Zawgyi' မောင် မင်း မထသေးဘူးလား '
နိုးနေရဲ့သားနဲ့ အိပ်ယာထဲကမထဘဲ ဘယ်ဘက်လှိမ့်လိုက် ညာဘက်လှိမ့်လိုက်နဲ့ တော်
တော်လေးကိုမှ အပျင်းတက်နေတဲ့ လူသားဟာ
ကိုယ့် ချစ်သူဆိုတာ အိမ်မက်လို့ထင်နေတုန်း...' မောင့်ကို မနက်ခင်းအားဆေးလေး မကျွေးချင်ဘူး
လား '' ပေါက်ကရတွေပြောမယ်ဆို တပ်ထဲပြန်တော့ '
' ဆိုတော့ ပေါက်ကရမပြောပဲ ပေါက်ကရ လုပ်ရင်တော့ ရတယ်လား '
' မောင်! မင်း! '
နီရဲနေတဲ့ နားရွက်ဖျားလေးတွေ... ရှက်သွားလေတဲ့
မောင့်ရဲ့ ဗိုလ်ကြီး...ရှက်သွားမဲ့ အတူတူတော့ အခန်းထဲကမထွက်သွား
ခင် အိပ်ယာပေါ်ဆွဲတင်ပြီး အသက်ရှူကျပ်တဲ့အထိ
ဖတ်နမ်းပစ်လိုက်ပါရဲ့...ခုတော့ နောက်ကျောလေးသာမြင်ရတော့တယ်...
ဒီလောက်နဲ့ တော့ Oh Sehun တို့ လက်တွန့်ကျေနပ်နေမယ် ထင်မနေနဲ့...
ရှက်တယ် ဆိုတာကို မောင့်ရဲ့ ဗိုလ်ကြီး အခုမှ လက်တွေ့ခံစားရတော့မှာ...
' မောင်! အောက်ပြန်ချစမ်း '
ပုခုံးပေါ်ထမ်းတင်သွားတာများ သူ့ထက်အကြီးကို
အရုပ်များမှတ်နေသလားမောင်...တစ်ရက်ထဲနဲ့ မင်း အရိုသေတန်နေပြီ..
' မောင်တို့ အခု ချစ်သူတွေဖြစ်နေကြပြီလေ '
' အဲ့တော့? '
' တာဝန်ချိန်ကလွဲရင် မောင့်ရဲ့ အထက်အရာရှိလို
မဆက်ဆံချင်ဘူး.. '' အခု မောင်လုပ်သမျှကိုလည်း အရိုသေတန်တယ်လို့ တွေးမနေနဲ့.. ok '
' မျက်မှောင်ကြီးကျုံ့မထားနဲ့လေ '
' မောင် အခုပျော်လား ကိုယ့်ကို ထမင်းစားပွဲတင်
ထားရတော့လေ? 'မောင့်ရဲ့ ဗိုလ်ကြီးလေး စိတ်တိုနေတာ သူ့ကို ထမင်းစားပွဲပေါ်တင်ထားလို့လား...
ထမင်းစားပွဲပေါ်တင်ထားတဲ့ အကြောင်းရင်းက မောင်က ဗိုလ်ကြီးကို နမ်းဖို့ဆိုတာများသိရင်...
