြ​တော့သည်​။ ရတီ​ဘေးမှာ ထိုင်​တဲ့ လွန်းမျက်​နှာ​လေးကို ​တော့ ပိုင်​ဖြိုး က တစိမ့်​စိမ့်​ကြည့်​​နေ​တော့သည်​။ ထိုအချိန်
သူရ။ ။ "ဟဲ့ လွန်း.. နင့်​အခု ချစ်​သူ​တွေ ​ရော ရှိလား.. "
သူရ​ပြောလိုက်​တဲ့ စကားကို ပိုင်​ဖြိုး စိတ်​ဝင်​စားစွာဖြင့်​ လွန်းကိုကြည့်​​တော့
လွနိး။ ။ "အင်း...ရှိတယ်​.."
ပိုင်​ဖြိုး တစ်​​ယောက်​ မျက်​နှာပျက်​ သွား​တော့ သည်​။
မင်းခက်​ ။ ။ "တကယ်​လား.. ​နောက်​ဆို ငါတို့ နဲ့မိတ်​ဆက်​​ပေး​လေ.."
လွန်း။ ။ "တကယ်​​တော့ နင်​တို့ အဲ့လူကိုသိပါတယ်​ "
သူရ။ ။ "တကယ်​...ရတီအချစ်​..အချစ်​​ကောသိလား.."
ရတီ ။ ။ "အွန်း... သိတယ်​..ငါနဲ့​တောင်​​တွေ့ပီးပီး..နင်​တို့ လည်းလုံးဝအံသြသွားလိမ့်​မယ်​.."
မင်းခက်​။ ။ "ဘယ်​သူလဲ ဟ...ငါသိချင်​လာပီး..."
လွန်း။ ။ " ငါ့ မမ ယူရိုလင်း ပဲ "
..................................................................................
(ကိုယ်​ဇာတ်​လမ်းက မ​ကောင်းဘူး မလား TT)

ကျွန်​မ ချစ်​​တဲ့ မမTempat cerita menjadi hidup. Temukan sekarang