ဟန် Unlimited ကို ပြန်တင်ဖို့ အချိန်တွေသိပ်ကြာသွားခဲ့တာ တောင်းပန်ပါတယ်နော်။ အရင်က Zaw Gyi နဲ့ရေးခဲ့တဲ့ pdf file ပဲ ကျန်ခဲ့ပြီးတော့ ဖုန်း note ထဲကဟာတွေလည်းပျက်။ Wattpad ထဲမှာလည်း ၃ပိုင်းလောက် မှားဖျက်ထားမိလို့ တိုင်တွေပတ်နေခဲ့တာပါ။ အရင်နှစ်တွေတုန်းကတော့ စာပြင်ဖို့ စိတ်မပါခဲ့လို့ မပြင်ခဲ့တာ၊ စိတ်ပါလာတော့လည်း စာတွေပျောက်နေတာကိုပြန်ရှာဖို့ လူကမအားတာတွေရော အပြင်ကအခက်အခဲတွေရောနဲ့ အခုမှပဲ Altair လေးကို သတိရလွန်းလို့ တစိုက်မတ်မတ် သေချာပြန်ရှာဖြစ်ပြီး ပြန်ရေးဖြစ် ပြန်တင်ဖြစ်ပါတော့တယ်။ အခုတင်မယ့်ဟာတွေက လွန်ခဲ့တဲ့ လေးငါးနှစ်ကရေးထားတဲ့လက်ရေးနဲ့ သိပ်မတူတော့ပါဘူး။ pdf file ကနေကြည့်ပြီး အကုန် အချောသတ်အသစ်ပြန်ရိုက်တင်တာတွေပါ။ အခုထိ စောင့်ပေးခဲ့ကြတဲ့သူငယ်ချင်းတို့ကို အားနာပြီး ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ Taeyeon နဲ့ Tiffany ရဲ့ Unlimited လေးကို ပြန်ဖတ်လို့ရပါပြီ။
....
"Morning Taeyeon"
"Morning Stephi"
"မနက်စာ?"
Stephi က စားပွဲပေါ်ရှိ စုံလင်နေသော မုန့်များကိုကြည့်၍ မယုံနိုင်သလိုမေးလာသည်။ TaeYeon ခေါင်းညိတ်ပြလိုက်သည်။
"ငါဒါအတွက် နှစ်နာရီလောက်အချိန်ပေးထားရတယ်"
"Ok! ကောင်းကောင်းစားပါ့မယ်။ ဒီည ဆေးရုံက dinner ပွဲအတွက် ပြင်ထားနော်။ အလုပ်ကအပြန် ငါဝင်ခေါ်မယ်"
Taeyeon လက်များ တုံ့ခနဲ ရပ်မိသွားသည်။ ပြီးနောက်မှ Stephi ရိပ်မိမည်စိုး၍ coffee ကို ခွက်ထဲသို့ ဆက်ငှဲ့လိုက်ရသည်။
"ငါမလိုက်ချင်ဘူး Stephi"
"အင်း ငါလည်း မခေါ်ချင်ပါဘူး။ ဝတ္တရားရှိတာရယ် အတူတူသွားမှ ဖြစ်မှာရယ်ကြောင့်"
"........."
"ပွဲအတွက် နင်ဝတ်စုံရွေးလို့ရအောင် ငါ့အသိ ဒီဇိုင်နာတစ်ယောက်က နေ့လည်ကျလာခေါ်လိမ့်မယ်။ သူနဲ့လိုက်သွားပြီး ရွေးလိုက် ဟုတ်ပြီလား။ ငါသွားတော့မယ်.. ကောင်းကောင်းစားခဲ့ရပါတယ်"
တစ်ရှူးစကို ဘူးထဲမှဆွဲထုတ်ကာ သူ့နှုတ်ခမ်းများပေါ် အသာအယာ ပွတ်ပြီး Stephi က အိမ်ရှေ့ကိုဦးတည်သည်။
YOU ARE READING
Unlimited
Fanfictionကြယ်စုံတဲ့ညတွေဟာ သိပ်ကိုလှပတာ Stephi နင်ပြောသလို ငါ့လောက်တော့ မဟုတ်ပေမယ့်ပေါ့ ⚡