Zawgyi
မျက်ခုံးနှစ်ခုကြား အကွာအဝေးကို အနီးဆုံးဖြစ်
အောင် ချုံ့ပစ်လိုက်တဲ့ ဗိုလ်ကြီးပဒိုင်းပွင့်လေး
က အလုပ်စားပွဲခုံမှာထိုင်လို့ မိန့်မိန့်ကြီးထိုင်
ကြည့်နေတော့ အချောင်မခိုရဲ …ဒိုက်ထိုးခြင်းနဲ့ ဖါးခုန်ခုန်ခြင်းကို တစ်လှည့်စီ
လုပ်ကာ အပြစ်ပေးခံနေရတာက ကြာညောင်း
လာတော့ အကြိမ်ရေ ဘယ်နှစ်ခေါက်မှန်းပင်
မမှတ်မိတော့ …ဒိုက်ဆိုလည်း ဒိုက်ထိုးခိုင်းတာမဟုတ် …
ဖါးခုန်ဆိုလည်း ခုန်ခိုင်းတာမဟုတ် …
ဒိုက်တစ်ခါထိုး ဖါးတစ်ခါခုန်နဲ့ တစ်ယောက်တည်း
တိုင်ပတ်နေရတာတော့ မဟုတ်သေး …ပဒိုင်းပွင့်လို့ပြောမိတာလေးကို အပြစ်ကပေး
သေး …မမြင်ဖူး ဂျီ အို အို ဂျီ အယ်လ် အီး လေး တစ်ချက်
လောက် ခေါက်ကြည့်ပါလား…ပဒိုင်းပွင့်ဆိုတာ ဘယ်လောက်လှသလဲ …
သူ့ကို လှလို့လှတယ် ပြောတာလေးကို ဘာမှ
မသိပဲ လူကိုအပြစ်ပေးနေတဲ့ ဗိုလ်ကြီး …တကယ်ကို ပဒိုင်းပွင့်နဲ့တစ်ပုံစံတည်း လှသ
လောက် အဆိပ်ရှိတဲ့ ဗိုလ်ပဒိုင်းလေး …' ဗြိ '
' အဲ '
ကြွသွားပြီ… တကယ်ကို ကြွသွားတာ… ဒိုက်ထိုး
ပြီးပြန်အထ ဖါးခုန်ခုန်မလို့ရှိသေး ဂွတည့်တည့်
ချုပ်ရိုးကြောင်းကနေ တောက်လျှောက်ပြဲသွား
တဲ့ စစ်ဘောင်းဘီ…အဲ့ဒါတွေကြောင့်ပြောတာ တစ်မျိုးတည်းမလုပ်
ခိုင်းပဲနဲ့ ခုတော့ ဗိုလ်ကြီးမြင်မကောင်းအောင်
ရှက်ရပြီမလား …ကိုယ်တွေက မွေးကတည်းက ရှေ့နောက်မကျန် အထုပ်နဲ့အထည်နဲ့ ဒင်းပြည့်တင်းပြည့် လူစဉ်
မှီမှီ မွေးလာတာ …ဒီလောက်ဒိုက်ထိုးဖါးခုန်လုပ်ရတော့ ထွက်နေတဲ့
နောက်ကအထုတ်က ကိုယ်နဲ့ဆို ကျပ်နေတဲ့စစ်
ဘောင်းဘီနဲ့ ဘယ်ခံမတုန်း…အဲ့ဒါမို့ ဒယ်ဒီ့ကိုပြောတာ အော်ဒါလေးမှာပြီး
သေသေချာချာချုပ်ပေးပါလို့ ကိုယ့်အကြောင်း
ကိုယ်သိလို့ပြောပါတယ် တခြားစစ်သားတွေ
လည်း ဒါပဲ ဝတ်ကြတယ်ဆိုတာကလာသေး …