"Oppa စကားပြောစရာရှိတယ်ဆို။ အခုကျွန်မတို့ထိုင်နေတာ နာရီဝက်ရှိနေပြီနော်"
Coffee ဝယ်ခဲ့သည့်ဆိုင်ကို ပြန်သွားပြီး Oppaနှင့်အတူထိုင်နေသော်လည်း သိစိတ်ရော မသိစိတ်များကပါ Long Coat မပါသွားသည့် Stephi ဆီသို့ရောက်နေသည်။ ယခု သူမအရှေ့တွင်ထိုင်နေသည့် ထိုယောက်ျားမှာ တစ်ချိန်ကချစ်ခဲ့ရသူ၊ ယခုထိလည်း ပြန်ပြီးလက်တွဲချင်သည့်သူ ဖြစ်သော်လည်း အခြေအနေများအရ လိုအင်ဆန္ဒများကို ထိန်းချုပ်ထားရမည်မဟုတ်ပါလား။
"ကိုယ့်ဆီပြန်လာပေးနိုင်မလား Taeyeon ကိုယ်တို့နှစ်ယောက်မချစ်ကြတော့လို့ လမ်းခွဲခဲ့ကြတာမှမဟုတ်ဘဲ။ ကိုယ်မင်းကို အခုထိ.. မျှော်လင့်နေတုန်းပဲ"
အတော်ကြာတိတ်ဆိတ်နေသည့်သူ့ဘက်မှ စတင်ပြောလာသည့်စကား။ Coffee ခွက်ကို ဆုပ်ကိုင်ထားသည့်လက်များ မသိမသာ တင်းကျပ်သွားရသည်။ အပြင်တွင် နှင်းများကျနေသော်လည်း သူမရင်ထဲတော့ မအေးနိုင်။ မိမိချစ်ရသူနှင့် အတူသွားအတူလာ ရှိချင်မိတာ သူမအလွန်တော့မဟုတ်ဘူးမလား။ အပြင်မှာ နှင်းများပိုသည်းလာသည်။ ရင်ထဲရှိ အစိုင်အခဲများလည်း ကြီးသထက်ကြီးလာသည်။
"မိတ်ဆွေတွေလို ရှိနေပေးလို့ရတယ်။ အဲ့ဒါ ကျွန်မတတ်နိုင်တာအကုန်ပဲ ပြီးတော့ အဲ့လိုရှိဖို့ကိုလည်း လိုလားတယ်။ ကျွန်မတို့ စည်းတစ်ခုတော့ ထားသင့်ကြတယ်မလား.. Stephi ကို ကျွန်မ မချစ်ပေမဲ့ သူ့ကိုဖောက်ပြန်ဖို့အထိတော့ မမုန်းဘူးလေ"
Oppa က အတော်ကြာသည်အထိ တိတ်ဆိတ်သွားသည်။ အင်းပေါ့လေ.. သူလည်း ဆုံးဖြတ်ချက်တွေချရမှာပဲပေါ့။
"ရပါတယ် Taeyeon မင်းဆန္ဒရှိတဲ့အတိုင်းပဲ နေကြတာပေါ့။ ဒါဆို ပြန်ကြမယ်လေ ကိုယ်ဆေးရုံအရှေ့ထိ လိုက်ပို့ပေးမယ်"
ပြောလည်းပြောရင်း Oppa က ထိုင်ခုံမှထသည်။
"ရတယ် ရတယ် မပို့ပါနဲ့။ ကျွန်မ Stephi အတွက် ကော်ဖီထပ်ဝယ်လိုက်ဦးမယ် စောစောကဟာတွေက အေးသွားပြီ"
Taeyeon ပြောတော့ သူက မထင်မရှားအပြုံးဖြင့်သာ ခေါင်းညိတ်ပြသည်။ သူမ ကော်ဖီဝယ်ပြီးသည်အထိ သူစောင့်ပေးပါသည်။ ထို့နောက် ဆိုင်အပြင်သို့ထွက်ကာ ကိုယ့်လမ်းကိုယ်သွားဖို့ သူမ ပြင်သည်။
ВЫ ЧИТАЕТЕ
Unlimited
Фанфикကြယ်စုံတဲ့ညတွေဟာ သိပ်ကိုလှပတာ Stephi နင်ပြောသလို ငါ့လောက်တော့ မဟုတ်ပေမယ့်ပေါ့ ⚡