မောင်က သူနဲ့လက်ထပ်မယ်ဟု မာမီပြောလာတော့ သူအရမ်းအံ့သြတုန်လှုပ်မိသည်...
'မောင်'
မောင့်နာမည်က Minho... Choi Minho... မောင်ဆိုတာက သူတစ်ဦးတည်ကပဲ ခေါ်တဲ့ မောင့်ရဲ့နာမ်စား... အစကတော့ မောင်က မကြိုက်ပေမယ့် နောက်ကြာလာတော့ ဘာမှမပြောတော့ပေ... အဓိက,က ပြောမရလို့ မပြောတော့တာဆိုရင် ပိုမှန်လိမ့်မယ်....
မောင်က သူနဲ့ ငယ်သူငယ်ချင်းတွေလေ... ဒါပေမယ့် မသင့်မြတ်ကျ... အိမ်နီးနားချင်းတွေလည်းဖြစ် ငယ်သူငယ်ချင်းတွေလည်းဖြစ်ပေမယ့် မောင်နဲ့သူက ရန်ဘက်တွေလိုဖြစ်နေကြသည်... အဲ့ဒါကလည်း မောင့်ဘက်ကပါ...
"မောင်... ငါကလွဲပြီး ဘယ်သူမှမခင်နဲ့ သိလား..."
သူ တစ်ယောက်တည်း မောင့်ကို ပိုင်ဆိုင်လိုစိတ်ဖြင့် မောင့်ကို သူတောင်းဆိုဖူးသည်...
"မင်း ဟာလေ သိပ်အတ္တကြီးတာပဲ Kibum... ငါစိတ်နဲ့ငါပဲ... ငါ ခင်ချင်တဲ့သူနဲ့ ငါခင်မယ်... ငါ့ကို လာမချုပ်ချယ်နဲ့ ငါမကြိုက်ဘူး...."
ဟုတ်ပါတယ် သူဟာ မောင်နဲ့ ပါတ်သတ်ရင် အတ္တကြီးတယ် မောင့်ကို သူကလွဲပြီးတခြားသူနဲ့ မခင်စေချင်... မောင်ကအဲ့လို့မဟုတ် လွတ်လပ်မှုကို သဘောကျတယ် မောင့်ကို ချုပ်ချယ်တာမျိုးကို မောင်မကြိုက်....
မောင်က မိတ်ဆွေ အပေါင်းသင်းများလွန်းတဲ့သူ... ဖော်ရွေလွန်းတဲ့မောင့်မှာ အများဆုံးက မိန်းကလေးသူငယ်ချင်းတွေဖြစ်သည်...
ငယ်စဉ်ထဲကပင် မောင့်ကို သူ သံယောဇဉ်ကြီးမားစွာ ခင်တွယ်မိသည်... မောင်ကတော့ သူ့ကို အမြဲ ဥပေက္ခာပြုနေသူတစ်ယောက်ဖြစ်သည်...
လူကြီးတွေကတော့ မောင်နဲ့ သူ့ကို ရင်းနှီးစေချင်လို့ ငယ်စဉ်ထဲက ကျောင်းကို အတူသွားစေသည်...
မောင် မငြင်းခဲ့ပေမယ့်... ကျောင်းရောက်တာနဲ့ မောင်နဲ့သူဟာ မသိတဲ့သူတွေသာ...
VOCÊ ESTÁ LENDO
Love House [Zawgyi/Unicode]
Romance#minkey "ယောက်ျားလေးတိုင်းကို ငါ ချစ်တာမဟုတ်ဘူးနော်... Choi Minhoဆိုတဲ့ မင်းကိုပဲ ငါ ချစ်တာပါ မောင်..." "ကျွန်တော့် အချစ်တွေအားလုံးက မောင့်တစ်ယောက်တည်း အတွက်ပဲ..." #Kibum "မင်းကို မချစ်လို့ လက်ထပ်ဖို့ ရည်ရွယ်တာလေ...