နောက်တစ်နေ့မနက် အားလုံးရတီ အိမ်တွင် ရှိနေတော့သည်။ ရတီအမေကတော့ မင်းခက်နဲ့ ပိုင်ဖြိုးတို့ ကိုတွေ့တော့ ငိုတော့သည်။ မင်းခက်ကလည်း သူရအား အခုမှပြောတဲ့ အတွက် အပစ်တင်ပြောဆိုနေတော့သည်။ ဒီလိုနဲ့ သူတို့အားလုံး ရတီအိမ်မှပြန်ထွက်လာပီးကားပေါ်တွင်
သူရ။ ။ "လွန်း...နင့်ကိုငါတို့ အိမ်ပြန်ပို့ပေးမယ်..ငါတို့ကအခုCompanyကိုလည်းဝင်ရမှာမို့လို့ .."
လွန်း။ ။ "ရတယ် ငါလည်း နင်တို့Companyကိုလိုက်မယ်...မင်းခက်နဲ့ စကားပြောစရာရှိလို့ ..."
မင်းခက် ။ ။ "ငါနဲ့ ...ဘာပြောချင်လို့လဲ..."
လွန်း။ ။ "ဒီလိုပဲ နင်နဲ့ သက်သက်ပြောရမယ့်စကားတွေရှိနေလို့..."
မင်းခက်။ ။ " နင့်မမ နဲ့ တွေ့မှာလား.."
လွန်း။ ။ "မတွေ့ပါဘူးဟာ....နောက်ပီး ပိုင်ဖြိုး.... "
လွန်း က သူ့နာမည်လည်းပြောလိုက်တော့ ပြုံးလာပီး ကြည့်လိုက်တော့သည်။
လွန်း။ ။ "ငါတို့ ဖြစ်ခဲ့သမျှ အရာအားလုံးမေ့ပီး..အရင်လိုပဲပြန်နေရအောင်ကြားလား..."
ပိုင်ဖြိုး။ ။ "အင်းပါ နင်ငါ့ကို စခေါ်တော့ ငါအရမ်းပျော်တာပဲ..."
လွန်း။ ။ "ဟွန့်...နောက်တစ်ခါ ငါစိတ်ဆိုးအောင်မလုပ်နဲ့..."
ပိုင်ဖြိုး။ ။ "အင်းပါ ငါမလုပ်တော့ပါဘူး..."
သူရတစ်ယောက် ကားရပ်ပီး ပိုင်ဖြိုး နဲ့ အတူ Company ထဲကိုဝင်သွားတော့သည်။ မင်းခက်နဲ့ လွန်းက တော့ Company ရှေက မုန့်ဆိုင်တွင်
ထိုင်ရင်း
မင်းခက် ။ ။ "ကဲ ပြော..ဘာကိစ္စ ပြောချင်ရတာတုန်း.."
လွန်း။ ။ "နင်နဲ့ ကိုနေပိုင်သော် က ဘယ်လိုဆက်ဆံရေးမျိုးလဲ..."
မင်းခက်။ ။ "အဲ...အဲ့ဒါက ရတီကို အရင်ရှာတွေ့ပီးမှပဲ...."
လွန်း။ ။ "ငါအခုသိချင်တယ်....."
မင်းခက်။ ။ "ချစ်သူ တွေလို့ ထင်တာပဲ...."
လွန်း။ ။ "ထင်ရုံပဲလား...."
မင်းခက်။ ။ "ငါ အဲ့ကိစ္စကို ဘယ်လိုပြောရမလဲဟ..."
လွန်း။ ။ "ဘာလဲ အတူတူ အိပ်တဲ့ ကိစ္စ ကိုလား..."
မင်းခက် ။ ။ "နင်..အဲ့ကိစ္စကို ဘယ်လိုသိ... "
လွန်း။ ။ "နင့်လူကြီးက ငါမမကိုပြောရင်း ဘေးမှာ ငါပါရှိတော့ သိတာပေါ့.."
မင်းခက် ။ ။ "အာာ.... ဒီလူကြီးတော့..."
လွန်း။ ။ "သူ့ကြည့်ရတာ နင့်ကိုအရမ်းသဘောကျနေတဲ့ပုံနော်.."
မင်းခက်။ ။ "သူလည်း နင့်မမလိုပဲ...ငါ့ကို အဲ့ကျောင်းတုန်းကတည်းသိနေတာ...နောက်ပီး အဲ့အိပ်တဲ့ကိစ္စက ငါအရက်မူးရင်း မှားကြတာ..."
လွန်း။ ။ "omm...နင်သူ့ကိုချစ်လား.."
မင်းခက်။ ။ "အင်း ချစ်တယ် လို့ ထင်တယ်...ဒါမယ့် ဒီကိစ္စတွေကို ဟိုနှစ်ကောင်ကို မပြောသေးနဲ့ အုန်းဟာာ..."
လွန်း။ ။ "အင်း..ငါသိပါတယ်.. "
လွန်းနဲ့ မင်းခက်တို့ မုန့်စားပီးနောက်ပိုင်း မင်းခက်လည်း Company ကိုပြန်လာတော့သည်။ သူရုံးခန်းထဲဝင်တော့ လူတွေအားလုံးမျက်နှာပျက်နေတော့သည်။ တီးတိုးသံတွေလည်းကြားနေရတော့ မင်းခက်လည်း သူရကိုမေးတော့
မင်းခက် ။ ။ "သူရ...ဘာပြသာနာတွေ ဖစ်သေးလို့လဲ..."
သူရ။ ။ "Internet မှာ Video တစ်ခုပြန့်နေတယ်..အဲ့ဒါက ငါဘယ်လိုပြောရမလဲ မင်းကို ပို့လိုက်မယ်..."
သူရ ပို့လိုက်တဲ့ Video ကိုမင်းခက် နားကျပ်တပ်ပီး သေချာကြည့်တော့ Video ထဲတွင် မိန်းကလေး နှစ်ယောက်ကို ဝါးထားပေမယ့် ဘယ်သူမှန်းသိနေတော့ အံသြမိနေတော့သည်။ ထိုမိန်းကလေးနှစ်ယောက်မှာ့ လွန်းနဲ့ ရတီတို့ဖစ်သည်။ သူတို့ နှစ်ယောက် စကားပြောနေတာကို ရိုက်ထားတာပင်။ ထို Videoထဲတွင် ယူဂျီ က ဒွိလိင် ဆိုတဲ့ အကြောင်းကို လွန်းက ရတီကိုပြောပြနေတာပင်...မင်းခက်တစ်ယောက် နားကျပ်ချွတ်လိုက်ပီး အံသြကာ သူရကိုလှမ်းကြည့်မိတော့သည်။ ထိုအချိန် ယူဂျီ တစ်ယောက် အပေါ်ထပ်မှ ထွက်လာပီး
ယူဂျီ ။ ။ "အားလုံး ကို ပြောစရာ ရှိလို့ပါ..."
လူတွေအားလုံးစုလာပီး..
ယူဂျီ။ ။ "ကျွန်တော် Video တွေ့ပါတယ်...အားလုံး လည်းတွေ့ပီးကြပီးလို့ထင်ပါတယ်...မှန်ပါတယ်....ကျွန်တော်က ဒွိလိင်ပါ...မိန်းမ တစ်ယောက်ပါ....ကျွန်တော် အရင်နာမည်က ယူရိုလင်းပါ...ကျွန်တော် ဘယ်လိုပြောရမလဲ..ဒီကိစ္စကို... လူတိုင်းမှာ ကိုယ့်လျိုဝှက်ချက် ကိုယ်စီရှိကြပါတယ်...နောက်ပီး ကျွန်တော် က သူဌေး ဖစ်နေတဲ့အတွက်ကြောင့် ဒီလိုဟာတွေက ကိုယ့်Company ကိုထိခိုက်စေနိုင်လို့ မပြောဘဲနေခဲ့တာ...အားလုံး အတွက် စိတ်အနှောက်ယှက်တစ်ခုခု ဖစ်သွားရင်း ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် အတွက်တော့ ကျွန်တော့် ဝန်းထမ်း တွေက ဒုတိယ မိသားစု လိုပါပဲ...ဒီလောက်ပဲပြောချင်ပါတယ်..."
သို့ပေမယ့် ဝန်းထမ်း တွေ အကုန်လုံး က သူ့အား လက်ခုတ်တီးပီး ထောက်ခံအားပေးတာ မြင်တော့ ယူဂျီ ပြုံးလိုက် တော့သည်။ ယူဂျီ တစ်ယောက် သူ့ရုံးခန်းထဲပြန်ရောက်တော့ အထဲတွင် နေပိုင်သော် နဲ့ ခန့်နိင် ရှိနေတော့သည်။
နေ။ ။ "လွန်းဝေရီ... မင်းအဲ့ကောင်မလေးကို ပါးစပ် တစ်ခါတည်း အပြီးပိတ်ခိုင်းထား..."
ခန့်နိင်။ ။ "ဒါက အဲ့ခိုးရိုက်ထားတဲ့ တရားခံကိုပဲ အပြစ်တင်ရမှာပါ.."
နေ။ ။ "သူသာ ပါးစပ်မဖွာရင်း ဒီလိုတွေဖစ်လာစရာအကြောင်းမရှိဘူး...နောက်ပီး အဲ့တရားခံ ဘယ်အချိန် ထဲက Videoရိုက်နေတာလဲ..လွန်းဝေရီ နဲ့ ပူးပေါင်းထားတာများလား...အရမ်း အကွက်ကျလွန်းနေတယ်.."
ခန့်နိင်။ ။ "အဲ့တစ်ချက်ကတော့ စဉ်းစား စရာပဲ..."
ယူဂျီ။ ။ "ငါအခု ဘာမှမပြောနိုင်သေးဘူး...နားချင်နေပြီ... ဘုန်းကြွယ်ကိစ္စနဲ့ စိတ်ရှုပ်နေတာ..."
နေ။ ။ "မင်းက အရင်က မိန်းမ တစ်ယောက် ဆိုတာကို သိတဲ့ သူဆိုရင်း ငါရယ် ခန့်နိင် ပီးရင်း သူတို့ ငါးယောက်က လွဲပီး ဘယ်သူမှမသိဘူး..."
ယူဂျီ။ ။ "မင်းခက် လည်း ပါတယ်ပေါ့..."
နေပိုင်သော် ပြောမလို့ပင် ရှိသေး ခန့်နိင်တစ်ယောက် ဝင်ပြောတော့သည်။
ခန့်နိင် ။ ။ "မင်းခက် က အဲ့လိုလုပ်မယ့် သူမျိုးလုံးဝမဟုတ်ဘူး..."
နေပိုင်သော် နဲ့ ခန့်နိင် တစ်ယောက် နဲ့ တစ်ယောက် အကြည့်တွေက မင်းခက်ကို လုနေတဲ့ အရိပ်အယောင် တွေ တွေ့နေရတော့ ယူဂျီ တစ်ယောက် စကားဖြတ်ကာ
ယူဂျီ။ ။ "ခန့်နိင်... ငါတောင်းထားတဲ့ ဖိုင်ရပီးလား..."
ခန့်နိင်။ ။ "ဒီမှာ ပါ..."
ယူဂျီ။ ။ "နေပိုင်သော် ကိုယ့်အခန်းကိုပြန်တော့လေ...ငါအလုပ်လုပ်ရအုန်းမယ်.."
နေ။ ။ "ငါသိပါတယ်...."
နေပိုင်သော် တစ်ယောက် ထွက်သွား တော့ ယူဂျီ တစ်ယောက် ခန့်နိင် ကို ကြည့်ကာ
ယူဂျီ။ ။ "မင်းခက်ကို စိတ်ဝင်စားနေတာလား... "
ခန့်နိင်။ ။ "စတွေ့တည်းကပါ...."
ယူဂျီ။ ။ "အင်း...သူနဲ့ နေပိုင်သော် ဆက်ဆံရေးကိုရောသိလား..."
ခန့်နိင်။ ။ "ကျွန်တော် သိပါတယ်... "
ယူဂျီ။ ။ "ငါဘယ့်သူကိစ္စမှ ဝင်ပါမှာတော့ မဟုတ်ဘူး...ဒါမယ့် ပြသာနာ ဖြစ်စေမယ့် ကိစ္စ တွေကိုလည်း ငါမကြားချင်ဘူး...မင်းကိုတော့ စိတ်ချရပါတယ်..ဟိုကောင် နေပိုင်သော် ကိုပဲ ငါသတိပေးရမှာ..."
ခန့်နိင်။ ။ "ဟုတ်ကဲ့ပါ...ဒါဆို ကျွန်တော် သွားလိုက်ပါအုန်းမယ်.. "
ယူဂျီ။ ။ "Omm..."
တစ်ဖက်တွင် နေပိုင်သော် တစ်ယောက် အောက်ဆင်းလာပီး မင်းခက်ကို အပြင်ထွက်ခဲ့ ဖို့ အချက်ပြတော့သည်။ မင်းခက်လည်း မြင်ပီး အပြင်ခိုးထွက်လာပီး သူနဲ့တွေ့တော့ အိမ်သာထဲကို အတင်းဆွဲခေါ်သွားချင်ခံလိုက်ရတော့သည်။ နေပိုင်သော် တစ်ယောက် အိမ်သာထဲကို ခေါ်လာပီး အိမ်သာတံခါးဂျက်ချကာ ဘိုထိုင် အဖုံးကို လှမ်းပိတ်ပီး အဲ့ပေါ်တွင် ထိုင်လိုက်တော့သည်။ မင်းခက်ကို လည်း ဆွဲယူကာ သူ့ပေါင်ပေါ်တွင်ထိုင်စေပီး မျက်နှာချင်းနီးကပ်လျက် စတင်ပီး အနမ်းတွေ ပေးလိုက်တော့သည်။
..................................................................................................
(ကတိ မတည်နိုင်တဲ့ အတွက်တောင်းပန်းပါတယ်နော်..အိမ်မှာ အမေနဲ့ရော အဖေနဲ့ပါ ခရီးသွားဖို့ ကိစ္စနဲ့ တိုက်ပွဲဝင်ရတာက တစ်မျိုး၊ အလုပ်က ပွဲတွေ ရှိတော့ မအားတာက တစ်မျိုး၊ ဒီကြားထဲ သစ္စာ ဖောက်ခဲ့တဲ့ သူငယ်ချင်း က အခုထိ လိုက်ရန်ဖစ်နေလို့ လူက စိတ်တွေတအားတိုနေခဲ့တာ အဲ့ပြသာနာတွေကြောင့် ကောင်းကောင်း တောင် မရေးနိုင်တော့ဘူး...နားလည်ပေးကြပါနော်..တိုသွားခဲ့ရင်းလည်း...)
ESTÁS LEYENDO
ကျွန်မ ချစ်တဲ့ မမ
Romanceအရင်ဝတ္ထု က မပီးသေးဘူး ဒါမယ့် ဆက်လည်းမရေးချင်ဘူး။ ကိုယ် စိတ်မပါပဲ လျှောက်ရေးထားသလို ဖြစ်နေတယ်။ အခုဒီဝတ္တု လေးကို သေချာရေးကြည့်ချင်တယ်။ ဇာတ်လမ်းအကျဉ်း [ လွန်းတစ်ယောက်ငယ်ငယ်ကတည်းက ကြိတ်ချစ်ခဲ့ရတဲ့ မမ။ အကြောင်းတစ်ခုေ...