Love House♡ 6

135 11 7
                                    

"သား​လေး... မမကြီးဆုံးပြီ...."

သူ ​ဆေးရုံကို ​ရောက်​​ရောက်​ချင်း arjushiရဲ့ ​ပြောလာတဲ့ စကားက မာမီဆုံးပြီတဲ့လား...

"ဟင်​...."

မဖြစ်​နိုင်​တာ... မာမီက ချက်​ချင်းကြီး အခုလိုဖြစ်​သွားရတာ သူ မယုံနိုင်​ဘူး...

မောင့်​ရဲ့ Ommaလည်း ​ရောက်​လာသည်​...

မာမီက နှလုံး​သွေး​ကြောကျဉ်းတဲ့​ရောဂါတဲ့... ဘယ်​အချိန်​ထဲက ထို​ရောဂါကို မာမီခံစား​နေခဲ့ရတာလဲ... သူကို စိုးရိမ်​တဲ့စိတ်​​ကြောင့်​ မာမီ့်​ရောဂါ ပိုဖြစ်​လာတာဖြစ်​မည်...

"သား အိပ်​မက်​ မက်​​နေတာများလား မာမီရယ်​..."

"သား​လေးရယ်​ Ommonyiတို့လည်း စိတ်​မ​ကောင်းပါဘူးကွယ်​..."

Ommonyiရဲ့ ရင်ခွင်ထဲ ခိုခွင်ကာ ​​​သူ ငို​နေမိပြီ​လေ...

မောင်​လည်း မျက်​ရည်​​တွေ ​ဝေ့သီ​နေသည်​... ​မောင်​လည်း မာမီ့ကို ချစ်​တဲ့သူတစ်​​ယောက်​ပဲ​လေ... မာမီ ကိုယ်​တိုင်​လည်း သူနဲ့​မောင်​ လက်​ထပ်​မှာကို မလိုလား​ပေမယ့်​ ​မောင့်​ကို​တော့ ချစ်​သည်​​လေ...

မာမီ့နာ​ရေးပြီးဆုံးသည်​အထိ Ommonyiနဲ့ သူ့ သူငယ်​ချင်းတွေထံမှလွဲ၍ ​မောင့်​ ထံမှ အား​ပေးစကားကို သူ မကြားခဲ့ရ​ပေ...

တကယ်​ဆို ​မောင်​ သူ့ကို အား​ပေးစကားနည်းနည်း​လောက်​ဖြစ်​ဖြစ်​​ပြော​ပေးသင့်​သည်​... သူကိုယ်​တိုင်​လည်း​မျှော်​လင့်​မိသည်​... သို့​ပေမယ့်​ ​မောင့်​ထံမှ နှစ်​သိမ့်​စကား တစ်​စုံတစ်​ရာ ထွက်​မလာခဲ့... ​နေနိုင်​လိုက်​တာ ​မောင်​...

တကယ်​တမ်း သူ့​ဘေးနားမှာ ဂရုတစိုက်​ ​စောင့်​​ရှောက်​​ပေး​နေခဲ့တာ Woohyunပင်​... ​မောင်က​တော့ သူနှင့်​ ခပ်​ခွာခွာပင်​​နေခဲ့သည်​...

သူ့သူငယ်​ချင်း​တွေနဲ့ အတူ Woohyunက လို​လေ​သေးမရှိ​အောင်​ အစစ အရာရာ ကူညီ​ပေး​လေသည်​... Woohyunက ​မောင့်​ထက်​​တော့ သာလွန်​​နေတာအမှန်​ပင်​ သူ့အ​ပေါ်ထားတဲ့ အချစ်​​တွေကလည်း ​မောင့်​ ထက်​​တော့သာလွန်​​နေတာပင်​... အာ သူ​မေ့သွားတယ်​ ​မောင်​က သူ့ကိုမှ မချစ်​ဘဲ​လေ...

Love House [Zawgyi/Unicode]Where stories live. Discover now