Love House♡ 2

144 9 4
                                    

မောင့်​မှာ ချစ်​သူရှိတယ်​တဲ့...

"​မောင့်​ချစ်​သူက ဘယ်​သူလဲဟင်​..."

"Yumiတဲ့..."

"Yumi?...."

"ဟုတ်​တယ်​..."

"​မောင်​ သူမကို  သိပ်​ချစ်​တာပဲလား..."

မောင့်​ထံမှ အ​ဖြေကိုကြားရရင်​ သူနာကျင်​မှာကို သိလျက်​နဲ့ သူ​မေးမိသည်​...

"ချစ်​တာ​ပေါ့ သူမက စီပွား​ရေး​မေဂျာက Queenတစ်​​ယောက်​​လေ..."

"အင်း... ​မောင်​ ချစ်​တယ်​ဆိုထဲက ဘယ်​လိုမိန်းက​လေးမျိုးလဲဆိုတာ ငါ ခန့်​မှန်းလို့ရတယ်​.... သူမက ​မောင်​ လက်​ထပ်​မယ့်​ မိန်​က​လေးမျိုးလား..."

မောင်​​ပြောဖူးတယ်​​လေ ​မောင်​နဲ့ လက်​ထပ်​မယ့်​သူဟာ ​မောင့်​ကို နားလည်​မှု​ပေးနိုင်​ရမယ်​ မချုပ်​ချယ်​ရဘူး အဲ့လိုလူမျိုးကိုပဲ ​မောင်​ကလက်​ထပ်​မှာတဲ့​လေ... သူမက​ရော အဲ့လိုမိန်းက​လေးမျိုးလား...

မောင်​ စဉ်းစား​နေသည်​.... ​မောင်​ သူ့ကို ပြုံးပြ၏... ​မောင့်​ အပြုံး​တွေကို သူ သ​ဘောကျသည်​ ချစ်​သည်​...

မောင်​ဟာ သူရဲ့ အရမ်းချစ်​မြတ်​နိုးရတဲ့​ယောက်ျားတစ်​​ယောက်​...

"​မောင်​ ငါ​​မေး​နေတယ်​​လေ... Yumiကို မင်း လက်​ထပ်​မှာလားလို့..."

"ငါ မဆုံးဖြတ်​ရ​သေးဘူး Kibum..."

"မဆုံးဖြတ်​ရ​သေးဘူး...."

"အင်း..."

သူ​ပျော်​သွားမိသည်​... ဘာပဲဖြစ်​ဖြစ်​ သူ ​မောင့်​ကို ​မျှော်​လင့်​လို့ရ​သေးသည်​​လေ...

"Kibum မင်းကို Nam Woohyunဆိုတဲ့တစ်​​ယောက်​က ဖွင့်​​ပြောထားတယ်​ဆို..."

"အင်း..."

"​ကောင်းပါတယ်​... သူက ပညာလည်းတက်​တယ်​ ရုပ်​ရည်​ကလည်း​ပြောစရာမလိုဘူး... ပြည့်​စုံတဲ့သူတစ်​​ယောက်​ပဲ​လေ... မင်း ​ရွေးချယ်​သင့်​တယ်​..."

"​မောင်​..."

"​ပြော..."

"​မောင်​ ငါ​ပြောပြီးပြီပဲ... ငါက ​ယောက်ျားတိုင်းကို ချစ်​တာမဟုတ်​ဘူး မင်းဆိုတဲ့ ​ယောက်ျားတစ်​​ယောက်​ကိုပဲ ချစ်​တာ..."

Love House [Zawgyi/Unicode]Tempat cerita menjadi hidup. Temukan sekarang