Zawgyi
တတိတိ နဲ့ ကြမ်းခင်းပေါ်ကျသွားတဲ့ ဆံစတွေနဲ့ 
ကပ်ကြေးနဲ့ ဘီးမှာ အနည်းငယ်ကပ်နေတဲ့ ဆံစ
တွေ …တပ်တွင်းဆံသဆိုင်ထဲမှာ ယောကျာ်းကြီးတန်မဲ့
ပါးစပ်ကို တိတ်နဲ့ ပိတ် …ခန္ဓာကိုယ်ကို ထိုင်ခုံမှာ ကြိုးနဲ့ တင်းနေအောင်
အတုပ်ခံနေရတာ မခံမရပ် ဖြစ်လာလွန်းလို့  မျက်ရည်ပါဝဲတတ်လာသည်အထိ …မှန်ထဲကနေမြင်နေရတဲ့ မွေးဖခင်ကျေးဇူးရှင်ကို
ကမ္ဘာမကျေ အကြည့်နဲ့ လှမ်းကြည့်လိုက်တော့
ခြေချိတ်ထိုင်ရင်း သတင်းစာကို အပူအပင်ကင်း
စွာ အေးဆေးဖတ်နေပုံက ကမ္ဘာတည်သ၍ မကျေပြီ …လောကကြီးမှာ ရှိသမျှ နတ်ဘုရားတို့ တရား
လာချပြတာတောင် ဘူးဆို ဖရုံ မသီးဘူးမှတ် …ဘေးနားက အပေါင်းအပါ နှစ်ကောင်ကို လှမ်း
ကြည့်လိုက်တော့ ကိုယ့်ထက်အခြေနေဆိုးကာ
မျက်ရည်ပင် ကျနေပြီ …ပြည်သူတွေကို စောက်ရှောက်ရမဲ့ ပြည်သူ့ 
စစ်တပ်ကြီး ပြည်သူတွေကို အဲ့လိုအနိုင်ကျင့်
နှိပ်စက်လို့ ရသလား …မတရားသော စစ်တပ်ကြီး ရင်ဘက် စည်တီး
ပြီး ငိုချင်လာသည် …' အမလေး အမလေး ကုန်ပါပြီ '
ရင်ထုမနာ အသံကျယ်ကျယ်ကြောင့် လှည့်ကြည့်မိတော့ မွေးမေမေ ကျေးဇူးရှင် …
' ဘယ်လိုလုပ်လိုက်တာလဲ အဖေကြီး ကျွန်မ
သား ဆံပင်လေးတွေ ကြွေကျ မြေခကုန်ပြီ '' အဲ့ဒါ ရှင်နဲ့ ရထားတဲ့ ကျွန်မသားရှင့် လုပ်ရက်
လိုက်တာ 'အကြောင်းသိနေလို့ မိုးမလင်သေးဘူး သားတော်မောင်ကို ဆံပင်ထညှပ်ပေးခါမှ
ကိုယ့်ထက် ဝီရိယကောင်းလွန်းတဲ့ ဇနီး
သည်က တောင်ဝင်ရိုးစွန်းနဲ့  မြောက်ဝင်ရိုးစွန်း
လို တည်နေတဲ့ သူ့ အိမ်ကနေ တပ်ထဲကိုလာ
ဖို့ ဘယ်အချိန်ထဲက ထလာသလည်းမသိ …အားကိုးရှိသွားတဲ့ သားတော်မောင်ကတော့
ဝဲနေတဲ့ မျက်ရည်တွေကို အဝီစိတွင်းထဲက ရေ
တွေကို မော်တာနဲ့ စုတ်ထုတ်သလိုကို ညှစ်ချ
ပြနေတော့ ပိုးဆိုးရန်ကော …
