Love House♡ 5

119 12 6
                                    

သူတို့သူငယ်​ချင်း​တွေ ​ကျောင်းဝန်းထဲက ခုံတန်းတစ်​ခုမှာထိုင်​​ပြီး စကား​ပြော​နေကြတုန်း ​သူ့နာမည်​ကို ​ခေါ်လိုက်​သံနဲ့ အတူ အနား​ရောက်​လာတဲ့ ​ခြေသံတစ်​ခု... သူ ​မော့ကြည့်​လိုက်​​တော့ ​မောင့်​ရဲ့ ချစ်​သူ Yumi...

"ဒီမှာ Kibum shi..."

သူမ အသံကမာလွန်း​နေပြီး... ​ဒေါသ​တွေပါဝင်​​သော အကြည့်​​တွေနှင့်​ သူ့ကိုကြည့်​​နေ​လေသည်​....

"ဟုတ်​ကဲ့​ ​ပြောပါ Yumi..."

"ဖြစ်​နိုင်​ရင်​ ရှင်​နဲ့နှစ်​​ယောက်​တည်း​ပြောချင်​တယ်​..."

သူ့ သူငယ်​ချင်း​တွေကို ​ဝေ့ကြည့်​ပြီး​ပြော​နေ​​သော Yumi​ကြောင့်​... သူ သူငယ်​ချင်း​တွေကို ကြည့်​ကာ ထွက်​သွား​ပေးဖို့​တောင်းဆိုမိသည်​...

"မင်းတို့ ခဏ​ရှောင်​​ပေးကြပါ..."

ဒါ​တောင်​ သူငယ်​ချင်း​တွေက အင်​တင်​တင်​နဲ့ သွားချင်​ပုံမရ... သူ ထပ်​ပြီးကြည့်​လိုက်​​တော့မှ မသွားချင်​သွားချင်​နဲ့ ထွက်​သွား​ပေးကြသည်​....

"​ပြောစရာရှိတာ​ပြောပါ Yumin..."

ဒေါသ​တွေနဲ့ သူမကို သူ ​အေး​ဆေးစွာပဲ တုန့်​ပြန်​လိုက်​သည်​.... တစ်​ဖက်​လူဟာ မိန်​က​လေးတစ်​​ယောက်​ဖြစ်​​နေတာ​ကြောင်​ သူ ပိုပြီးသတိထားရမည်​​လေ...

"နင်​နဲ့ Oppaက လူကြီး​တွေ အတင်းကြီး​ပေးစားလို့ လက်​ထပ်​ကြရ​တော့မယ်​ဆို..."

"ဟုတ်​တယ်​​​လေ Yumi shi..."

"နင် ​​နောက်​ဆုတ်​​ပေးရမယ်​ Kibum..."

"ဟင်​..."

"နင်​ ဘာဖြစ်​လို့် ငါ့ချစ်​သူကိုလုတာလဲ..."

"ငါ လုတာမှ မဟုတ်​တာ.... ​မောင့်​ရဲ့တောင်းဆိုမှု​ကြောင့်​ပါ..."

"​အဟက်​! ​မောင်​ ဟုတ်​လား... အရှက်​မရှိလိုက်​တာ.... ​ယောက်ျား​လေးတစ်​​ယောက်​က အခြား​ယောက်ျားတစ်​​ယောက်​ကို ​မောင်​တဲ့လား... နင်​ မရှက်​ဘူးလား... ပြီး​တော့ Oppaက နင့်​ကို ဘယ်​​တော့မှ လက်​ထပ်​ဖို့​တောင်းဆိုမှာ မဟုတ်​ဘူး... နင်​ရူး​နေလား..."

Love House [Zawgyi/Unicode]Where stories live. Discover now