သူရောက်သွားတော့ မောင်ကပြောသည် Kibum မင်း ကံကောင်းတယ်တဲ့ ငါ ဒီနေ့ အရက်မသောက်ဘဲ မင်း အကြောင်းတွေစဉ်းစားနေခဲ့တာတဲ့....
"မောင်..."
"ပြောလေ Kibum..."
"မောင် အခုတလော အရက်တွေ အရမ်းသောက်နေတယ်ဆို...."
"အင်း ဘာလဲ... မင်းက မောင့်ကို ဆုံးမဖို့ရောက်လာတာလား..."
*မောင်* အခု မောင်က သူ့ကိုယ်သူ မောင်ဟု သုံးနှုန်းလိုက်လေတာလား....
မောင့်မျက်ဝန်းတွေက ရီဝေစိုစွတ်နေသည်... သူ အလိုလားဆုံးသော တမ်းတခဲ့ရသော အကြင်နာ မျက်ဝန်းတွေနဲ့ သူ ရင်ဆိုင်တွေ့ဆုံလိုက်ရသည်....
"မင်းနဲ့ Woohyun လက်မထပ်ရသေးဘူးလား မနက်ဖြန်ဆိုပဲ မင်းတို့ တာဝန်ကျတဲ့မြို့လေးဆီကို သွားရတော့မယ်မဟုတ်လား..."
Kibumကို Minhoအတည်ငြိမ်ဆုံး ရင်ဆိုင်နိုင်ရန်ကြိုးပမ်းနေမိသည်... မောင့် ဘဝက အမဲစက်တွေနဲ့ ပြည့်နှက်နေပါပြီ... ဖြူစင်လွန်းတဲ့ မင်းကို မောင့် ဘဝထဲဆွဲမခေါ်ရက်ဘူး Kibum...
"ငါ့ကို လာနှုတ်ဆက်တာလား Kibum..."
သူ့ကို မေးနေတဲ့ မောင့်အကြည့်တွေက ကြေကွဲ ဝမ်းနည်းမှုတွေ လွှမ်းခြုံလို့နေသည်ကို သူတွေ့ရသည်...
"ငါ လိုက်သွားရမလား..."
"မင်းနဲ့ Woohyun လက်ထပ်ပြီးပြီ မဟုတ်လား..."
"ဟင့်အင်း..."
"ဘာပြောတယ် Omma အစီစဉ်တွေကို မင်းလက်ခံခဲ့တာပဲမဟုတ်လား...."
"Ommonyi စိတ်ချမ်းသာအောင် ငါ ခေါင်းငြိမ့်လက်ခံလိုက်မိတာပါ မောင်..."
"ဘာ...."
မောင့် သူ့ကို ပြူးကျယ်ဝိုင်းစက်သော မျက်ဝန်းတွေနှင့်ကြည့်သည်....
YOU ARE READING
Love House [Zawgyi/Unicode]
Romance#minkey "ယောက်ျားလေးတိုင်းကို ငါ ချစ်တာမဟုတ်ဘူးနော်... Choi Minhoဆိုတဲ့ မင်းကိုပဲ ငါ ချစ်တာပါ မောင်..." "ကျွန်တော့် အချစ်တွေအားလုံးက မောင့်တစ်ယောက်တည်း အတွက်ပဲ..." #Kibum "မင်းကို မချစ်လို့ လက်ထပ်ဖို့ ရည်ရွယ်တာလေ...