Love House♡ 4

128 9 0
                                    

သူ ​မောင်​နှင့်​​​တွေ့ကြည့်​သည်​...

လက်​ထပ်​ဖို့ ကိစ္စအတွက်​ ​မောင့်​ရဲ့ ​သ​ဘောထားကို ​မေးကြည့်​မိသည်​....

"ဟုတ်​တယ်​​လေ Kibum... ငါ ​တောင်းဆိုတာပဲဟာ..."

မောင်​ကိုယ်​တိုင်​ ဝန်​ခံသည်​... သူ့ အကြည့်​​တွေ ​မောင့်​မျက်​နှာဆီသို့​ရောက်​သွား​တော့ ​မောင့်​ အပြုံး​တွေက ကြည်​လင်​​တောက်​ပ​နေသည်​....

"ဒါဆို Yumiက​ရော..."

"Yumiက လက်​ထပ်​ဖို့သင့်​​တော်​တဲ့ သူမှ မဟုတ်​တာ..."

"ငါက​ရော..."

"မင်းက​တော့ ​ငါ လက်​ထပ်​ဖို့ အရင်​ထဲက ရည်​ရွယ်​ထားတာ​လေ..."

"ဟင်​!..."

သူ အံ့သြသွားမိသည်​... ​မောင်​ အ​စောကြီးထဲက လက်​ထပ်​ဖို့​ရွေးချယ်​ထားတဲ့သူက သူတဲ့လား...

"​မောင်​က ငါ့ကို ချစ်​လို့လား..."

"မချစ်​လို့​လေ..."

"ဘာ!!!...."

"မင်းကို မချစ်​လို့ လက်​ထပ်​ဖို့ ရည်​ရွယ်​တာ​လေ... ​ငါက နည်းနည်းဆိုး​တော့ ကိုယ်​ချစ်​ကိုရှာလို့ မဖြစ်​ဘူး​လေ... သူချစ်​ကိုပဲ ရှာရမှာ... ​ငါ လက်​ထပ်​မယ့်​သူက ငါ့အ​ပေါ် နားလည်​ရမယ်​ ခွင့်​လွှတ်​ရမယ်​ဆိုတာ​လေ..."

သူ မှင်​သက်​မိသွားသည်​... ​မောင့်​ကို ​ငေးစိုက်​ကြည့်​မိသည်​...

"Yumiက ငါချစ်​တဲ့ မိန်းက​လေးတစ်​​ယောက်​​လေ... အရမ်းသဝန်​တိုတက်​တာ... စိတ်​​ကောက်​လွယ်​တယ်​... ဘယ်​​နေရာမဆို Yumiက သူအသာရမှကြိုက်​တာ..."

သူ့ကိုယ်​သူ ​မောင့်​ရင်​ခွင်​ထဲလဲမကျသွား​အောင်​ ထိန်းချုပ်​လိုက်​ရသည်​.... လဲကျသွားလည်း ​မောင်​က ဂရုတစိုက်​ ကူညီမှာမဟုတ်​....

မောင့်​ မျက်​ဝန်း​တွေက ​အေးစက်​တည်​ငြိမ်​​နေသည်​....

"Kibum..."

"အင်း..."

"မင်းဆန္ဒပါမှ လက်​ထပ်​​နော်​.... ငါ ဆိုးတာ မင်းအသိပဲ... ငါ့ဘက်​က အတင်းအကျပ်​ မ​တောင်းဆိုဘူး​နော်​..."

Love House [Zawgyi/Unicode]Where stories live. Discover now