Page . 3

1K 166 67
                                    

Zawgyi

လေးရက်တာကုန်လွန်သွားတဲ့ စစ်တပ်ထဲက ရက်တွေမှာ အလေ့အကျင့်ဆိုတာ မဖြစ်နိုင်သေး
တာ သူတို့ သုံးယောက်အတွက် တသီးတ
သန့် ပါ …

မိုးစင်စင်မလင်းခင် အချက်ပေး ဝီစီမှုတ်သံကြား
တာနဲ့ ဆံပင်ဘုတ်သိုက်နဲ့ ထပြေးရတဲ့ ရက်တွေ
မှာ မျက်လုံးနှစ်လုံး မဖွင့်နိုင်သေးလို့ မှောက်လဲ
ကျတာတွေဟာ နေ့ ရက်တိုင်းပါပဲ …

ဖရိုဖရဲ စစ်ဝတ်ကို ကမန်းကတမ်း ကောက်စွတ်
ပြီး အတွင်းခံဘောင်းဘီမပါပဲ ဘားတန်းတွေခုန်
ကျော်နေရတာလဲ ရှည်နေတဲ့ အရပ်သာ မကယ်
ရင် ဥ ကွဲမတတ်ဖြစ်မှာပဲ …

အားကစားကို လိုက်စားလို့ မပင်ပန်းပေမဲ့ မနက်
အိပ်ရေးပျက်တာတော့ ကမ္ဘာကပ်ဘေးအပျက်
ကြီးမှာ ဇွန်ဘီကောင်နဲ့ ချစ်ကျွမ်းဝင်ပြီး မိုးမလင်း kissing ဆွဲရသလိုပဲ …

မျက်လုံးမှာ CCTV တပ်ပြီး GPS ထက်ပို
ကောင်းတဲ့ သင်တန်ပေးအရာရှိကြီးတွေရဲ့ အဆူ
အပူအငေါက်က မလွတ်တော့ …

အပြစ်ဒဏ်တွေ ထပ်ခါတက်ရင်း ပတ်ပြေးရတဲ့
စစ်ရေးပြကွင်းဟာ အဖြေမတောင်းပဲ ရလိုက်တဲ့
ချစ်သူ အသစ်စက်စက်ကလေးလေလား …

နားရွက်နှစ်ဖက် ဆွဲလို့ ဖားခုန်ခုန်ရတာတွေ
လည်း စစ်တပ်ထဲက မြေကြီးတွေ နှစ်ခြမ်းကွဲသွား
လေမလား …

မြေကြီးသာ နှစ်ခြမ်းကွဲသွားခဲ့ရင် ဒယ်ဒီ မရှိတဲ့ ဘက်မှာပဲ နေပါရစေ …

သွားလည်း အချိန် စားလည်း အချိန် ထိုင်လည်း အချိန် ထလည်း အချိန် အိပ်လည်း အချိန် …

ကြာများတော့ တရုတ် ( အချိန် နာမည်ရှိတဲ့ တရုတ် ) ကြီးသာ ပြေးယူချင်မိတယ် …

ရှူးရှူးတောင် ကောင်းကောင်း မ flower ရတဲ့
ဘဝ …

ကြွေခွက်ထဲ ဖြောင့်တန်းနေအောင် သွားတဲ့ သို
လှောင်ရေတွေ ဝီစီမှုတ်သံ တစ်ချက်ကြားလိုက်
တာနဲ့ တွန့် လိမ်ပြီး လမ်းကြောင်းတောင် မမှန်
ရှာတော့ဘူး …

ဘဝဟာ စစ်တပ်ထဲ so sad လေး …

 

  -- -- -- --

မောင့်ပဒိုင်းပွင့် (မောင့် ပဒိုင်းပွင့် )Where stories live. Discover now