5

5.5K 584 72
                                    

အခုမှ ဖတ်မယ့်သူတွေအတွက်တော့ ပြဿနာမရှိပေမဲ့ ၂၀၁၈ တည်းက ဒီ fic ကို ongoing လိုက်ပြီး သိခဲ့သူတွေကို အသိပေးချင်တာရှိပါတယ်။ ဟန် Unlimited ကို စာမူအချောသတ်ရင်း စျာန်တွေအဝင်လွန်ပြီး plot စိပ်စိပ်လေးတွေ အပြောင်းအလဲလုပ်ထားပါတယ်။ နဂို plot ကနေ လုံးဝကြီးခွဲထွက်သွားမှာတော့မဟုတ်ပါဘူး။ မူရင်း plotနဲ့ကိုမှ ပိုကောင်းပြီးတော့ ပိုပြီးသက်ဝင်စေနိုင်မယ့် version မျိုးကို ကြိုးစားကြည့်ချင်လို့ အဲ့လိုလုပ်ဖြစ်သွားပါတယ်။ အစကတော့ နဂိုစာတွေကိုပဲ လိုတိုး ပိုလျှော့လေးလုပ်ပြီး စာထောက်နေတာတွေနည်းနည်းပြင်ရုံလောက်သာလုပ်ဖို့အစီအစဉ်ပါ (အပိုင်း ၁ကို အဲ့လိုပဲလုပ်ပြီးတင်ပေးလိုက်တာပါ သိပ်သိသာပါတယ်)  ၂၀၁၈တုန်းက လက်ရေးတွေကို အခုပြန်ဖတ်ကြည့်တာ တကယ် ကြောင်အီးတုံးလက်ရေးလေးတွေဖြစ်နေတာ 🥹 အဲ့တုန်းက ခံစားချက်လေးတွေကတော့ သိပ်ကောင်းခဲ့ပေမဲ့လည်း လိုအပ်ချက်တွေတစ်ပုံကြီးကို အခုအသက်အရွယ်မှာပြန်တွေ့လာတာမို့လို့ ဟန့်ဘက်ကနေ ကြိုးစားပြီး ထပ်ဖော်ပြထားတဲ့ သူတို့နှစ်ယောက်ရဲ့ခံစားချက်တွေကို အတူလိုက်ပြီး သက်ဝင်နိုင်မယ်လို့မျှော်လင့်ပါတယ်။ ပိုလှတဲ့လက်ရေးလေးနဲ့ စာအုပ်ထပ်ချင်လို့ အခုလိုပြင်တာကိုတော့ သိထားပေးပါနော်။ တကယ်ကို အရင်အချိန်လေးတွေပြန်လွမ်းမိပါတယ်။ ဘာလိုလိုနဲ့ စာတွေရေးလာခဲ့တာ ၆နှစ်ထဲဝင်လာခဲ့ပါပြီ။ ပိုလှတဲ့လက်ရေးတွေနဲ့ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထပ်နိုင်အောင် ကြိုးစားပါမယ်။

...

ယနေ့မနက်ခင်းတွင်လည်း အရင်ရက်တွေကအတိုင်း Taeyeon စောစောထသည်။ ထို့နောက် ရေချိုးခန်းထဲတွင် Stephi အတွက် သွားတိုက်ဆေးအဆင်သင့်ထည့်ထားသော သွားတိုက်တံကို တင်ထားပေးသည်။ သူမ မျက်နှာသစ်ပြီးသည့်နောက် မီးဖိုချောင်သို့ဝင်ကာ မနက်စာပြင်သည်။ အတူတူ နောက်ဆုံးစားဖြစ်မည်ဖြစ်သော မနက်စာအတွက် သူမ Stephi ရော သူမရော ကြိုက်သည့် အသားညှပ်ပေါင်မုန့်ကင်နှင့် ကော်ဖီတစ်ခွက်စီ စီစဉ်သည်။

"နိုးပြီလား မျက်နှာသစ်ပြီးရင် မနက်စာစားရအောင်"

မျက်လုံးများ မို့နေသည့် Stephi က အိပ်ရာနိုးကာစဖြစ်သော်လည်း အိပ်ရေးဝနေသည့်ပုံမပေါ်။ အနည်းငယ် နုံးနေပုံပေါ်သည့်သူက သူ့မျက်ရိုးနှစ်ခုကို လက်ချောင်းနှစ်ခုဖြင့် ဖိကာ ခေါင်းကိုငုံ့ထားသည်။

Unlimited Donde viven las historias. Descúbrelo ahora