Love House♡ 3

141 9 0
                                    

"Kibum...."

"ဟင်​..."

"ငါနဲ့ Yumiတွဲ​နေတာမြင်​​တော့ မင်း ရင်​ထဲမှာ ဘယ်​လိုခံစားရလဲ..."

အဲ့လို​မေးတဲ့ ​မောင့်​ကို သူ ဆတ်​ခနဲကြည့်​မိသည်​... ​မောင့်​ မျက်​နှာမှာ​ရော မျက်​ဝန်း​တွေမှာပါ တင်းမှာမှုလုံးဝမရှိ...

"​ဖြေ​လေ...."

"​မောင်​က ဘာသ​ဘောနဲ့​မေးတာလဲ... ငါ ခံစားရတာ​ပေါ့ ​မောင်​... ဒါ​ပေမယ့်​ ​မောင်​ ​ပျော်​​နေတယ်​မလား... ငါက ​မောင့်​ကို အမြဲ​ပျော်​ရွှင်​​နေ​စေချင်​တယ်​..."

"အဟက်​..."

မောင်​က သူ့ အ​ဖြေကို သ​ဘောကျစွာ ရယ်​​မော​နေ​လေသည်​.... တကယ်​ထူးဆန်းတယ်​... ​သူ အ​ရှေ့မှာ ​မောင်​ ​ရယ်​​မောတယ်​ဆိုတာမျိုးက ရှိမှမရှိခဲ့တာပဲ...

အမြဲတမ်း အထင်​​သေး ရန်​လိုတဲ့ အကြည့်​​တွေနဲ့ပဲ ​မောင်​ကြည့်​တက်​တာ​လေ... ကြည့်​ရတာ ​မောင်​ Yumiနဲ့ လက်​ထပ်​​တော့မယ်​ထင်​တယ်​....

"​မောင်​ Yumiကို လက်ထ​ပ်​ဖို့ ​ရွေးချယ်​လိုက်​ပြီလား..."

"ဘာဆိုင်​လို့လဲ..."

"​မောင်​ အူမြူး​နေလို့​လေ..."

"​ငာ့ဘဝမှာ အဲ့လို​ပဲ ​ကောင်​မ​လေးမျိုး​တွေ အများကြီးရှိတာပဲ​လေ..."

"​မောင်​ Yumiတစ်​​ယောက်​ပဲကို ရည်းစားထားတာ မဟုတ်​ဘူးလား..."

"မဟုတ်​ဘူး Yumiက​တော့ အတွဲအများဆုံး​ပေါ့..."

မောင်​က မိန်းက​လေး​တွေနဲ့ ​တော်​​တော်​အတွဲများသည်​... ​ကောင်​မ​လေး​တွေကလည်း ​မောင့်​ကို သ​ဘောကျကြသည်​​လေ...

"​ငာ လက်​ထပ်​မယ့်​သူက ​ငါ့အ​ပေါ်
အရမ်းနားလည်​ပြီး ခွင့်​လွှတ်​တတ်​တဲ့ သူကိုပဲ ​ငာကရွေးချယ်​မှာ..."

သူ့ ရင်​ခုန်​သံ​တွေ နည်းနည်း​တော့ မြန်​သွားရသည်​... ​မောင့်​ အ​ပေါ် နားလည်​ပြီး ခွင့်​လွှတ်​​ပေးနိုင်​တဲ့သူက သူတစ်​​ယောက်​ပဲရှိတယ်​ဟုထင်​မိသည်​....

"​ငာက လွတ်​လပ်​မှုကို လိုလားတယ်​.... အချုပ်​အချယ်​မခံချင်​ဘူး... ဘဝတစ်​​လျှောက်​လုံး အ​ပျော်​​တွေနဲ့ပဲ ​လျှောက်​လှမ်းချင်​တာ..."

Love House [Zawgyi/Unicode]Tempat cerita menjadi hidup. Temukan sekarang